Skip to main content

“ပေါရာဏ” ဆိုသည်မှာ

ပေါရာဏဆိုတာ ဘယ်လိုစကားမျိုးလဲဆရာ သူကဘာသာစကားသီးခြားရှိတာလား

(၁)

“ပေါရာဏ” ဆိုသည်မှာ ပါဠိ (Pāli) စကားလုံး ဖြစ်ပါသည်။

မူရင်းပုံစံမှာ — “ပုရာဏ” (Purāṇa) ဖြစ်ပြီး

အဓိပ္ပာယ်မှာ —

ဟောင်းသော

ရှေးကာလဆိုင်ရာ

အစဉ်အလာရှိသော

ဟူ၍ ဖြစ်သည်။

စကားလုံး၏ မူရင်း

ပါဠိ — Purāṇa (ပုရာဏ)

သံသကൃത — Purāṇa

မြန်မာတွင် အသံပြောင်း၍ — ပေါရာဏ ဟု အသုံးများလာသည်။

“ပုရာဏ” မှ “ပေါရာဏ” သို့ အသံပြောင်းခြင်းမှာ

မြန်မာအသံထွက်အလေ့အထအရ “ု” သည် “ေါ” သို့ ပြောင်းသုံးခြင်း ဖြစ်သည်။

အသုံးများသော နမူနာများ

ပေါရာဏခေတ် — ရှေးဟောင်းခေတ်

ပေါရာဏကျမ်း — ရှေးဟောင်းကျမ်း

ပေါရာဏဓမ္မ — ရှေးမှ ဆက်လက်ရှိလာသော ဓမ္မ

ဗုဒ္ဓဘာသာအတွင်းတွင် “ပေါရာဏ” ဟု အသုံးပြုရာတွင်

“ရှေးကာလမှ ဆက်လက်တည်ရှိလာသော” ဟူသော အဓိပ္ပာယ် အလေးထားသည်။

ဆင်တူအသုံးများ

ရှေးဟောင်း

ရှေးကျ

အစဉ်အလာရှိသော

အဟောင်း

အချုပ်

ပေါရာဏ = ပါဠိ/သံသကృతမှ ဆင်းသက်လာသော ရှေးဟောင်း၊ အစဉ်အလာရှိသော ဟူသော အဓိပ္ပာယ်ပါ စကားလုံး ဖြစ်သည်။

(၂)

ပေါရာဏ ဆိုသည်မှာ အသုံးနည်းကာ ပျောက်ကွယ်သွားသော စကားလုံးများကို ခေါ်ခြင်း ဖြစ်သည်။

ဝေါဟာရ ဖြစ်လာပုံ

အဋ္ဌာရဿ (၁၈) ရပ်ပါ ပုရဏာ (ပါဠိ − စကားဟောင်း အတတ်) မှ ဆင်းသက်လာသည့် ပါဠိပျက် ဝေါဟာရ ဖြစ်သည်။

ပေါရာဏနှင့် ဆက်စပ်သော စာအုပ်များ

ပေါရာဏကထာ လင်္ကာ

ရှင်မဟာသီလဝံသ ပြုစုသည်။ ဒုတိယ ဘုရင်မင်းခေါင်နှင့် ရွှေနန်းကြော့ရှင်တို့ လက်ထက်တွင် စီရင်သည်။ နောက်ပေါ်သည့် ပေါရာဏကထာ လင်္ကာနှင့် ကွဲပြားစေရန် နှောင်းလူတို့က လင်္ကာဟောင်းဟု ခေါ်ကြသည်။

တွင်းသင်း ပေါရာဏကထာ

တွင်းသင်းဝန် မဟာစည်သူ ဦးထွန်းညိုက သက္ကရာဇ် ၁၁၅၆ ခုတွင် စီရင်သည်။

ပေါရာဏကထာ လင်္ကာ

နှောင်းဆရာတို့ စီရင်ခြင်း ဖြစ်သည်။ လင်္ကာနှင့်ပင် ရေးသည်။

ပေါရာဏကထာ

ဆရာတော် ဦးမဏိက သက္ကရာဇ် ၁၁၉၇ ခုတွင် ပါဠိဘာသာနှင့် စီရင်သည်။

ပေါရာဏကထာ ပါဋ္ဌ်

မောင်းထောင်ဆရာတော်က မင်းတုန်းမင်းလက်ထက်တွင် စီရင်သည်။ ပါဠိဘာသာနှင့် ဖြစ်သော်လည်း နိသယ ပါသည်။

ပေါရာဏကထာ ဋီကာ

မောင်းထောင်ဆရာတော်၏ စာကို အကျယ်ဖွင့်၍ စီရင်ခြင်း ဖြစ်သည်။ ပါဠိဘာသာနှင့် ဖြစ်သည်။

ပါရမီခန်းပျို့ အဖြေချုပ်နှင့် ပကိဏ္ဏက ပေါရာဏကထာ

ကင်းဝန်မင်းကြီးက သက္ကရာဇ် ၁၂၅၁ ခုတွင် စီရင်သည်။ စကားပြေနှင့် ဖြစ်သည်။

ပျို့ကဗျာ ခက်ဆစ်ကောံနှုတ်ချက်

ရန်ကုန် လွှတ်စာရေးကြီး ဦးစံဘ ရေး၍ သက္ကရာဇ် ၁၂၇၅ ခုတွင် ပုံနှိပ်သည်။ စကားပြေနှင့် ဖြစ်သည့်အပြင် အက္ခရာတူ စုထားသဖြင့် အရှာ လွယ်သည်။

ပေါရာဏ မူလကထာ အဘိဓာန်

ပါဠိဆရာ ဦးဖြေက သက္ကရာဇ် ၁၂၅၄ ခုတွင် စီရင်သည်။ အဓိပ္ပာယ်သာမက ဥဒါဟရုဏ်များပါ ပြသထားသည်။

ပေါရာဏ အဘိဓာန်

ဦးဖေမောင်တင်က မြန်မာနိုင်ငံ သုတေသန အသင်းအတွက် ရေးရာ ၁၉၁၅ ခု၊ ဩဂုတ်လထုတ် ဂျာနယ်တွင် ဖော်ပြခံရသည်။

ပေါရာဏ အဘိဓာန်

သက္ကရာဇ် ၁၂၈၈ ခုတွင် ဦးဖိုးကျားရေးပြီး မြန်မာ့ဂုဏ်ရည် စာအုပ်ဌာနမှ ထုတ်ဝေခဲ့ပါသည်။

ပေါရာဏစကားလုံးများ

ရှင်လိင်ပြန်= ရဟန်းလူထွက်သည်။

ဥပါ= တစ္ဆေ၊ မြေဖုတ်ဘီလူး။

ရဝေ= နန်းတော်။

လက်ပန်း=လက်ဖြင့်ရေးသားသောကျမ်းစာ

စုလည်း=ဦးစွန်းကိုကြက်တောင်စည်း၍ထုံးသောဆံထုံး

ပေါရာဏစကားအဘိဓာန် - ဦးသာမြတ် 

https://www.scribd.com/document/870505585/%E1%80%95%E1%80%B1%E1%

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ