Skip to main content

Left and Right လက်ဝဲ လက်ယာ (၁)

လက်ဝဲ လက်ယာ နိုင်င်ငံရေးအယူအဆကို မြန်မာပြည်မှာ မသိသူ မရှိသလောက်ပါ။ လက်ဝဲ၊ လက်ယာအပြင် အလယ်အလတ်ဆိုတာလည်း ရှိတယ်။ နက်နက်နည်းနည်းထိသူသူကတော့ နည်းမယ်။ မြန်မာပြည်ထက် နည်းတာက အမေရိက။

အခု သမတရွေကောက်ပွဲအဖျားတက်နေချိန်မှာ နိုင်ငံရေးစကားတွေ ၂၄ နာရီမပြတ် ဖတ်ရ ကြားရ မြင်ရတယ်။

လက်ဝဲ၊ လက်ယာ အယူအဆဟာ ၁၇၈၉ - ၁၇၉၉ ခုနှစ် ပြင်သစ်တော်လှန်ရေးအပြီး လွှတ်တော်ထဲမှာ နေရာထိုင်ပုံကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဘုရင်ကို လိုလားထောက်ခံသူတွေက လက်ယာဘက်နဲ့ အယူအဆသစ်ကိုထာက်ခံသူတွေက လက်ဝဲဘက်မှာ ထိုင်ကြပါသတဲ့။

ဆိုရှယ်လစ်အယူအဆလည်း ကနေ့အထိ တိုင်းပြည်အတော်များများမှာ ရှိတယ်။

ဂျာမဏီမှာ နာဇီပါတီကလည်း အမျိုးသား ဆိုရှယ်လစ် ဂျာမနီ အလုပ်သမားပါတီ ဖြစ်တယ်။

မြန်မာပြည်သူပြည်သားတွေကတော့ မြန်မာ့ဆိုရှယ်လစ်ဒဏ်ကို ၂၆ နှစ်ကြာခံကြရတယ်။

၁၉၄၇ - ၁၉၉၁ စစ်အေးကာလဆိုတာ လက်ဝဲနဲ့ လက်ယာအားပြိုင်ခဲ့ကြတာ။

လက်ဝဲအုပ်စုကို ဆိုဗီယက်ယူနီယံက ဦးဆောင်တယ်။ လက်ယာကို အမေရိကန်က ဦးဆောင်တယ်။

လက်ဝဲအုပ်စုထဲမှာ ယူဂိုဆလားဗီးယားနဲ့ တရုပ်ပြည်ပါတယ်။

စစ်အေးကာလွန်တော့ ပြောင်းကုန်ပြန်တယ်။

လက်ဝဲအုပ်စုခေါင်းဆောင်ကြီး ဆိုဗီယက်ယူနီယံပြိုကျပြီး ရုရှားဖြစ်လာ။ ကွန်မြူနစ်စကား သိပ်မပြောတော့။

လက်ဝဲအုပ်စု ဒုတိယခေါင်းဆောင်ကြီး တရုပ်က ကွန်မြူနစ်ပါတီဆက်ထားပေမဲ့ အမေရိကန်ထက် ပိုပြီး အရင်းရှင်ဆန်လာတယ်။

လက်ဝဲအုပ်စု တတိယခေါင်းဆောင်ကြီး ယူဂိုဆလားဗီးယား အစိတ်စိတ်အမွှာမွှာဖြစ်တယ်။

ကွန်မြူနစ်အမည်ပါတဲ့ မြောက်ကိုရီးယားက မိသားစုအာဏာရှင်။

ကွန်မြူနစ်အမည်ပါတဲ့ ဗီယက်နမ်ကလည်း လက်ဝဲအစစ်မဟုတ်တော့ပါ။

ကျူးဘား တနိုင်ငံတည်းသာ ကွန်မြူနစ်လို့ပြောစရာကျန်တော့တယ်။

ယူအက်စ်အေမှာ ကွန်မြူနစ်ဆိုရင် တရားစွဲခံရမယ်။ နိုင်ငံသားမဖြစ်နိုင်။ ဗီဇာ စိစစ်ခံရမယ်။ သူတို့က တီဘီရောဂါနဲ့ ကွန်မြူနစ်ကို HIV ထက်ကြောက်တယ်။

ကနေ့ ယူအက်စ်အေမှာ နိုင်ငံရေးနိုးကြားလာတယ်လို့ ထင်ရမလားမပြောတတ်သေးပါ။

သူတို့ဆီပါ အကြီးဆုံး နိုင်ငံရေးပါတီကြီး ၂ ခုရှိတယ်။

ရီပတ်ဘလီကန်ပါတီက ရှေးရိုးစွဲ ချမ်းသာသူဦးစားပေး အရင်းရှင်။ ကွန်ဇာဗေးတစ် တဲ့။

ဒီမိုကရက်ပါတီကို ပရိုဂရက်ဇစ် လို့ ခေါ်ကြတယ်။ ပရိုဂရက်ဇစ် ဆိုတာ ဆိုရှယ်လစ်ဆန်တယ်။ အမေရိကန်ဆိုရှယ်လစ်ဆိုတာ အလုပ်လုပ်သူများ ဦးစားပေး၊ လူလတ်တန်းစား ဦးစားပေး။ လူမျိုး-ဘာသာ၊ ကျား-မ-လိင် မခွဲခြားရေး။ ကျန်းမာရေး၊ လူမှုဖူလုံရေး ဦးစားပေး။

ရီပတ်ဘလီကန် သမတလောင်းတွေက ဒီမိုကရက်ကို စွပ်စွဲကြတယ်။

Ultraliberal အလွန်အကျွံ လစ်ဘရယ် တဲ့။

Far left လက်ဝဲစွန်း တဲ့။

မြန်မာပြည်သားတွေသိထားတာက လစ်ဘရယ် ဆိုတာက လက်ဝဲနဲ့ ပြောင်းပြန်။

မြန်မာ့ဆိုရှယ်လစ်က လုပ်သားပြည်သူလို့ပြောခဲ့တာက ကနေ့ အမေရိကမှာ အလုပ်လုပ်တဲ့လူတန်းစား။

အလုပ်သမားတွေ အလုပ်သမားသမဂ္ဂဝင်ခွင့်ရရရေး၊ လူလတ်တန်းစား အလုပ်လုပ်သူတွေကို အခွန်လျှော့ကောက်ရေး၊ အိုနာစာရန်ပုံငွေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ကျောင်းသာငယ်တွေ ကျောင်းမှာ နေ့လယ်စာ အခမဲ့ကျွေးနိုင်ရေး၊ အသက်ကြီးသူတွေနဲ့ နာမကျန်းသူတွေ လူမှုဖူလုံရေး၊ အမျိုးသမီးတိုင်း မျိုးပွားလမ်းဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေး စတာတွေကို ဒီမိုကရက်သမတလောင်းတွေက ဆော်သြနေကြတယ်။

အဲတာကို ချမ်းသာသူတွေအတွက်သာ ကွက်ကြည့်တဲ့ ရီပတ်ဘလီကန်တွေက ဒီမိုကရက်တွေကို လက်ဝဲဆန်သူတွေလို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အမေရိကန်တွေ လက်ဝဲကို ကောင်းကောင်းမသိကြပါ။

အပြောတွေကောင်းလည်း လက်တွေ့က ခက်တယ်။ ရွေးကောက်ပွဲမဲနိုင်မှ လုပ်ရမယ်။ သမတဖြစ်တော့လည်း ကွန်ဂရက်မှာ သူမသာ ကိုယ်မသာ လုပ်ရတာ ခက်တယ်။

ကျိကျိတက်ချမ်းသာသူတွေပြောတာ အဟုတ်မှတ်တဲ့ လူဦးရေက တဝက်ကျော်လောက်ရှိတယ်။

ပေါ်လစီကောင်းလည်း လက်တွေ့လုပ်မရတာ အမေရိကန်နိုင်ငံရေး။

မီဒီယာတွေကလည်း အနီတွေရော အပြာတွေပါရှိတော့ တခုခုကနေ တခွန်းလောက်သာနားထောင်ပြီး မဲပေးကြမဲ့သူကလည်း မနည်းပါ။

ချမ်းသူတွေကို မဲပေးရင် သူတို့ပါချမ်းသာမယ်ထင်ကြတဲ့ မြန်မာပြည်ကနေလာနေသူတွေကလည်း များတယ်။ ရောက်နေကြတာလည်း ကြာလှပြီ။

နိုင်ငံရေးဝဲသြဃကြီးထဲ တဝဲလည်လည်။

သူတို့က လက်ဝဲဆန်သူတွေကို မဲမပေးနဲ့လို့ ပြောနေကြတာ။

သာမန်လူတန်းစားအတွက်ပြောသူတွေကို ပရိုဂရက်ဇစ်လို့ ပြောနေကြတာ။ တိုးတက်သောအမြင်။

တိုးတက်တဲ့အမြင်ရှိသူတွေကို မဲမပေးနဲ့လို့ ပြောသူက ၆-၁-၂၀၂၂ နေ့ လွှတ်တော်ကို ဝင်စီးသူတွေကို ထရမ့်က မျိုးချစ်တွေလိုပြောနေတယ်။

မျိုးချစ်စကားလုံးက မြန်မာပြည်ကို အတုယူတာ။

အမေရိကန်နိုင်ငံရေးက ဂွကျတယ်။

မြန်မာပြည်မှာ ရှေးရိုးစွဲကို အပြစ်တင်သူကများတယ်။ ခေတ်တဲ့။ သေတ္တာထဲကနေထွက်ကြည့်တဲ့။ စက်ဝိုင်းထဲက ထွက်တွေးတဲ့။ ပြောတဲ့သူတွေက ဖါးသူငယ်ရေအိုင်ထဲမှာ။

မြန်မာ့အတွေးအခေါ်တချို့ကလည်း ဂွကျတာဘဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ