Skip to main content

ပြား မူး မတ် ပဲ ကျပ်


ဆရာခင်‌ဗျား အရင်ခေတ်က ငွေအသုံးယူနစ်တွေဖြစ်တဲ့ မူး မတ် ပဲ ရွေး စတာ‌‌တွေရဲ့ ဆက်စပ်ပုံကို သိလိုပါတယ်ခင်ဗျာ။

ရွှေအလေးချိန်၊ လက်သမားသုံးနဲ့ ပိုက်ဆံအသုံးတွေ မတူကြပါ။

(၁)

ရွှေတွက်နည်းအကြောင်း သိကောင်းစရာ

မြန်မာနိုင်ငံမှာဆိုလျှင် ရွှေကို ကျပ်၊ ပဲ၊ ရွေး နဲ့တွက်ကြသည်။

ကျပ်၊ ပဲ၊ ရွေး ဆက်သွယ်ချက်

၁ကျပ် = ၁၆ပဲ

၁ပဲ = ၈ရွေး

၁ကျပ် = ၁၂၈ရွေး

၁ကျပ် = ၁၆.၆ဂရမ်

ပိုင်းခြေမှာ ၁၆ ရှိရင် => ပဲ

ပိုင်းခြေမှာ ၈ ရှိရင် => မူး

ပိုင်းခြေမှာ ၄ ရှိရင် => မတ်

(၂)

ကျပ် ပဲ ပိုင် ယူနစ်များ 

၃ ပိုင် ၁ပြား

၄ ပြား ၁ပဲ

၂ပဲ ၁မူး(၈ပြား)

၂မူး ၁မတ်(၄ပဲ ၁၆ပြား)

၄မူးကို ၅မူးတင်းဟု ခေါ်သည်။

၅မူးကို ၆မူးတင်းဟု ခေါ်သည်။

၇မူးကို ၈မူးတင်းဟု ခေါ်သည်။

(တင်းဆိုသည်မှာ တခုလျော့ ဖြစ်သည်။)

ယခင်က ၁ ကျပ်(၁ ရူပီး)တွင် ၆၄ပြားရှိခဲ့သည်။

၆၄ ပြား = ၁ ကျပ် = ၁၆ ပဲ = ၈ မူး = ၄ မတ် 

၈လီစနစ် ဖြစ်၍ ခွဲဝေရ ခက်ခဲသည်။ ထိုစနစ်ကို ငွေကြေးတိုင်းတာမှုတွင်သာမဟုတ်ပဲ အလေးချိန်တွင် သုံးကြသေးသည်။

ဥပမာ။ ။ ၁ကျပ်သား ၅မူးသား ၁မတ်သား

၂ပဲသား

ထုအထူ တိုင်းရာတွင်လည်း သုံးကြသည်။

ဥပမာ။ ။ ၅မူးထု ၃မတ်ထု စသည်ဖြင့် လုံးပတ်တိုင်းတာရာ၌လည်း သုံးကြသည်။

အရှည်တိုင်း

၅"× ၅မူး ၆ × ၅မူး

၈ပုံ ပုံလျင် မူး

၄ပုံ ပုံလျှင် မတ်

၁၆ ပုံ ပုံလျှင် ပဲ

နာရီတွင် ၆၀မိနစ် ကို ၄ ပုံ ပုံလျှင် ၁၅မိနစ်(၁မတ်ပုံ)

ထိုကြောင့် ၉ နာရီထိုးရန် ၁၅မိနစ် လိုသည်ကို ၉နာရီမတ်တင်း စသဖြင့်လည်း သုံးကြသေးသည်။

(၃)

ခေတ်လူတွေ အများစုက သိနိုင်သော ပိုက်ဆံအသုံး

၂၅ ပြား = ၁ မတ်

၄ မတ် = ၁ ကျပ်

၁ မူး = ၁၀ ပြား 

၅ မူး = ပြား ၅၀ = ၂ မတ်

၁ မတ် = ၂၅ ပြား 

၂ မတ် = ပြား ၅၀

၃ မတ် = ၇၅ ပြား

၄ မတ် = ၁ ကျပ် = ပြား ၁၀၀ 

ပြားကို ၁၉၅၂တွင်စတင် အသုံးပြုခဲ့သည်။

၁ မတ်= ၂၅ပြား

၁ မူး= ၁၂.၅ပြား

၁ ပဲ= ၄ပြား။ 

ထိုခေတ်သည်လည်း ငွေကြေးတန်ဖိုးအတော်အသင့် တန်ဖိုးရှိသော ခေတ်ပေတည်း။

ရွှေ ၁ကျပ်သား = ၂၀၀ကျပ်

အခြေခံလစာ = ၈၂ကျပ် ၁၅ပြား

ဆန်တပြီ = ၆၅/၈၀ ပြား

ဆီတပိဿာ = ၅ကျပ်

သား/ငါးတပိဿာ= ၃/၅ ကျပ်

ကြက်/ဘဲဥ တလုံး ၁၅ပြား

ခေါက်ဆွဲကြော်တပွဲ ၅၀ပြား/၇၅ပြား

လဖက်ရည်တခွက် ၂၅ပြား

နံပြားအီကြာကွေးတခု ၁၀ပြား

အကြော်စုံတခု ၂၅ပြား

အင်္ဂလန်ရီလေးစက်ဘီး ၁၀၀ကျပ်

၅၀၀/၆၀၀ကျပ်ဖြင့် ဂျစ်ကားဝယ်စီးနိုင်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ