(၁)
“ပေါရာဏ” ဆိုသည်မှာ ပါဠိ (Pāli) စကားလုံး ဖြစ်ပါသည်။
မူရင်းပုံစံမှာ — “ပုရာဏ” (Purāṇa) ဖြစ်ပြီး
အဓိပ္ပာယ်မှာ —
ဟောင်းသော
ရှေးကာလဆိုင်ရာ
အစဉ်အလာရှိသော
ဟူ၍ ဖြစ်သည်။
စကားလုံး၏ မူရင်း
ပါဠိ — Purāṇa (ပုရာဏ)
သံသကൃത — Purāṇa
မြန်မာတွင် အသံပြောင်း၍ — ပေါရာဏ ဟု အသုံးများလာသည်။
“ပုရာဏ” မှ “ပေါရာဏ” သို့ အသံပြောင်းခြင်းမှာ
မြန်မာအသံထွက်အလေ့အထအရ “ု” သည် “ေါ” သို့ ပြောင်းသုံးခြင်း ဖြစ်သည်။
အသုံးများသော နမူနာများ
ပေါရာဏခေတ် — ရှေးဟောင်းခေတ်
ပေါရာဏကျမ်း — ရှေးဟောင်းကျမ်း
ပေါရာဏဓမ္မ — ရှေးမှ ဆက်လက်ရှိလာသော ဓမ္မ
ဗုဒ္ဓဘာသာအတွင်းတွင် “ပေါရာဏ” ဟု အသုံးပြုရာတွင်
“ရှေးကာလမှ ဆက်လက်တည်ရှိလာသော” ဟူသော အဓိပ္ပာယ် အလေးထားသည်။
ဆင်တူအသုံးများ
ရှေးဟောင်း
ရှေးကျ
အစဉ်အလာရှိသော
အဟောင်း
အချုပ်
ပေါရာဏ = ပါဠိ/သံသကృతမှ ဆင်းသက်လာသော ရှေးဟောင်း၊ အစဉ်အလာရှိသော ဟူသော အဓိပ္ပာယ်ပါ စကားလုံး ဖြစ်သည်။
(၂)
ပေါရာဏ ဆိုသည်မှာ အသုံးနည်းကာ ပျောက်ကွယ်သွားသော စကားလုံးများကို ခေါ်ခြင်း ဖြစ်သည်။
ဝေါဟာရ ဖြစ်လာပုံ
အဋ္ဌာရဿ (၁၈) ရပ်ပါ ပုရဏာ (ပါဠိ − စကားဟောင်း အတတ်) မှ ဆင်းသက်လာသည့် ပါဠိပျက် ဝေါဟာရ ဖြစ်သည်။
ပေါရာဏနှင့် ဆက်စပ်သော စာအုပ်များ
ပေါရာဏကထာ လင်္ကာ
ရှင်မဟာသီလဝံသ ပြုစုသည်။ ဒုတိယ ဘုရင်မင်းခေါင်နှင့် ရွှေနန်းကြော့ရှင်တို့ လက်ထက်တွင် စီရင်သည်။ နောက်ပေါ်သည့် ပေါရာဏကထာ လင်္ကာနှင့် ကွဲပြားစေရန် နှောင်းလူတို့က လင်္ကာဟောင်းဟု ခေါ်ကြသည်။
တွင်းသင်း ပေါရာဏကထာ
တွင်းသင်းဝန် မဟာစည်သူ ဦးထွန်းညိုက သက္ကရာဇ် ၁၁၅၆ ခုတွင် စီရင်သည်။
ပေါရာဏကထာ လင်္ကာ
နှောင်းဆရာတို့ စီရင်ခြင်း ဖြစ်သည်။ လင်္ကာနှင့်ပင် ရေးသည်။
ပေါရာဏကထာ
ဆရာတော် ဦးမဏိက သက္ကရာဇ် ၁၁၉၇ ခုတွင် ပါဠိဘာသာနှင့် စီရင်သည်။
ပေါရာဏကထာ ပါဋ္ဌ်
မောင်းထောင်ဆရာတော်က မင်းတုန်းမင်းလက်ထက်တွင် စီရင်သည်။ ပါဠိဘာသာနှင့် ဖြစ်သော်လည်း နိသယ ပါသည်။
ပေါရာဏကထာ ဋီကာ
မောင်းထောင်ဆရာတော်၏ စာကို အကျယ်ဖွင့်၍ စီရင်ခြင်း ဖြစ်သည်။ ပါဠိဘာသာနှင့် ဖြစ်သည်။
ပါရမီခန်းပျို့ အဖြေချုပ်နှင့် ပကိဏ္ဏက ပေါရာဏကထာ
ကင်းဝန်မင်းကြီးက သက္ကရာဇ် ၁၂၅၁ ခုတွင် စီရင်သည်။ စကားပြေနှင့် ဖြစ်သည်။
ပျို့ကဗျာ ခက်ဆစ်ကောံနှုတ်ချက်
ရန်ကုန် လွှတ်စာရေးကြီး ဦးစံဘ ရေး၍ သက္ကရာဇ် ၁၂၇၅ ခုတွင် ပုံနှိပ်သည်။ စကားပြေနှင့် ဖြစ်သည့်အပြင် အက္ခရာတူ စုထားသဖြင့် အရှာ လွယ်သည်။
ပေါရာဏ မူလကထာ အဘိဓာန်
ပါဠိဆရာ ဦးဖြေက သက္ကရာဇ် ၁၂၅၄ ခုတွင် စီရင်သည်။ အဓိပ္ပာယ်သာမက ဥဒါဟရုဏ်များပါ ပြသထားသည်။
ပေါရာဏ အဘိဓာန်
ဦးဖေမောင်တင်က မြန်မာနိုင်ငံ သုတေသန အသင်းအတွက် ရေးရာ ၁၉၁၅ ခု၊ ဩဂုတ်လထုတ် ဂျာနယ်တွင် ဖော်ပြခံရသည်။
ပေါရာဏ အဘိဓာန်
သက္ကရာဇ် ၁၂၈၈ ခုတွင် ဦးဖိုးကျားရေးပြီး မြန်မာ့ဂုဏ်ရည် စာအုပ်ဌာနမှ ထုတ်ဝေခဲ့ပါသည်။
ပေါရာဏစကားလုံးများ
ရှင်လိင်ပြန်= ရဟန်းလူထွက်သည်။
ဥပါ= တစ္ဆေ၊ မြေဖုတ်ဘီလူး။
ရဝေ= နန်းတော်။
လက်ပန်း=လက်ဖြင့်ရေးသားသောကျမ်းစာ
စုလည်း=ဦးစွန်းကိုကြက်တောင်စည်း၍ထုံးသောဆံထုံး
ပေါရာဏစကားအဘိဓာန် - ဦးသာမြတ်
https://www.scribd.com/document/870505585/%E1%80%95%E1%80%B1%E1%
ဒေါက်တာတင့်ဆွေ

Comments
Post a Comment