Skip to main content

"အချစ်သုံးပါး"

ချစ်သူ့ပါးပြင်၊ နှင်းဆီထင်၍

ခုံမင်ခဲ့ရ၊ ဟိုတုန်းက။

ချစ်သူ့ပါးထက်၊ အိုးမည်းကွက်နှင့်

ချက်လိုက်ပြုတ်လိုက်၊ မောင့်အကြိုက်တဲ့

တိမ်တိုက်ကြားက၊ ဖိုးရွှေလသို့

ဆံစဝဲဝဲ၊ ပြုံးချိုဆဲကို

စွဲမက်ပါရ၊ ခုကာလ။

နောင်တနေ့တွင်

ကလေးတပွေ့၊ မြေးတပွေ့နှင့်

မေ့ပါးရေလိပ်၊ ပီတိဖိတ်လျက်

စိတ်ပုတီးတကုံး၊ တပြုံးပြုံးနှင့်

နှလုံးကြည်နူး၊ နေလိမ့်ဦးဟု

စိတ်ကူးယဉ်ရ၊ နောင်ကာလ။ 

ဆရာတင်မိုးကဗျာဖြစ်ပါတယ်။ သတ်ပုံမှန်နဲ့သာ ရေးပါတယ်။

အခုခေတ်မှာ ကဗျာတွေကတော့

နောင်"တစ်"နေ့တွင်

ကလေး"တစ်"ပွ့

မြေး"တစ်"ပွ့နှင့်

စိတ်ပုတီး"တစ်"ကုံး

"တစ်"ပြုံးပြုံးနှင့် တဲ့။ ပျက်ရော။

အဲလိုရေးကြတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ မြန်မာစာဆရာတွေ၊ သတင်းရေးဆရာ ဆရာမကြီးတွေက ဆရာတင်မိုးထက် နာမည်ကြီးကြတယ်။

ဒေါက်တာတင့်ဆွေ

Comments