ဆရာခင်ဗျား အရင်ခေတ်က ငွေအသုံးယူနစ်တွေဖြစ်တဲ့ မူး မတ် ပဲ ရွေး စတာတွေရဲ့ ဆက်စပ်ပုံကို သိလိုပါတယ်ခင်ဗျာ။
ရွှေအလေးချိန်၊ လက်သမားသုံးနဲ့ ပိုက်ဆံအသုံးတွေ မတူကြပါ။
(၁)
ရွှေတွက်နည်းအကြောင်း သိကောင်းစရာ
မြန်မာနိုင်ငံမှာဆိုလျှင် ရွှေကို ကျပ်၊ ပဲ၊ ရွေး နဲ့တွက်ကြသည်။
ကျပ်၊ ပဲ၊ ရွေး ဆက်သွယ်ချက်
၁ကျပ် = ၁၆ပဲ
၁ပဲ = ၈ရွေး
၁ကျပ် = ၁၂၈ရွေး
၁ကျပ် = ၁၆.၆ဂရမ်
ပိုင်းခြေမှာ ၁၆ ရှိရင် => ပဲ
ပိုင်းခြေမှာ ၈ ရှိရင် => မူး
ပိုင်းခြေမှာ ၄ ရှိရင် => မတ်
(၂)
ကျပ် ပဲ ပိုင် ယူနစ်များ
၃ ပိုင် ၁ပြား
၄ ပြား ၁ပဲ
၂ပဲ ၁မူး(၈ပြား)
၂မူး ၁မတ်(၄ပဲ ၁၆ပြား)
၄မူးကို ၅မူးတင်းဟု ခေါ်သည်။
၅မူးကို ၆မူးတင်းဟု ခေါ်သည်။
၇မူးကို ၈မူးတင်းဟု ခေါ်သည်။
(တင်းဆိုသည်မှာ တခုလျော့ ဖြစ်သည်။)
ယခင်က ၁ ကျပ်(၁ ရူပီး)တွင် ၆၄ပြားရှိခဲ့သည်။
၆၄ ပြား = ၁ ကျပ် = ၁၆ ပဲ = ၈ မူး = ၄ မတ်
၈လီစနစ် ဖြစ်၍ ခွဲဝေရ ခက်ခဲသည်။ ထိုစနစ်ကို ငွေကြေးတိုင်းတာမှုတွင်သာမဟုတ်ပဲ အလေးချိန်တွင် သုံးကြသေးသည်။
ဥပမာ။ ။ ၁ကျပ်သား ၅မူးသား ၁မတ်သား
၂ပဲသား
ထုအထူ တိုင်းရာတွင်လည်း သုံးကြသည်။
ဥပမာ။ ။ ၅မူးထု ၃မတ်ထု စသည်ဖြင့် လုံးပတ်တိုင်းတာရာ၌လည်း သုံးကြသည်။
အရှည်တိုင်း
၅"× ၅မူး ၆ × ၅မူး
၈ပုံ ပုံလျင် မူး
၄ပုံ ပုံလျှင် မတ်
၁၆ ပုံ ပုံလျှင် ပဲ
နာရီတွင် ၆၀မိနစ် ကို ၄ ပုံ ပုံလျှင် ၁၅မိနစ်(၁မတ်ပုံ)
ထိုကြောင့် ၉ နာရီထိုးရန် ၁၅မိနစ် လိုသည်ကို ၉နာရီမတ်တင်း စသဖြင့်လည်း သုံးကြသေးသည်။
(၃)
ခေတ်လူတွေ အများစုက သိနိုင်သော ပိုက်ဆံအသုံး
၂၅ ပြား = ၁ မတ်
၄ မတ် = ၁ ကျပ်
၁ မူး = ၁၀ ပြား
၅ မူး = ပြား ၅၀ = ၂ မတ်
၁ မတ် = ၂၅ ပြား
၂ မတ် = ပြား ၅၀
၃ မတ် = ၇၅ ပြား
၄ မတ် = ၁ ကျပ် = ပြား ၁၀၀
ပြားကို ၁၉၅၂တွင်စတင် အသုံးပြုခဲ့သည်။
၁ မတ်= ၂၅ပြား
၁ မူး= ၁၂.၅ပြား
၁ ပဲ= ၄ပြား။
ထိုခေတ်သည်လည်း ငွေကြေးတန်ဖိုးအတော်အသင့် တန်ဖိုးရှိသော ခေတ်ပေတည်း။
ရွှေ ၁ကျပ်သား = ၂၀၀ကျပ်
အခြေခံလစာ = ၈၂ကျပ် ၁၅ပြား
ဆန်တပြီ = ၆၅/၈၀ ပြား
ဆီတပိဿာ = ၅ကျပ်
သား/ငါးတပိဿာ= ၃/၅ ကျပ်
ကြက်/ဘဲဥ တလုံး ၁၅ပြား
ခေါက်ဆွဲကြော်တပွဲ ၅၀ပြား/၇၅ပြား
လဖက်ရည်တခွက် ၂၅ပြား
နံပြားအီကြာကွေးတခု ၁၀ပြား
အကြော်စုံတခု ၂၅ပြား
အင်္ဂလန်ရီလေးစက်ဘီး ၁၀၀ကျပ်
၅၀၀/၆၀၀ကျပ်ဖြင့် ဂျစ်ကားဝယ်စီးနိုင်သည်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment