အသုံးချမြန်မာစာ
စာပေဆောင်းပါးများ
ပုံ (၂) - ကဗျာသင်ကြားရေး (စာမျက်နှာ ၁)
ကဗျာသင်ကြားရေး
ကဗျာ သင်ကြားရေးနှင့် စပ်လျဉ်း၍ စနစ်တကျ လေ့လာထားသူ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသူများက အောက်ပါအတိုင်း စနစ်များကို ပြသကြပါသည်။
၁။ ကဗျာ၏အဓိကရည်ရွယ်ချက်၊ ကဗျာဆရာ၏ အာဘော်၊ ကဗျာဆရာ၏ တွေးတောဆင်ခြင်ခြင်းတို့ကို လေ့လာခြင်း။
၂။ ကဗျာက စေ့ဆော်သော စိတ်အခြေအနေ၊ ကဗျာက ပေးသော ခံစားမှုတို့ကို လေ့လာခြင်း။
၃။ အကျိုးဝင်အနက်၊ နိမိတ်ပုံစသည်တို့ကို လေ့လာခြင်း။
၄။ ကဗျာ၏ အဓိကရည်ရွယ်ချက်၊ ကဗျာဆရာ၏အာဘော်၊ ကဗျာဆရာ၏ တွေးတောဆင်ခြင်ခြင်းတို့ကို ထမြောက်အောင် စိတ်အခြေအနေနှင့် ခံစားမှု ဖြစ်ပေါ်အောင် ကဗျာဆရာက ဖန်တီးဖွဲ့ဆိုပုံများ ဆောင်ရွက်ပုံများကို လေ့လာခြင်း။
၅။ စကားလုံး၊ စကားစုတို့၏ အဓိပ္ပါယ်များကို မှတ်စုထုတ်ခြင်း စသည်တို့ဖြစ်ပါသည်။
ပုံ (၃) - စာမျက်နှာ ၄ နှင့် ၅
စာမျက်နှာ ၄:
၁။ ကဗျာ၏ အဓိက ရည်ရွယ်ချက်ဆိုသည်မှာ အင်္ဂလိပ်လို (Purpose) ဟု ဆိုသော သဘောပင်ဖြစ်ပါသည်။ အာဘော် ဆိုသည်မှာ (Opinion)၊ တွေးတောဆင်ခြင်ခြင်း ဆိုသည်မှာ (Thought) တို့ကို ဆိုပါသည်။ ဤအကြောင်းအရာ ဗျာနှင့် စပ်လျဉ်း၍ ကဗျာဆရာသည် ဘဝ၏ အချက်အလက်ကို ပြခြင်း၊ ယူဆချက်တရပ်ကို တင်ပြခြင်း၊ ကောက်ချက်တခုကို ချမှတ်ခြင်း၊ သင်ခန်းစာတခုကို ထုတ်ပြခြင်း၊ အကြောင်းအရာတခုကို တွေးတော ဆင်ခြင်ခြင်းတို့ဖြစ်သည်ဟု ဆိုပါသည်။
၂။ ကဗျာကစေသောသော်သော စိတ်အခြေအနေနှင့်စပ်လျဉ်း၍ အောက်ပါ သာဓကကို တင်ပြပါသည်။
တောင်တောရယ်သာ၊ မာလကငုံဖူးဒ
တပင်ကို နှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး။
အထက်ပါ သာဓကတွင် ကဗျာဆရာသည် သူ့ခံစားမှုကို မဖော်ပြပေ။ ရှုခင်းအကွက်ကိုသာ ဖော်ပြပါသည်။ သို့သော် ကဗျာကိုဖတ်သူဝယ် ခံစားမှုသည် ပေါ်လာပါသည်။ ဤသို့ ခံစားမှုပေါ်လာခြင်းကို ကဗျာက စေသောသော်သော စိတ်အခြေအနေဟု ဆိုပါသည်။
စာမျက်နှာ ၅:
အထက်ပါ သာဓကတွင် ကဗျာဆရာသည် လွမ်းဆွတ်ခြင်း၊ တောက်တပခြင်းစေသော ခံစားမှုအကိုဖော်ပြပါသည်။ ကဗျာ ဖတ်သူလည်း ကဗျာဆရာ၏ ခံစားမှုအတိုင်းလိုက်၍ ခံစားရပါသည်။ ထိုခံစားမှုမျိုးကို ကဗျာကပေးသော ခံစားမှုဟု ဆိုပါသည်။
၃။ အကျုံးဝင် အနက်ဆိုသည်မှာ အင်္ဂလိပ်လို (Implied meaning) ကို ဆိုပါသည်။ နိမိတ်ပုံ ဆိုသည်မှာ (Image) ကို ဆိုပါသည်။
အကျုံးဝင် အနက်တွင် အနက်သုံးမျိုးပါ ဝင်သည်ဟု ဆိုပါသည်။
(က) တွဲဘက်အနက် (Connotation)
(ခ) စကားဝှက်အနက် (Irony)
(ဂ) အနက်ခွ (Ambiguity) တို့ ဖြစ်သည်။
တွဲဘက်အနက်ဆိုသည်မှာ စကားလုံးအနက်တင်မက အဓိပ္ပါယ် ထောက်ယူရသော အနက်နှင့်အတူ တေးလုံး၊ တေးစုတို့၌ တွဲဖက်ပါလာသော အနက်ကိုဆိုပါသည်။ ပုံစံမှာ ပုဂံမှာ ပုဂံမွေး၊ မုန့်ဟင်းခါး၊ ဟူသော စကားတွင် ပုဂံပြည်နှင့်အတူ ပုဂံသူ ပုဂံသားတို့၏ လက်ရုံးရည်၊ နှလုံးရည်တို့ကို၎င်း၊ ပုဂံပြည်၏ သာယာ တင့်တယ်မှု၊ ယဉ်ကျေးမှုစသော အရှိန်အဝါတို့နှင့် တွဲဖက်ပါသော အနက်ကို၎င်း၊ ဆိုလိုပါသည်။
ပုံ (၄) - စာမျက်နှာ ၄၂ နှင့် စာအုပ်အဆုံးသတ်
စာမျက်နှာ ၄၂ (သို့မဟုတ် ၄၊ ၂ ဟု ဖော်ပြထားသော စာမျက်နှာ):
၄။ ဖန်တီးဖွဲ့ဆိုပုံများမှာ အောက်ပါကဲ့သို့ ဖွဲ့ဆိုပုံများ ဖြစ်သည်ဟု သာဓက ပြပါသည်။
လမ်းဟောင်း၏ မသာယာပုံကို ပေါ်လွင်အောင် ဖော်ပြရာ၌ အောက်ပါအတိုင်းဖွဲ့သည်ကို ပုံစံပြပါသည်။
ချိုင့်ဝှမ်းထူပြော၊ လမ်းကောက်ကောက်တွင်၊ သောသောညံညံ၊ သေနတ်သံနှင့်၊ ဝဲပျံလင်းတ၊ စောင့်မျှော်ကြ ဟူ၍ ဖန်တီးဖွဲ့ဆို ဆောင်ရွက်ထားကြောင်း ပုံစံပြပါသည်။
နှောင်း သာဓကတခုမှာ ရဲရင့်ခြင်း၊ စွန့်စားခြင်း၏ သဘောကို ပြသော တော်လှန်ရေး၏ အနီရောင်ကို ဖန်တီးရာ၌—
နီရဲရဲလျှင်၊ ပေါက်လဲပွင့်ငုံ၊ သရက်ထုံ၍၊ အစုံရောင်ဘက်၊ နီသစ်ရွက်တို့၊ နီလျှက်နီကာ၊ မြန်းလေပြီ ဟု အနီရောင်ကို သရုပ် ဖော်ပြဖန်တီးခြင်းမျိုးကို ဖန်တီးသောပုံစံဟု သာဓကပြပါသည်။
၅။ အဓိပ္ပါယ် မှတ်စုဆိုသည်မှာ စကားလုံး၊ စကားစုတို့၏ ကောက်ရိုးကောက်စဉ် အဓိပ္ပါယ် ကောက်ယူရသော အနက် အဓိပ္ပါယ်နှင့်အတူ ထိုအဓိပ္ပါယ်နှင့် ဆိုင်သော အကြောင်းအရာ အကျဉ်းချုပ် ရေးပြခြင်းဖြစ်သည်ဟု ဆိုပါသည်။ ပုံစံမှာ ငထွေးရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊ ကျန်စစ်သား၊ စသော စကားစုမျိုး၊ ရာဇဝင်ပေး၊ သည်မေဒေးကို စသော စကားစုမျိုး ဖြစ်သည်ဟု ပြပါသည်။
၃၀၊ ၁၀၊ ၁၉၆၉။
မှတ်ရန်
တက္ကသိုလ် မောင်မောင်ကြီးဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ မြန်မာစာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
စာအုပ်ကို ၁၉၇၀ ခုနှစ်က ထုတ်ပါတယ်။ တအုပ်လုံး သတ်ပုံ မှန်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment