ခေတ်သုံး နှောင်ဘွေမှာ
ယောင်ပေပေ မှောင်မိတဲ့ ကောင်ကြီးနှယ်။ ။
အမှားငယ် ပြင်ပြင်
အသွားငယ်တွင် ညဉ်မသန်းငွေ့
စခန်းဖြင့် တွေ့ပြီဟု
တဝှေ့ လည်လည်
ပါယ်ငရဲမှာ ထယ်လဲသာ စည်တော့တယ်
ရှည်ပါဘိ ဝဋ်နွယ်ရယ်
ကျွတ်လွယ်ရန် မသီသေးရော့ထင့်
ရီမှေးမှောင် မိုက်တောင်ထုတွေက
လင်းမှု မချယ်။ ။
ထုံဂနိုင်ငယ်
စုံမြိုင်ရွက်စိပ်
လူမသန်းတဲ့ ဂူနန်းရိပ်မှာ
စိတ်တဖြူဖြူ နိမိတ်ယူလို့
နိဗ္ဗူပရမေ အမြန်တွေ့အောင်
ဈာန်လေ့ကာ မနေစမ်းလေရ
ညစ်ညမ်းတဲ့ သည်ဝသီကို
မကြည်ပြီ ကြာလေမုန်းလှပေါ့
ဆုံးမမြင်…
သုံးခွင်ဘုံထုက ကျယ်သနှင့်။ ။
သည်ရုပ်ကယ် သည်နာမ်
သည်သဏ္ဌာန်နှင့် သည်ဟန်အမူ
သည်အယူလဲ မဖြူသေးလို
မြူကြေးဘဲ ပိုလွန်းလို့
တကိုယ်ကောင်း တန်
တစောင်းနော် ကြံလိုက်ရ
နောက်ဆံ ထွေးရှက်
ရေးနှယ် ခက်ပါဘိ
မသက်သာလေ ထောင်တမျိုးဟာမို့
နှောင်ကြိုးပွေလွန်းလို့
ခေပါဘိ ဖြစ်ပုံကို
စနစ်ကုန် မှန်သဘောရယ်နှင့်
ပြောဘို့ မသင့်။ ။ (လယ်တီဆရာတော်ဘုရားကြီး)
#ရှေးစာကဗျာများ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment