The Æsop for Children
တခါတုန်းက ဝံပုလွေတကောင်ရဲ့ လည်ချောင်းထဲကို အရိုးတချောင်းဝင်သွားတာကြောင့် သူဟာ ကြိုးကြာငှက်ဆီသွားပြီး သူ့ရဲ့ရှည်လျားတဲ့ နှုတ်သီးနဲ့ အဲ့ဒီအရိုးကို ထုတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။
"မင်းအတွက် တန်အောင် ပြန်လုပ်ပေးပါ့မယ်" လို့ သူက ထပ်ပြောတယ်။ ကြိုးကြာငှက်လည်း သူတောင်းဆိုတဲ့အတိုင်း အလွယ်တကူပဲ အရိုးကို ဆွဲထုတ်ပေးခဲ့တယ်။ ဝံပုလွေဟာ ကြိုးကြာငှက်ကို ကျေးဇူးတင်စကားပြောပြီး လှည့်ထွက်သွားခါနီးမှာ ကြိုးကြာငှက်က "ကျွန်မရဲ့ အခကြေးငွေက ဘယ်လိုလဲ" လို့ အော်ပြောလိုက်တယ်။
"ဘာလဲ၊ ဘာအခကြေးငွေလဲ" လို့ ဝံပုလွေက သွားဖြဲပြီး ပြန်ပြောတယ်။ "မင်းက ဝံပုလွေပါးစပ်ထဲ ခေါင်းထိုးထည့်ပြီး အကိုက်မခံရဘဲ ပြန်ထွက်လာခဲ့ဖူးတယ်ဆိုတာကို ကြွားလုံးထုတ်လို့ရပြီလေ။ ဒါ့ထက် ဘာများလိုချင်သေးလဲ"
Aesop (ဘီစီ 620 - 564)
Aesop's Fables များစုပေါင်း၍ Aesop's Fables ဟုခေါ်သော သူ၏ဒဏ္ဍာရီများစုစည်းမှုကြောင့် လူသိများသော ဂရိစိတ်ကူးယဉ်ပုံပြင်ဆရာတဦးဖြစ်သည်။ သူသည် ရှေးဂရိနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု ယုံကြည်ရပြီး သူ၏ တည်ရှိမှု အတိအကျကို အခြေအတင် ဆွေးနွေးနေချိန်တွင် သူ့ဟု ယူဆရသည့် ပုံပြင်များစွာကို ရာစုနှစ်များတလျှောက် ကူးဆက်လာခဲ့သည်။ စကားပြောတိရိစ္ဆာန်များနှင့် လူ့သွင်ပြင်လက္ခဏာများရှိသည့် သက်မဲ့အရာဝတ္ထုများပါရှိသည့် ဤဒဏ္ဍာရီများသည် ကိုယ်ကျင့်တရားဆိုင်ရာသင်ခန်းစာများကို ပို့ချပေးကာ ယနေ့အထိ ဆက်လက်မျှဝေပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်လျက်ရှိသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment