Skip to main content

လဲ နဲ့ လည်း



ကွန်မင့်တခု = တခေါင်းလုံး'လဲ' ဖြူနေပါပြီ 'လဲ' မှန်ပါသလား

လဲ နဲ့ လည်း ကို မကြာခဏအထောက်အထားတွေနဲ့ တင်ပြထားပါတယ်။

လဲ ကို မေးခွန်းသဘောမှာသုံးပြီး၊ အတူတူဖြစ်တဲ့သဘောမှာ လည်း။

ဒါပေမဲ့

ကာတွန်း၊ ရယ်စရာအပြော၊ သီချင်းစသား (တချို့)၊ ကဗျာစာလုံး (တချို့) မှာ စံကိုက်သတ်ပုံအတိုင်း မရေးတာတွေ တွေ့ရတယ်။

ဥပမာ 

၁။ ကဗျာခေါင်းစဉ် ပန်းသည်။ သီချင်း ဂီတသင်္ကေမှာ ပန်းသယ်။

၂။ သူလဲလေ လောကီသားပေမို့။

- ဘာကိုဆိုလိုပါသလဲ ဟုရေးပါရှင့် လည်းဆိုတာက အမေးဝါကျ တွင်မသုံးပါ။

လဲ နဲ့ လည်း စာကို မကြာခဏ တင်ပြထားတယ်။

လဲ အမေး။ လည်း အတူတူဖြစ်။

ဒါပေမဲ့ တရားသေမှတ်လို့မရပါ။

သူလဲလေလောကီသားပေမို့

လဲ နှင့် လည်း လည်းနဲ့လဲ အသုံးနှုန်းလေးလည်းအတိအကျသိချင်ပါတယ်ဗျ 

လဲ နှင့် လည်း ၁၀ ကြိမ်လောက် တင်ပြထားပါတယ်။

အခုခေတ်မှာ အမေးသဘောအတွက် 'လဲ'၊ အတူတူသဘောအတွက် 'လည်း' လို ရေးကြပါတယ်။

မူကွဲတွေ'လည်း'ရှိတယ်။ မူကွဲတွေ'လဲ'ရှိတယ် မဟုတ်။

သူလဲလေ လောကီသားလိုပါ့ (ဇော်ဂျီ)

သူလည်းလေ လောကီသားလိုပေါ့ (ဇော်ဂျီ)

သူလဲလေ လောကီသားပေမို့ (မင်းညိုဦး)

သူကလည်းသူ ကျွန်တော်ကလည်းကျွန်တော် (မင်းလူ)

သိုသော်လဲလေ၊ သိုသော်လည်းလေ၊

စကားသော်လည်း (လင်္ကာ)

လည်းကောင်း (၎င်း ထို ယင်း အနှီ ဤ နည်းတူ)

လဲ = အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။

လည်း = အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း။

လည်း 

ငလျင်တော်လည်း 

ငါတုံသော်လည်း 

စားလည်းစား ပြောလည်းပြော

စီးသည်တလည်း

စုလည်းကြက်တောင်

ဆည်းလည်းသံ

ဆိုသော်လည်း

တလည်းပင်

တိမ်းလည်းသည်

တုံးလုံးလည်းသည်

ထိုနည်းတူ ဤနည်းလည်းကောင်း

ထုံးသည်စုလည်း

နားလည်းနား

နေရသည်ကိုလည်း 

ပြောရာတွင်လည်း

ပလလည်းဆင်

ပလလည်းတော

ဘယ်သူလည်း 

ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း။

မိုးသည်းသည်

ရိုက်လည်းရိုက်

လည်းကောင်း (၎င်း ထို ယင်း အနှီ ဤ နည်းတူ)

လည်းလျောင်း (ယခင်သုံး)

လိပ်ခဲတည်းလည်း

လိပ်လည်းသည်

လူးလည်း၍ငိုသည်

သွားလည်းသွား

သိပ်သည်းသည်း

သော်လည်း

သော်လည်းကောင်း

လဲ

ကောက်ကျစ်စဉ်းလဲ

ချော်လဲသည်

ပင်းတလဲမြို့

ပုလဲမြို့

ပုလဲရတနာ

ပေါင်းလည်း

ဖက်လဲတကင်း

ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်။

ဘာကိုလွမ်းနေသလဲ

ဘာဖြစ်နေတာလဲ

လျှောက်လဲချက်

လှဲ၍လဲ

လှဲ၍လဲသွားသည်

လဲကျသည်

လဲချားမြို့

လဲခေါင်းအုံး

လဲမွေ့ရာ

လဲမှို့

လဲလျောင်းသည်

လဲလှယ်သည်

လဲလူရွက်

လဲဝါ

လဲအုံပင်

သစ်ပင်လဲပြိုသည်

အဖန်တလဲလဲ

အလူးအလဲခံနေရသည်

အဝတ်အစားလဲပါ

အဟောင်း အသစ် လဲလှယ်သည်း

(၁)

"သူနဲ့တွေ့ရင်"

ကိုယ်တိုငယ်ငယ် ဟိုခါတုန်းက

ပြောမရဆိုမရ မိုက်ကြတဲ့အခါတွေ

ချစ်သောဖေဖေ ချစ်သောမေမေ

ကရုဏာဒေါသောနဲ့ ရိုက်နှက်ဆုံးမတဲ့အခါ

ကျတဲ့မျက်ရည် မျက်ရည် မျက်ရည်

အသည်းဘဝင်မှာ မနာတတ်သော အရွယ်ပေ

ခုတော့မှလေ သူနဲ့တွေ့ရင်

မငြိုငြင်ပါဘူး မငြူစူပါဘူး

သိုသော်လည်းလေ

အလိုလို ဝမ်းနည်းတတ်တယ်လေ။ ။

မခူးချင်စမ်းပါနဲ့

နှစ်ဆန်း ခါတော်မီမို့

ဇမ္ဗော်ရည် ပြည်ပြည်လိမ်းကာပ

ခပ်သိမ်းနယ် စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေဝေနဲ့

သူလည်းလေ လောကီသားလိုပေါ့

ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက

ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပါ့

ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က

ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့

သာသနာ ရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပ သတိဆွယ်

ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အဝါခြယ်လို့

မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်သို့

မာန်အင်ကို ဉာဏ်ဆင်မွေးကာပ

အရေးအခါသာမှ

ခမျာမှာ တဂုဏ်ဆန်းရတယ် …

ပန်းပိတောက်များ။ (ဇော်ဂျီ)

မူကွဲတွေရှိပေမဲ့ မူရင်းစာပါစာလုံးကို ကိုယ်ထင်သလို မပြင်အပ်ပါ။ အခုခေတ်က ထင်သလိုပြင်၊ အထက်အမိန့်အရပြင်နေကြတယ်။ မလုပ်ကောင်းပါ။

"ဗေဒါလမ်း"

(ဆင်းရလဲ မသက်သာ၊ ဆောင့်ခဲ့လဲ မသက်သာ)

ညိုပြာပြာ လတာပြင်ခြေရင်း

လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ

အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ

အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး

အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ

နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ

တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ

အယက်အကန်ခံလို့

ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။ ။ (ဇော်ဂျီ - တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆၀)

လဲ နှင့် လည်း (၃) https://burmese-spelling.blogspot.com/.../blog-post_947.html

လဲ နှင့် လည်း (၂) https://burmese-spelling.blogspot.com/.../blog-post_387.html

လဲ နဲ့ လည်း မုံ နဲ့ မုန့် ကွန်မင့်များအား ဖြေကြားခြင်း https://burmese-spelling.blogspot.com/.../blog-post_488.html

လဲ နှင့် လည်း https://burmese-spelling.blogspot.com/.../blog-post_613.html

လည်းကောင်း နဲ့ ၎င်း https://burmese-spelling.blogspot.com/.../blog-post_6.html

လဲ နှင့် လည်း အလည်းအ၏၊ နလည်းန၏ https://burmese-spelling.blogspot.com/.../blog-post_661.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ