Skip to main content

ကြီးပဲ ပြောနေရင် မဟုတ်

ချည်းဘဲပြောနေရင်လို့ ရေးရ။

၁။ ငါးထောင်ဘိုး‌လောက် ချည်း(ချေးငှား) ပေးကြပါအုန်းနော်

၂။ အသတ်ချည့်(ချည်း) ခံနေရပါလား၊

၃။ တချို့ဆိုင် တော်တော်ဆိုးဆိုး မသိရင် ငါးခူတေ(တွေ) ကြည့်(ချည်း) မတရားထဲ့(ထည့်)ထားသလို

၄။ ကလေးတွေချည်းဘဲ ဘယ်ဟာကအမှန်လဲဆရာရှင့်။ ချည်းဘဲ မှန်။

၅။ မင်ဂလာပါကြိုက်တဲ့ဟင်းတွေကြီး(ချည်း) တွေ့ရတော့စားခြင်(စားချင်)စိတ်တွေဖြစ်မှိ(ဖြစ်မိ)ပါတယ် 

၆။ စာသားတွေက အနှစ်တွေကြည့်ပဲ(အနှစ်တွေချည်းပဲ)

၇။ ခင်ဦး ရေဦး ဘက်က အပြောလေးတွေက တမျိုးဆန်းပါတယ်ခင်ဗျ။ အပြင်လူနဲ့တွေ့မှ အပြင်စကားပြောကြတယ်။ သူတို့ကြည့်ပဲ(သူတို့ချည်းပဲ)ဆို အေးပါ့။ ဟုတ်တာပါ့။ ဒါပါ့နဲ့ ကြားရတာ အားရပါးရရှိလှပါတယ် ခင်ဗျာ။ 

၈။ ဆရာရှင့် ရောဂါနဲ့တော့မဆိုင်ပါ သူ့ကြည့်သက်သက်(သူ့ချည်းသက်သက်)ဆိုတာမျိုးမှာ ကြည့်ကိုဘယ်လိုရေးရတာလဲရှင့်။ အမြဲ ဇဝေဇဝါဖြစ်နေလို့ပါရှင့်။

၉။ ချီးမွှမ်း(ချီးမွမ်း)ဆိုတဲ့ သတ်ပုံကော မှန်ပါသလား ဆရာ

ကြောင်းချည်း (ရှောင်တခင်)

ကောင်းချီးစကား

ကောင်းခြီး

ကောင်းတာချည်းဖြစ်သည်

ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီး။

ချီး = ဝှဲချီးသည်။ ချီး (မစင်)။

ချီးကျူး

ချီးပံ့

ချီးမြှင့်

ချီးမြှောက်

ချီးမွမ်း

ချီးသောင်း

ချီးအံ့

ချောက်ချီးချောက်ချက်

ခြည်း = ရုတ်ခြည်း၊

ခြီး = ခြီးမြှင့်သည်။ ခြီးမြှောက်သည်။ ကောင်းခြီးပေးသည်။ အံ့ခြီးဘွယ်ရာ။ ခြီးမွမ်းသည်။ ခြီးကြူးသည်။

ခြီးကြူး

ခြီးပင့်

ခြီးမြှောက်

ခြီးမွမ်း

တချို့က ချီး၊ ခြီး၊ ခြည်းနဲ့ ချည်း မှားရေးတတ်ကြတယ်။

တယောက်တည်းချည်း မသွားနဲ့

ထက်ချည်း (ယိုယွင်းပျက်စီးသည်)

လက်ချည်း သက်သက်

လူချည်းပြန်လာသည်

ဝှဲခြီး

အံ့ချီး

အံ့ခြီး

အချည်းနှီးဖြစ်သည်

အဝတ်အချည်းစည်း

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်

မယ်ထွေးလိုလို့ ဝဲပါတယ်။

မယ်ထွေးမပါ တို့ချည်းသာ

ပါပါရက်သား နောက်ကထား။

မယ်ထွေးအသား ခါးလှတယ်

ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်။

ချောင်းငယ်ရေချမ်း နွေမှာခန်း

မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်။

မြစ်ငယ်ရေချမ်း နွေမှာခန်း

ပင်လယ်ရေနဲ့ ဆေးပါ့မယ်။

ပင်လယ်ရေ ဘယ်မခန်း

မယ်ထွေး အမိဖမ်း ။ ။

ရေခန်းကို ခမ်းလို့ မှားရေးနေတာတွေ ခဏခဏတွေ့တယ်။

ဘိုးတော်မင်းနဲ့ ပေါ်ဦးတို့ တခါက လိပ်ဥအရသာကောင်းကြောင်း ပြောမိခဲ့ကြတယ်။ ရက်အတန်ကြတော့ ဘိုးတော်က ပညာစမ်းတယ်။ သူ့ချည်းပဲလားကွဲ့ ပေါ်ဦး။ မှန်လှပါ ဆားနဲ့ပါဘုရား။

ဒေါသကြီး၊ လောဘကြီး၊ မောဟကြီး။

ကွန်မင့်တခု = ကြီးမပါမဖြစ်ကတော့ဘုန်းကြီးပါဘဲဆရာ

ဘုန်းဘုန်း။ ဆရာတော်။

ကြီး = မသေးသော။ မငယ်သော။

ငယ်သောသူလည်း။ ကြီးမူရှိက။ ကြီးတတ်လှ၏။ သုဝဏ်။ ၈။

ကမ်းထောင့်ကြီးမြို့

ခမောက်ကြီး

ချစ်မိုးကြီး

ချောင်းကြီးကျေးရွာ

ငှက်ကြီးဝံပို

ဆရာကြီး

ဆရာမကြီး

ဆီးကျိတ်ကြီး

ဇီးပင်ကြီး

ဈေးကြီး

တိုင်းဒေသကြီး

တောင်ကြီး

တောင်တွင်းကြီး

ပဲကြီးဟင်း

ပဲကြီးနှပ် (ပုံအတွက် ကျေးဇူး)

ဘုရင်မကြီး

မကြီးမငယ်

မင်းကြီးစွာစော်ကဲ

မှည့်ကြီး 

မှတ်ကြီး

မိုးကြီး

ရှမ်းကြီး

လက်နက်ကြီး

လည်ပင်းကြီး

လူကြီးလူကောင်း

အကိုကြီး

အစားကြီး

အဖေကြီး

အမကြီး

အမတ်ကြီး

အမေကြီး

အဝန်းကြီးကျေးရွာ

အသက်ကြီး

အသည်းကြီး

အအိပ်ကြီး

DrZaw Min

အသုံးကြီး

အရေးကြီး

အလိုကြီးအရနည်း

ပိုက်ကြီးသည်

အိမ်ကြီးရခိုင်

အပန်းမကြီး

ဝန်ကြီး ဝန်ကြီးချုပ်

ငါးထပ်ကြီး

ခြောက်ထပ်ကြီး

တိုက်ကြီးမြို့

ကြာအင်းဆိပ်ကြီး

ဆားလင်းကြီး

ပုသိမ်ကြီး

ရွာသစ်ကြီး

နွားထိုးကြီး

ညောင်ပင်ကြီး

နောင်ခမ်းကြီး

သစ်ကြီးဝါးကြီး

ခင်ကြီးပျော်

လင်ကြီး မယားကြီး

မြစ်ကြီးဧရာဝတီ

နောင်တော်ကြီး

ဘကြီးတော်

ကြီးတော် ကြီးကြီး

ဘုရားကြီး ငရဲကြီး

ရိပ်ကြီးမြိုင်ကြီး

စိမ့်ကြီးမြိုင်ကြီးဂနိုင်ကြီး

ဟန်ကြီးပန်ကြီး

ကြီးထွား ကြီးလေး

ကြီးမြင့် ကြီးမြတ်

မိုက်လုံးကြီး မိုက်သည်းကြီး

ကြီးပွား

အရပ်လူကြီး ဘုရားလူကြီး

ရွာလူကြီး ရွာသူကြီး

လှေသူကြီး စစ်သူကြီး

တောကြီးမြွေဟောက်

စပါးကြီးမြွေ

ငှက်ကြီးတုံးစပ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ