Skip to main content

ဝေးခဲ့ပြီ လ္ဘက်ရည်ဆိုင်ရေ

မိတ်ဆွေတဦးက ပို့ပါတယ်။ စာလုံးပေါင်းမှားနေလို့ ကျွန်တော် နှစ်နာရီ ထိုင်ခဲ့လိုက်တယ် ဆရာ

ဆိုင်က ဘယ်မှာလဲ။

ရန်ကုန်က လ္ဘက်ရည်ဆိုင်ဆရာ

ဟုတ်။ လိပ်စာပါ တောင်းရဦးမယ်။

နောက်တခေါက်သာ ရန်ကုန်ရောက်ရင် အဲလိုဆိုင်မျိုးတွေမှာ မထိုင်ပါ။

ဘယ်မြို့ ဘယ်ရွာရောက်ရောက် ဆိုင်းဘုတ်ကို မှန်အောင်ရေးတဲ့ဆိုင်တွေမှာသာ ထိုင်ချင်တယ်။

မျိုချရလို့မရတဲ့အစားအသောက်တွေကို မကြိုက်။

ပန်းကန်အက်နေလို့ လက်ဖက်ရည် 'စိမ့်' နေတာလည်း မသောက်ချင်။

'ဖက်ပါ' ဆိုတဲ့ စာအုပ်တွေကိုလည်း လက်ဆောင် မရချင်။

မှားအောင်ပြင် ပြန်ထုတ်စာအုပ်မှန်သမျှကို ကောက်ကိုင်မည်မဟုတ်။

'ပွဲတတ်ဝတ်စုံ' ရောင်းတာလည်း ဝယ်မှာမဟုတ်။

မြန်မာစာကို မှန်အောင်မသင်တော့တဲ့ 'တစ်ကသိုလ်တွေ' ကို သွားလည်မည်မဟုတ်။

နေမကောင်းလို့ ဘယ်သူကမေးမေး ဆေး'တစ်'လုံး ပေးမည်မဟုတ်။

ထို့ကြောင့် ကျွန်ုပ်အား ဈေးဆိုင်တွေက 'ဗီဇာ' ပေးမည်မဟုတ်။ လ္ဘက်ရည်ဆိုင်တွေက တနာရီထိုင်ခွင့် ပေးမှာမဟုတ်။

ဒေါက်တာတင့်ဆွေ

Comments