အခု သမတရွေကောက်ပွဲအဖျားတက်နေချိန်မှာ နိုင်ငံရေးစကားတွေ ၂၄ နာရီမပြတ် ဖတ်ရ ကြားရ မြင်ရတယ်။
လက်ဝဲ၊ လက်ယာ အယူအဆဟာ ၁၇၈၉ - ၁၇၉၉ ခုနှစ် ပြင်သစ်တော်လှန်ရေးအပြီး လွှတ်တော်ထဲမှာ နေရာထိုင်ပုံကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဘုရင်ကို လိုလားထောက်ခံသူတွေက လက်ယာဘက်နဲ့ အယူအဆသစ်ကိုထာက်ခံသူတွေက လက်ဝဲဘက်မှာ ထိုင်ကြပါသတဲ့။
ဆိုရှယ်လစ်အယူအဆလည်း ကနေ့အထိ တိုင်းပြည်အတော်များများမှာ ရှိတယ်။
ဂျာမဏီမှာ နာဇီပါတီကလည်း အမျိုးသား ဆိုရှယ်လစ် ဂျာမနီ အလုပ်သမားပါတီ ဖြစ်တယ်။
မြန်မာပြည်သူပြည်သားတွေကတော့ မြန်မာ့ဆိုရှယ်လစ်ဒဏ်ကို ၂၆ နှစ်ကြာခံကြရတယ်။
၁၉၄၇ - ၁၉၉၁ စစ်အေးကာလဆိုတာ လက်ဝဲနဲ့ လက်ယာအားပြိုင်ခဲ့ကြတာ။
လက်ဝဲအုပ်စုကို ဆိုဗီယက်ယူနီယံက ဦးဆောင်တယ်။ လက်ယာကို အမေရိကန်က ဦးဆောင်တယ်။
လက်ဝဲအုပ်စုထဲမှာ ယူဂိုဆလားဗီးယားနဲ့ တရုပ်ပြည်ပါတယ်။
စစ်အေးကာလွန်တော့ ပြောင်းကုန်ပြန်တယ်။
လက်ဝဲအုပ်စုခေါင်းဆောင်ကြီး ဆိုဗီယက်ယူနီယံပြိုကျပြီး ရုရှားဖြစ်လာ။ ကွန်မြူနစ်စကား သိပ်မပြောတော့။
လက်ဝဲအုပ်စု ဒုတိယခေါင်းဆောင်ကြီး တရုပ်က ကွန်မြူနစ်ပါတီဆက်ထားပေမဲ့ အမေရိကန်ထက် ပိုပြီး အရင်းရှင်ဆန်လာတယ်။
လက်ဝဲအုပ်စု တတိယခေါင်းဆောင်ကြီး ယူဂိုဆလားဗီးယား အစိတ်စိတ်အမွှာမွှာဖြစ်တယ်။
ကွန်မြူနစ်အမည်ပါတဲ့ မြောက်ကိုရီးယားက မိသားစုအာဏာရှင်။
ကွန်မြူနစ်အမည်ပါတဲ့ ဗီယက်နမ်ကလည်း လက်ဝဲအစစ်မဟုတ်တော့ပါ။
ကျူးဘား တနိုင်ငံတည်းသာ ကွန်မြူနစ်လို့ပြောစရာကျန်တော့တယ်။
ယူအက်စ်အေမှာ ကွန်မြူနစ်ဆိုရင် တရားစွဲခံရမယ်။ နိုင်ငံသားမဖြစ်နိုင်။ ဗီဇာ စိစစ်ခံရမယ်။ သူတို့က တီဘီရောဂါနဲ့ ကွန်မြူနစ်ကို HIV ထက်ကြောက်တယ်။
ကနေ့ ယူအက်စ်အေမှာ နိုင်ငံရေးနိုးကြားလာတယ်လို့ ထင်ရမလားမပြောတတ်သေးပါ။
သူတို့ဆီပါ အကြီးဆုံး နိုင်ငံရေးပါတီကြီး ၂ ခုရှိတယ်။
ရီပတ်ဘလီကန်ပါတီက ရှေးရိုးစွဲ ချမ်းသာသူဦးစားပေး အရင်းရှင်။ ကွန်ဇာဗေးတစ် တဲ့။
ဒီမိုကရက်ပါတီကို ပရိုဂရက်ဇစ် လို့ ခေါ်ကြတယ်။ ပရိုဂရက်ဇစ် ဆိုတာ ဆိုရှယ်လစ်ဆန်တယ်။ အမေရိကန်ဆိုရှယ်လစ်ဆိုတာ အလုပ်လုပ်သူများ ဦးစားပေး၊ လူလတ်တန်းစား ဦးစားပေး။ လူမျိုး-ဘာသာ၊ ကျား-မ-လိင် မခွဲခြားရေး။ ကျန်းမာရေး၊ လူမှုဖူလုံရေး ဦးစားပေး။
ရီပတ်ဘလီကန် သမတလောင်းတွေက ဒီမိုကရက်ကို စွပ်စွဲကြတယ်။
Ultraliberal အလွန်အကျွံ လစ်ဘရယ် တဲ့။
Far left လက်ဝဲစွန်း တဲ့။
မြန်မာပြည်သားတွေသိထားတာက လစ်ဘရယ် ဆိုတာက လက်ဝဲနဲ့ ပြောင်းပြန်။
မြန်မာ့ဆိုရှယ်လစ်က လုပ်သားပြည်သူလို့ပြောခဲ့တာက ကနေ့ အမေရိကမှာ အလုပ်လုပ်တဲ့လူတန်းစား။
အလုပ်သမားတွေ အလုပ်သမားသမဂ္ဂဝင်ခွင့်ရရရေး၊ လူလတ်တန်းစား အလုပ်လုပ်သူတွေကို အခွန်လျှော့ကောက်ရေး၊ အိုနာစာရန်ပုံငွေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ကျောင်းသာငယ်တွေ ကျောင်းမှာ နေ့လယ်စာ အခမဲ့ကျွေးနိုင်ရေး၊ အသက်ကြီးသူတွေနဲ့ နာမကျန်းသူတွေ လူမှုဖူလုံရေး၊ အမျိုးသမီးတိုင်း မျိုးပွားလမ်းဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရှိရေး စတာတွေကို ဒီမိုကရက်သမတလောင်းတွေက ဆော်သြနေကြတယ်။
အဲတာကို ချမ်းသာသူတွေအတွက်သာ ကွက်ကြည့်တဲ့ ရီပတ်ဘလီကန်တွေက ဒီမိုကရက်တွေကို လက်ဝဲဆန်သူတွေလို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။
အမေရိကန်တွေ လက်ဝဲကို ကောင်းကောင်းမသိကြပါ။
အပြောတွေကောင်းလည်း လက်တွေ့က ခက်တယ်။ ရွေးကောက်ပွဲမဲနိုင်မှ လုပ်ရမယ်။ သမတဖြစ်တော့လည်း ကွန်ဂရက်မှာ သူမသာ ကိုယ်မသာ လုပ်ရတာ ခက်တယ်။
ကျိကျိတက်ချမ်းသာသူတွေပြောတာ အဟုတ်မှတ်တဲ့ လူဦးရေက တဝက်ကျော်လောက်ရှိတယ်။
ပေါ်လစီကောင်းလည်း လက်တွေ့လုပ်မရတာ အမေရိကန်နိုင်ငံရေး။
မီဒီယာတွေကလည်း အနီတွေရော အပြာတွေပါရှိတော့ တခုခုကနေ တခွန်းလောက်သာနားထောင်ပြီး မဲပေးကြမဲ့သူကလည်း မနည်းပါ။
ချမ်းသူတွေကို မဲပေးရင် သူတို့ပါချမ်းသာမယ်ထင်ကြတဲ့ မြန်မာပြည်ကနေလာနေသူတွေကလည်း များတယ်။ ရောက်နေကြတာလည်း ကြာလှပြီ။
နိုင်ငံရေးဝဲသြဃကြီးထဲ တဝဲလည်လည်။
သူတို့က လက်ဝဲဆန်သူတွေကို မဲမပေးနဲ့လို့ ပြောနေကြတာ။
သာမန်လူတန်းစားအတွက်ပြောသူတွေကို ပရိုဂရက်ဇစ်လို့ ပြောနေကြတာ။ တိုးတက်သောအမြင်။
တိုးတက်တဲ့အမြင်ရှိသူတွေကို မဲမပေးနဲ့လို့ ပြောသူက ၆-၁-၂၀၂၂ နေ့ လွှတ်တော်ကို ဝင်စီးသူတွေကို ထရမ့်က မျိုးချစ်တွေလို့ ပြောနေတယ်။
မျိုးချစ်စကားလုံးက မြန်မာပြည်ကို အတုယူတာ။
အမေရိကန်နိုင်ငံရေးက ဂွကျတယ်။
မြန်မာပြည်မှာ ရှေးရိုးစွဲကို အပြစ်တင်သူကများတယ်။ ခေတ်တဲ့။ သေတ္တာထဲကနေထွက်ကြည့်တဲ့။ စက်ဝိုင်းထဲက ထွက်တွေးတဲ့။ ပြောတဲ့သူတွေက ဖါးသူငယ်ရေအိုင်ထဲမှာ။
မြန်မာ့အတွေးအခေါ်တချို့ကလည်း ဂွကျတာဘဲ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment