Skip to main content

စာလုံးပေါင်း၊ အသံထွက်နဲ့ အသုံး






ကွန်မင့်တခု = ထန်းသီးမှုတ် (ထသီးမှုတ်)

ပြန်စာ

စာလုံးပေါင်း၊ အသံထွက်နဲ့ အသုံးတွေကို တင်ပြလိုက်ပါတယ်။

ထန်း – န / ထန်း / အကိုင်းမထွက်သော အပင်အမျိုးအစားအဝင်၊ ပင်စည်မတ်စောက်၍ အဖျားတွင် ယပ်ဝန်းပုံ အရွက်များ စုပေါက်သော အပင်ကြီးတမျိုး။ (ယင်းအပင်မှ ထွက်သောထန်းရည်ကို သမား၊ ထန်းလျက်ချက်၍ စားသုံးကြသည်။ ၁။ ကျေးမြီး၊ ၂။ လက်မြှောက်၊ ၃။ ဆင်ခြေပေါ်၊ ၄။ သမီးလှ၊ ၅။ ရည်ရ၊ ၆။ ပင်ထွက်ဟူ၍ အသက်အလိုက် အရွယ်ခြောက်မျိုးသတ်မှတ်ထားသည်။)

ထန်းကျင့်လှေကား – န / ထန်းဂျင့်လှေဂါး / ၁။ ပြောင်းရွှေ့နိုင်သော လှေကားပေါ့တမျိုး။ "ဤတောင်သို့ တက်ကြကုန်လော့ဟုဆို၍ ထန်းကျင့်လှေကားကိုဖွဲ့လျက်။" ဓမ္မပဒ၊ ဒု။ ၄၀၀။ ၂။ ရင်းထောင်။

ထန်းကြော – န / ထဂျော / ထန်းဂျော / ထန်းလက်မှခွာ၍ သပ်ယူရသော အကြော။ (နှီးအဖြစ်သုံးသည်။)

ထန်းခလက်တဲ – န / ထဂလက်တဲ / ထန်းရွက်ဖြင့်မိုးကာ ဆောက်လုပ်ထားသော တဲ။ "အကာအရံမရှိသော ထန်းခလက်တဲပေါ်တွင်။" မောင်ပုံ၊ ဒု။ ၂၄။

ထန်းခေါက်ဖာ – န / ထဂေါက်ဖာ / ဒဂေါက်ဖာ / ထန်းကြောဖြင့် ရက်လုပ်ထားသော ဖာ။

ထန်းစစ် – န / ထစစ် / ထန်းလက်ရင်းနှင့် ထန်းပင်စည်အကြားတွင်ဖြစ်သော ဇာကွန်ရက်သဖွယ် အစိတ်အပိုင်း။ "ထန်းပုန်းပတ် ထန်းစစ်တို့ကို တံမြက်စည်း... သုံးရသေးတယ်။" စာဗိမာန်၊ ၃၊ ၉။ ၅၅။

ထန်းစေ့မှုတ် – န / ထဇေမှုတ် / အဆန်ထုတ်ထားသော ထန်းစေ့ခွံ။ (ဆီမှုတ်အဖြစ် သုံးရသည်။)

ထန်းဆော်လေ – န / ထဆော်လေ / ထန်းဆော်လေ / ထန်းတက်လုပ်ငန်းကို စတင်ရာ တပို့တွဲလ၊ တပေါင်းလတို့တွင် တိုက်သော လေ။ "ထန်းဆော်လေသက်၊ ပင်ခြေထက်လည်း၊ ယော်ရွက်မြေခွဲ၊ ကြွေမစဲနှင့်။" ထိပ်ထွေး* ၃၉။

ထန်းညှပ် – န / ထညွတ် / ထန်းရည် ထွက်အောင် ထန်းနို့ကို ဖိညှပ်၍ ပြုပြင်ရသော သစ်သားညှပ်။

ထန်းတက် – ကြိ / ထန်းဒက် / ထန်းရည်ခံရန် ထန်းပင်ကို တက်သည်။

ထန်းတဖျား – န / ထန်းဒဗျား / ထန်းပင်ကြီးတပင်၏ အရပ်ခန့်ရှိသော အမြင့်။ "လကလေး ထန်းတဖျားလောက် မြင့်သောအခါ။" စိန်၊ ၇၂။

ထန်းတရွင်းတက် – န / ထန်းဒယွင်းဒက် / ထန်းသမားတဦး တနေ့တက်သော ငါးဆယ်ကျော် ခြောက်ဆယ်အထိ ဖြစ်သည့် ထန်းပင်အရေအတွက်။

ထန်းထန်း – ကြိဝိ / ထန်းဒန်း / ရေငွေ့ဖြင့် စိုစိုတိုတို စေးတေးတေးဖြစ်လျက်။ "ကိုယ်အဝတ်ကို မချွတ်မလဲ၊ ခပ်ထန်းထန်းကြောင့်၊ သန်းဥသန်းပြာ၊ ရွှာလည်းတက်။" ဟံချုပ်တို့၊ ၂၉၃။

ထန်းထု – ကြိ / ထန်းထု / ထန်းရည်ထွက်အောင် ထန်းသီးညှာတံကို ဆောက်ခေါက်ဖြင့် ထုသည်။

ထန်းနွှေး – ကြိ / ထန်းနွေး / ၁။ ထန်းရည်ခံရန် ထန်းနို့ကို ထန်းကြောဖြင့်ပတ်၍ စည်းသည်။ ၂။ ထန်းရည်ခံရန် ထန်းသီးနု၏ အညှာရင်းကို ထုပေးသည်။

ထန်းနို့ – န / ထနို့ / ထန်းဖိုပင်မှထွက်သော ထန်းရည်ရရှိသော လက်ချောင်းသဖွယ် အစို့။ "ထန်းသမားစားဘို့၊ ထန်းနို့က ထွက်ရသည်။" ပုံ။

ထန်းပင်မြစ် – န / ထဗင်မြစ် / ထန်းစေ့ကို မြေတွင်မြှုပ်ထားရာမှ ပေါက်လာသော ထန်းပင်အစို့။ (ပြုတ်၍ဖြစ်စေ၊ ဖုတ်၍ဖြစ်စေ စားရသည်။)

ထန်းပပ် – န / ထဗတ် / ထန်းပလပ် – န၊ နှင့် အတူတူ။

ထန်းပလပ် – န / ထဗလတ် / ထဗလတ် / ထန်းလက်ကို ခုတ်လိုက်သောအခါ ထန်းပင်တွင်ကပ်၍ ကျန်ခဲ့သော ထန်းလက်အရင်းပိုင်း။ ထန်းပပ်။ "ထန်းပလပ် နတ်ရုပ်ထင်ဆိုဘိသကဲ့သို့ ၎င်း ကောင်းမုန်းဆိုးမုန်း မသိ။" ဂန္ဓ၊ ၁၃၃။ ၂ဂ။

ထန်းဖို – န / ထဗို / ထန်းအဖိုပင်။ (အသီး မသီး။)

ထန်းဖိုဦးထန်းလျက် – န / ထဗိုဦးထလှက် / ထန်းဖိုပင်မှ ဦးဦးဖျားဖျားရသောအရည်ကို ချက်သော ထန်းလျက်။

ထန်းဖူး – န / ထဖူး / ထဗူး / မပွင့် မကားသေးသော ထွက်ခါစထန်းရွက်။

ထန်းဖူးရစ် – န / ထဖူးယစ် / ရှေးခေတ်သုံး အမြောက်လက်နက်တမျိုး။ "ရိုင်ဘတ် ထန်းဖူးရစ် အမြောက်လုပ်နည်းကို။" လန်ဒန်၊ ဒု။ ၂၈၇။

ထန်းဖေါ – န / ထဗော / ထန်းဗော / ထန်းရည်ခံရန် ပြုပြင်ထားသော ထန်းခိုင်။

ထန်းမ – န / ထမ / ထန်းအမပင်။ (အသီး သီးသည်။)

ထန်းမြေ – န / ထန်းမြေ / ကြက်ညှာမြေ – န၊ နှင့် အတူတူ။ (ကျိုင်းခေါင်းမြေဟုလည်းခေါ်သည်။)

ထန်းရည် – န / ထယီ / ထယေ / ထန်းယေ / ၁။ ပြုပြင်ထားသော ထန်းသီးနုညှာမှ လည်းကောင်း၊ ထန်းနို့မှလည်းကောင်း ယိုထွက်သော အရည်။ ထန်းရည်ချို။ (ယင်းအရည်ကို သောက်ရသည်။ ထန်းလျက်ချက်ရသည်။) ၂။ ကစော်ဖောက်ပြီးသော အရည်။ ထန်းရည်ခါး။

ထန်းရည်ချို – န / ထယီဂျို / ထန်းရည် – န၊ ၁ နှင့် အတူတူ။

ထန်းရည်ချို – န / ထယီဂျို / ထန်းရည် – န၊ ၁ နှင့် အတူတူ။

ထန်းရည်ခါး – န / ထယီဂျိုး / ကစော်ဖောက်ထားသော ထန်းရည်၏ အနည်။

ထန်းရည်ခါး – န / ထယီဂါး / ထယေဂါး / ထန်းရည် – န၊ ၂ နှင့် အတူတူ။

ထန်းရည်ခါး – န / ထယီဂါး / ထယေဂါး / ထန်းရည် – န၊ ၂ နှင့် အတူတူ။

ထန်းရည်ခိုင် – န / ထယီဂိုင်း / ထန်းနို့ခိုင်တွင် တချောင်းတည်း သီးခြားတည်သော ထန်းနို့။ (ထန်းနွှေးသောအခါ ယင်းကို ချန်ပစ်ရသည်။)

ထန်းရည်ခိုင် – န / ထယီဂိုင်း / ထန်းနို့ခိုင်တွင် တချောင်းတည်း သီးခြားတည်သော ထန်းနို့။ (ထန်းနွှေးသောအခါ ယင်းကို ချန်ပစ်ရသည်။)

ထန်းရည်ဂျိုး – န / ထယီဂျိုး / ကစော်ဖောက်ထားသော ထန်းရည်၏ အနည်။

ထန်းလက် – န / ထလက် / ထန်းရွက်၏ အရိုးတံ။

ထန်းလည်ဆစ်ကျိုး – န / ထန်းလယ်ဆစ်ကျိုး / ၁။ ထန်းရွက်များထွက်ရာအုံ ပြတ်သွားသော ထန်းပင်။ ၂။ [ဥပစာ] အညွန့်တုံးသော ဘဝ။ တိုးတက်ရန် အလားအလာမရှိသော ဘဝ။ အားကိုးရာမဲ့ဘဝ။ "ထန်းလည်ဆစ်ကျိုးဖြစ်ရရှာသော လူ့မိခင်လည်း ဖတဆိုးသားအား အများနည်းတူ ပြုစုပျိုးထောင်ချင်ပေလိမ့်မည်။" လူညွန့်၊ ဒု။ ၁၉။

ထန်းလျက် – န / ထလက် / ထယက် / ထန်းရည်ချိုကိုချက်၍ ရသော အတုံးအခဲ။ (ထန်းဖိုထန်းလျက်၊ ထန်းမထန်းလျက် ဟု၍ နှစ်မျိုးပြားသည်။)

ထန်းလျက်ခိုးကောင် – န / ထယက်ခိုးဂေါင် / အဆိပ်အတောက်မရှိသော အရောင်နက်သည့် ခါချဉ်နှင့်တူသော ပုရွက်ဆိတ်ကြီးတမျိုး။

ထန်းလျက်ဖြူဆုပ် – န / ထယက်ဖြူဇုတ် / ထန်းဖိုရည်နှင့်ထန်းမရည်တို့ကို ချက်၍ရသော အလုံးကြီး ထန်းလျက်။

ထန်းလျက်အိုးတွေ့ – ကြိ / ထယက်အိုးဒွေ့ / [ဥပစာ] အကြိုက်တွေ့သည်။

ထန်းလျှော – ကြိ / ထန်းလျော / ထန်းပင်ပေါ်မှ လျှောကျသည်။

ထန်းလျှော် – န / ထန်းလျှော် / ထန်းလက်မှ ခွာယူထားသော အခေါက်ကြော။

ထန်းလွှဲဓား – န / ထန်းလွဲဓား / ထန်းရည်ခံရန်ထန်းနို့၊ ထန်းသီးတံတို့ကို လှီးရသော ဓား။ ဓားနွှေး။

ထန်းလုံးပျောက် – န / ထန်းလုံးဗျောက် / ထန်းပင်လုံးကို ကွဲကွဲပြားပြား မမြင်နိုင်လောက်သော ခရီးအကွာအဝေး။ "ခရီးဘယ်လောက် ဝေးလဲကွ၊ ထန်းလုံးပျောက် ကွာပါတယ်ဦးကြီး။" ဗျိုင်းနား၊ ၁၅၀။

ထန်းသမား – န / ထန်းသဗား / ထန်းတက်လုပ်ငန်းဖြင့် အသက်မွေးသူ။

ထန်းသီးမုန့် – န / ထသှီးမုန့်/ ထန်းသှီးမုန့် / ထန်းသီးမှည့်၏ အလွှာမှ ညှစ်ယူသော အနှစ်နှင့် ဆန်မှုန့်၊ ထန်းလျက်တို့ကို ရော၍ လုပ်သောမုန့်။

မေးတဲ့သူက ထန်းသီးမှုတ် (ထသီးမှုတ်) တဲ့။

အခုတင်ပြတဲ့ သတ်ပုံကျမ်းမှာ ထန်းသီးမှုတ် မပါ။

AT ကို စာသားတေားင်ပါတယ်။

ထန်းသီးမုန့် အသံထွက်ရေးပေးတာ မမှန်ပါ။ အဘိဓာန်အကျဉ်းချုပ်အရ ထသှီးမုန့် ဖြစ်ပါတယ်။ သှ တွေကို ပြင်ရပါဦးမယ်။

မှုတ် အသံထွက် မှုတ်။

ထန်းသီးမှုတ် အသံထွက် ထသှီးမှုတ်။

မှုတ်

မှုတ်၁ – ကြိ / မှုတ် / ၁။ ခံတွင်းလေဟုန်ဖြင့် မှုတ်ထုတ်သည်။ ခံကွင်းမှ လေဟုန်ပြင်းစွာ ထွက်စေသည်။ (လေမှုတ်၊ မီးမှုတ်၊ မန်းမှုတ်၊ ပြောင်းဝါးမှုတ် စသည် သုံးနှုန်းသည်။) ၂။ [ဥပစာ] ဒေါသဟုန်ဖြင့် တုံ့ပြန်ပြောဆိုသည်။ ဘုပြောသည်။ "ကိုရင်တို့ သခင်တွေခေါ်လာလို့၊ မှုတ်မှုတ်ရရ မြင်ဘူးလိုက်ရတာကိုး ဟု သူကြီးမင်းကလည်း ပြန်မှုတ်လိုက်လေသည်။" လယ်မြေ၊ ၃၂။ ၃။ (နှဲ၊ ပလွေစသော) အခေါင်းပြွန်တံပါ တူရိယာကို ခံတွင်းလေအားဖြင့် မြည်အောင်ပြုလုပ်သည်။ ၄။ ကိုယ်တွင်းရှိ လေ၊ အခိုးစသည် ကန်ထွက်သည်။ ၅။ ပန်းထုတ်သော လေအားဖြင့် တစုံတရာပြုလုပ်သည်။ (ဆေးမှုတ်၊ ဂဟေမှုတ် စသည် အသုံးရှိသည်။)

မှုတ်၂ – န / မှုတ် / ၁။ အပေါက်ရှိသော ထည့်စရာအခွံအကွက်။ (အုန်းမှုတ်၊ ထန်းစေ့မှုတ်စသည် အသုံးရှိသည်။) ၂။ အရိုးလက်ကိုင်စသည်ပါရှိသော ခပ်စရာခွက်ငယ်။ (ဆီမှုတ်၊ ရေမှုတ် စသည်အသုံးရှိသည်။) ၃။ ခြင်းခွက်၊ ခပ်ခွက် စသည်တို့ဖြင့် ရေတွက်သော စကားလုံး။

မှုတ်ဆေး – န / မှုတ်ဆေး / ၁။ ကိရိယာ တစုံတရာကိုအသုံးပြု၍ လေဟုန်ဖြင့် ပန်းထုတ်ပြီး စွဲထင်ကပ်ငြိစေသော သုတ်ဆေးမျိုး။ ၂။ နှာခေါင်းထဲသို့ဝင်အောင် ပြွန်တံဖြင့် မှုတ်သွင်းရသော ဆေးမှုန့်။

ပုံ ၆ ခုကို အကုန် မတင်တော့ပါ. Blog မှာသာ တင်ထားပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ