Skip to main content

ဖိနပ် နှင့် ဆက်စပ်တင်ပြချက်


ကွန်မင့်တခု = စာလုံးတွေကို အဘိဓာန်က စပီး (ပြီး) ထုတ်ခဲ့တာ မဟုတ်ပါဘူးဗျ လူတွေကနေစပီး (ပြီး) ထုတ်ခဲ့တာပါ ဖနောင့်နဲ့ ဖဝါး အောင့်မှာ အမြဲနေတဲ့ အရာ မလို့ ဖ ကိုသုံးတယ် ရေးတုန်းကအယူ အစ (အယူအဆ) နက်ဒေဝါ စောင့်ဆောက်ခြင်းက နက်ကို သုံးတယ် ဖနက်ပါ တစ္ဖက် ကိုရှင်းပြမယ် ဖနက် စီးတဲ့အခါမှ ဖနက် ရဲ့ ပုံစံက ခြေထောင်ကို လူလိုမျိုးဆိုရင် ရင်ခွင်ထဲ ထည့်ဖက်ထားသလိုမျိုးကို ဆိုလိုပါတယ် ဒါကြောင့် ဖနက် တစ္ဖက်က အမှန်ပါ (ဆရာစက္ကပါလ)

မေးခွန်တခု = အခုခေတ်မှာ ဖိနပ်လို့ရေးကြတယ်နော် ဘယ်ဟာအမှန်လဲခင်ဗျ

ဘိနပ်၊ ဖိနပ်၊ နှစ်မျိုးလုံး ရေးနေကြတယ်။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) မှာ ဖိနပ်။

မြန်မာအဘိဓာန် (၁၉၉၁) မှာ ဖိနပ်။

ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄) မှာ ဘိနပ် = ဖိနပ်။

ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း (၁၉၅၃) မှာ ဖိနပ်။

ဟိုအရင်က ဘ စာလုံးပေါင်းကို ပိုပြီး သုံးခဲ့တယ်။ ဥပမာ မိဘ။ ဘခင် = ဖခင်။ ဘတ်စာ = ဖတ်စာ။ ဘားကောင်ကသေး။

ဖိ

ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း။

ပိအောင်ဖိသည်

ဖိစီး

ဖိနပ်ချွတ်

ဖိနပ်တရန်

ဖိနှိပ်

ဖိနှိမ်

ဖိဖိစီးစီး

ဖိသိပ်

ဘိ

ကောင်းပါဘိ

ခက်ပါဘိ

ငှက်ထောင်သည့်ဘိ

ငေါက်ငန်းပါဘိ

ဆိုပါဘိ

ဆိုဘိတောင်း

ဆိုဘိလော

နေပါဘိ

နေဘိလော

ပြောပါဘိ

ပြောဘိတောင်း

ဘိစီးနှိပ်စက်

ဘိထောင်သည်

ဘိနပ် = ဖိနပ်

ဘိလပ်မြေ

ဘိလပ်ရည်

ဘိလိယက်

ဘိသိက်သွန်း

အဘိဓာန်ကျမ်း

အဘိသင်္ခါရမာရ်

အဘိသိက်သွန်းဖျန်းသည်

"ဖြည့်စွက်တင်ပြချက်"

ဘယ်လူမျိုးမျာမဆို စကားကအရင်ဖြစ်ပေါ်ပြီးနောက် စာဖြစ်တယ်။ 

စကားတွေ၊ စာတွေကို ကျောက်စာ၊ ပေစာကနေတဆင့် ပုံနှိပ်စာအုပ် ဖြစ်လာတယ်။

စာအုပ်တွေပေါ်ပေါက်လာပြီးနောက် အဘိဓါန်၊ သတ်ပုံကျမ်း၊ ရေးထုံးကျမ်းတွေ ဖြစ်လာတယ်။

အဘိဓါန်၊ သတ်ပုံကျမ်း၊ ရေးထုံးကျမ်းတွေကို စိစစ်၊ တည်းပြတ်၊ မွမ်းမံကြရတယ်။

စကားဆိုရာမှာလည်း လူမျိုးစုတမျိုးတည်းမှာ ကွဲပြားတယ်။ ဒေသိယ ခေါ် ဒေသသုံးစကားရယ်လို့ ရှိတယ်။

သတိပြုရန်မှာ စကား၊ ဒေသိယစကာတွေဟာ စာမဟုတ်ပါ။ အသံထွက်မျှသာဖြစ်ပါတယ်။

စားလုံးပေါင်း၊ သတ်ပုံနဲ့ အသံထွက်မှန်ကို ခိုင်မာ၊ ကျယ်ပြန့်၊ အားထားရလောက်တဲ့ အဘိဓါန်တွေမှာ ထည့်သွင်းပါတယ်။

မြနမာပြည်မှာ ခိုင်မာ၊ ကျယ်ပြန့်၊ အားထားရလောက်တဲ့ အဘိဓါန်ကို ရွေးတတ်မှသာ အမှန်ကို ရနိုင်ပါတယ်။

တွေ့သမျှ သတ်ပုံ အက်ပ် တွေ မမှန်ပါ။ အွန်လိုင်း တချို့မှန်၊ တချို့ မှား။

ကျွန်တော်တို့ တိုင်းပြည်၊ လူမျိုးနဲ့ စာစကား ကျဆင်း၊ ပျက်ယွင်းလာနေတာ အလွန်ဝမ်းနည်းစရာကောင်းလှတယ်။

ပညာရည်နိမ့်ကျမှုဟာ ရာစုနှစ်တဝက်ကြာလာပြီဖြစ်လို့ ဝေဖန်တာ၊ ထောက်ပြတာ၊ ငြင်းခုန်တာတွေက အဆင့်အတန်းကျလာတယ်။ ထင်ရာပြော၊ ဇွတ်အတင်းပြော၊ အကြောက်အကန်ငြင်း၊ ဆဲဆိုသူတွေပါ ရှိလာတယ်။

အလွန်ဝမ်းနည်းစရာကောင်းလှတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ