စံပါယ်လို့ရေးတဲ့သူတချို့တွေ့မိပါတယ် ဆရာ
စပယ်ကို သေးသေးတင်တာ မမှန်ပါ။ သင်ပုန်းကြီးဖတ်စာမှာ စ စပယ်ဖြူ မွှေးကြူကြူလို့ သင်ခဲ့ရတယ်။
စပယ်လို့ရေးတာ မှန်တယ်။ စံပယ်ကတော့ မူကွဲ။
စံ(နမူနာ)
စံကားစိမ်းပင်
စံကားပင်
စံကျောင်း
စံခန်း
စံချိန်မီ
စံငှားခွန်
စံစားခံစား
စံတော်ချိန်
စံတည်
စံနှုန်း
စံပ
စံပယ်(မူကွဲ)
စံပယ်တင်မှဲ့(မူကွဲ)
စံပယ်ထပ်အမိုး
စံပယ်ပင်(မူကွဲ)
စံပြ
စံမီ
စံမြန်း
စံရွေး
ပယ်ကြဉ်
ပယ်ထုတ်
ပယ်ရှား
ပယ် ။ ၊ မြိန်စီပယ်၊ ပယ်စွန့်၊ ပယ်လှန်၊ ပယ်ရှား၊ ပယ်ရှင်း၊ ပယ်ပယ်နယ်နယ်၊ ပန်းစပယ်၊ ပယ်ချသည်၊ ပယ်ပစ်သည်၊ ပယ်စိတ်၊ ပယ်ခွဲ၊ နယ်ပယ်၊ စံပယ်သည်၊ ပစ်ပယ်၊ ပယ်တဆဲ့ခြောက်၊ ပယ်ထားသည်၊ အပယ်ခံဘုရား။ ။
ပါယ် ။ ၊ ဥပါယ်၊ ဥပါယ်တမျဉ်၊ အပါယ်ငရဲ၊ အပါယ်လေးဘုံ၊ အဓိပ္ပါယ်၊ အလမ္ပာယ်၊ သဗ္ဗာယ်လျှောက်ပတ်။ ။
မူရင်းက စပယ်ဆိုရင် စံပယ်လို့ မပြင်ရပါ။ အောင်လင်းရေးတဲ့ အရိုင်းစပယ်ကို ပြင်ထုတာ် မလုပ်သင့်မလုပ်ထိုက်ပါ။
ပြေးကြိုတော့ထွေးညို (ရေး / ဆို တွံတေးသိန်းတန်) https://www.youtube.com/watch?v=GxI7Qq3cJVM
တွံတေးသိန်းတန်က စပယ်။ စံပယ်လို့ ရေးသူတွေက တွံတွေတစ်တန်။ ကျွန်တော်တို့ငယ်ငယ်က စပယ်ပန်းရော မြန်မာစာပါ မွှေးခဲ့တယ်။ နောက်တော့ မြန်မာစာမှာ လျှာရှည်တာကိုသာ အဟုတ်ထင်လာကြတယ်။
ပန်ပေးပါရစေ စပယ်တကုံး ကိုမောင်မောင် (ရေး-စန္ဓရားငွေစိုး) https://www.youtube.com/watch?v=6Sb_Fhm5Uiw
ဒေါက်တာတင့်ဆွေ


Comments
Post a Comment