ကွန်မင့်တခု = စာလုံးတွေကို အဘိဓာန်က စပီး (ပြီး) ထုတ်ခဲ့တာ မဟုတ်ပါဘူးဗျ လူတွေကနေစပီး (ပြီး) ထုတ်ခဲ့တာပါ ဖနောင့်နဲ့ ဖဝါး အောင့်မှာ အမြဲနေတဲ့ အရာ မလို့ ဖ ကိုသုံးတယ် ရေးတုန်းကအယူ အစ (အယူအဆ) နက်ဒေဝါ စောင့်ဆောက်ခြင်းက နက်ကို သုံးတယ် ဖနက်ပါ တစ္ဖက် ကိုရှင်းပြမယ် ဖနက် စီးတဲ့အခါမှ ဖနက် ရဲ့ ပုံစံက ခြေထောင်ကို လူလိုမျိုးဆိုရင် ရင်ခွင်ထဲ ထည့်ဖက်ထားသလိုမျိုးကို ဆိုလိုပါတယ် ဒါကြောင့် ဖနက် တစ္ဖက်က အမှန်ပါ (ဆရာစက္ကပါလ)
မေးခွန်တခု = အခုခေတ်မှာ ဖိနပ်လို့ရေးကြတယ်နော် ဘယ်ဟာအမှန်လဲခင်ဗျ
ဘိနပ်၊ ဖိနပ်၊ နှစ်မျိုးလုံး ရေးနေကြတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) မှာ ဖိနပ်။
မြန်မာအဘိဓာန် (၁၉၉၁) မှာ ဖိနပ်။
ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) မှာ ဘိနပ် = ဖိနပ်။
ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း (၁၉၅၃) မှာ ဖိနပ်။
ဟိုအရင်က ဘ စာလုံးပေါင်းကို ပိုပြီး သုံးခဲ့တယ်။ ဥပမာ မိဘ။ ဘခင် = ဖခင်။ ဘတ်စာ = ဖတ်စာ။ ဘားကောင်ကသေး။
ဖိ
ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း။
ပိအောင်ဖိသည်
ဖိစီး
ဖိနပ်ချွတ်
ဖိနပ်တရန်
ဖိနှိပ်
ဖိနှိမ်
ဖိဖိစီးစီး
ဖိသိပ်
ဘိ
ကောင်းပါဘိ
ခက်ပါဘိ
ငှက်ထောင်သည့်ဘိ
ငေါက်ငန်းပါဘိ
ဆိုပါဘိ
ဆိုဘိတောင်း
ဆိုဘိလော
နေပါဘိ
နေဘိလော
ပြောပါဘိ
ပြောဘိတောင်း
ဘိစီးနှိပ်စက်
ဘိထောင်သည်
ဘိနပ် = ဖိနပ်
ဘိလပ်မြေ
ဘိလပ်ရည်
ဘိလိယက်
ဘိသိက်သွန်း
အဘိဓာန်ကျမ်း
အဘိသင်္ခါရမာရ်
အဘိသိက်သွန်းဖျန်းသည်
"ဖြည့်စွက်တင်ပြချက်"
ဘယ်လူမျိုးမျာမဆို စကားကအရင်ဖြစ်ပေါ်ပြီးနောက် စာဖြစ်တယ်။
စကားတွေ၊ စာတွေကို ကျောက်စာ၊ ပေစာကနေတဆင့် ပုံနှိပ်စာအုပ် ဖြစ်လာတယ်။
စာအုပ်တွေပေါ်ပေါက်လာပြီးနောက် အဘိဓါန်၊ သတ်ပုံကျမ်း၊ ရေးထုံးကျမ်းတွေ ဖြစ်လာတယ်။
အဘိဓါန်၊ သတ်ပုံကျမ်း၊ ရေးထုံးကျမ်းတွေကို စိစစ်၊ တည်းပြတ်၊ မွမ်းမံကြရတယ်။
စကားဆိုရာမှာလည်း လူမျိုးစုတမျိုးတည်းမှာ ကွဲပြားတယ်။ ဒေသိယ ခေါ် ဒေသသုံးစကားရယ်လို့ ရှိတယ်။
သတိပြုရန်မှာ စကား၊ ဒေသိယစကာတွေဟာ စာမဟုတ်ပါ။ အသံထွက်မျှသာဖြစ်ပါတယ်။
စားလုံးပေါင်း၊ သတ်ပုံနဲ့ အသံထွက်မှန်ကို ခိုင်မာ၊ ကျယ်ပြန့်၊ အားထားရလောက်တဲ့ အဘိဓါန်တွေမှာ ထည့်သွင်းပါတယ်။
မြနမာပြည်မှာ ခိုင်မာ၊ ကျယ်ပြန့်၊ အားထားရလောက်တဲ့ အဘိဓါန်ကို ရွေးတတ်မှသာ အမှန်ကို ရနိုင်ပါတယ်။
တွေ့သမျှ သတ်ပုံ အက်ပ် တွေ မမှန်ပါ။ အွန်လိုင်း တချို့မှန်၊ တချို့ မှား။
ကျွန်တော်တို့ တိုင်းပြည်၊ လူမျိုးနဲ့ စာစကား ကျဆင်း၊ ပျက်ယွင်းလာနေတာ အလွန်ဝမ်းနည်းစရာကောင်းလှတယ်။
ပညာရည်နိမ့်ကျမှုဟာ ရာစုနှစ်တဝက်ကြာလာပြီဖြစ်လို့ ဝေဖန်တာ၊ ထောက်ပြတာ၊ ငြင်းခုန်တာတွေက အဆင့်အတန်းကျလာတယ်။ ထင်ရာပြော၊ ဇွတ်အတင်းပြော၊ အကြောက်အကန်ငြင်း၊ ဆဲဆိုသူတွေပါ ရှိလာတယ်။
အလွန်ဝမ်းနည်းစရာကောင်းလှတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment