ကွန်မင့်ကနေ တယောက်က ပြင်ပေးတယ်။ ကျေးဇူး။ ကျွန်တော်က ဆောရီး တလုံးတည်းကိုသာ အားရုံစိုက်ခဲ့မိပါတယ်။
- အံ့ဩပ(ဘမဟုတ်)
- ခေတ်(ခေါတ်မဟုတ်)
၂။ အဲ့ဒီစာအုပ်ထဲမှာ "ဆောရီး"ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုရှာပေးပါဦး စာရေးသူခင်ဗျ
ကျွန်တော်ကတော့ ဆောရီး စာလုံး တနေ့မှာ ၁၀ ခါလောက် ရေးပါသည်။
ကျွန်တော်က စကားပြောသလို စာရေးနည်းကို သဘောကျတယ်။ သတ်ပုံစာရင်းထဲမှာတော့ မှန်တဲ့ကျမ်းထဲပါတာတွေကို အက္ခရာစဉ်အလိုက် တင်ပြတယ်။
ဒေါက်တာစာလုံးလည်း သတ်ပုံစာအုပ်တွေမှာ မပါ။
- ကွန်မင့် စာလုံး မပါ။
- ကီးဘုတ် မပါ။
- ဘလော့ စာလုံး မပါ။
- မက်ဆေ့ချ် စာလုံး မပါ။
- အင်တာနက် စာလုံး စာလုံး မပါ။
ကျွန်တော်ကတော့မရေး၊ လူတကာရေးနေကြတဲ့
- ကင်ကင် မပါ။
- ကျယ်မ မပါ။
- ကွီး မပါ။
- ကာကာ မပါ။
- ကိုဒွေ မပါ။
- ခွက်ဒစ် မပါ။
- စတော် မပါ။
- စပိကောက် မပါ။
- ညလေး မပါ။
- တီချယ် မပါ။
- မင် မင် မပါ။
- မွင်းဂါး မပါ။
- မိုတီ မပါ။
ကွန်မင့်ကနေ -
- Thanks
- HBD
- God bless you
- RIP စတဲ့ အင်္ဂလိပ်စာလုံးလေးတွေလည်း လိုအပ်ရင် ရေးရပါတယ်။ အထူးသဖြင့် ဖုန်းကနေ ကွန်မင့်ရေးတိုင်း သုံးရတယ်။ ကျွန်တော့ဖုန်းက ဇော်ဂျီဖောင့် ကိုအခြေခံထားတော့ မြန်မာလိုစာလုံးတချို့ရိုက်ရတာ အဆင်မပြေပါ။ သဝေထိုး၊ သေးသေးတင် စတာတွေ အတော်ဂွကျတယ်။ Thanks ရိုက်တိုင်းလည်း Thanksgiving စာလုံး ပေါ်လာလို့ ပြင်ရသေးတယ်။
ဆိုရှယ်မီဒီယာမှာ ဘွဲ့ယူစာတမ်းရေးသလို ရေးလို့ မဖြစ်ပါ။
ဝမ်းနည်းပါ၏၊ ဝမ်းနည်းပက်လက်ဖြစ်ရပါ၏၊ တောင်းပန်ခယပါ၏ လို့ မရေးဖြစ်ပါ။
ဆောရီးအတွက် ဆောရီးပါခင်ဗျား။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment