မှိုင်းညိုဆိုင်းကာ
ရှစ်ခွင်တိုင်းအာကာမိုးလယ်ပါ
ဝိုးဝင်းဝါလျက်သာ
ပြိုးပြိုးပြက်လျှပ်စစ်ရောင်ဖြာ
ထစ်ချုန်းဂျိုးဂျိမ့်
မိုးပြိုလိမ့်ထင်ယောင်စရာ
သွန်းစွေဆက်ရွာ တမိုးသစ်ပြန်ပေါ့တခါ။
မှိုင်းညိုဆိုင်းကာ
ရှစ်ခွင်တိုင်းအာကာမိုးလယ်ပါ
ဝိုးဝင်းဝါလျက်သာ
ပြိုးပြိုးပြက်လျှပ်စစ်ရောင်ဖြာ
ထစ်ချုန်းဂျိုးဂျိမ့်
မိုးပြိုလိမ့်ထင်ယောင်စရာ
သွန်းစွေဆက်ရွာ တမိုးသစ်ပြန်ပေါ့တခါ။
သည်ချိန်မှာရပ်ဝေးရွာက
နှမနဲ့ညီပါမိသားစုတွေပါ
ယာလယ်ပြင်ရေဖွေးဖွေးမှာ
ထွန်ရေးထယ် ရွှံ့ညွန်ဗွက်ပါ
ဟိုယာခင်းတဖက်မှာ နှမငယ်နဲ့တယောက်သောသူပါ
ကောက်စိုက်ကြ အဖော်စုံစွာ။
သည်ချိန်မှာရပ်ဝေးရွာက
နှမနဲ့ညီပါမိသားစုတွေပါ
ယာလယ်ပြင်ရေဖွေးဖွေးမှာ
ထွန်ရေးထယ် ရွှံ့ညွန်ဗွက်ပါ
ဟိုယာခင်းတဖက်မှာ နှမငယ်နဲ့တယောက်သောသူပါ
ကောက်စိုက်ကြအဖော်စုံစွာ။
ပျော်ပျော်ရွှင်ဆိုတေးဟစ်ကာ
တောရွာစဉ်ဓလေ့ကျွန်တော်အောက်မေ့လျက်ပါ
မိသားစုနဲ့ကိုယ့်နေရင်းရွာ
ပြန်ချင်သမို့ဌာနေသို့သာ
မှိုင်းညို့ပြာ ဆိုင်းလို့ရွာ
တမိုးသစ်လေသောအခါ ။
မှိုင်းညို့ဆိုင်းကာ
ရှစ်ခွင်တိုင်း အာကာမိုးလယ်ပါ
ဝိုးဝင်းဝါလျက်သာ
ပြိုးပြိုးပြက်လျှပ်စစ်ရောင်ဖြာ
ထစ်ချုန်းဂျိုးဂျိမ့်
မိုးပြိုလိမ့်ထင်ယောင်စရာ
သွန်းစွေဆက်ရွာ တမိုးသစ်ပြန်ပေါ့တခါ ။
မှိုင်းညို့ဆိုင်းကာ
ရှစ်ခွင်တိုင်း အာကာမိုးလယ်ပါ
ဝိုးဝင်းဝါလျက်သာ
ပြိုးပြိုးုပက်လျှပ်စစ်ရောင်ဖြာ
ထစ်ချုန်းဂျိုးဂျိမ့်
မိုးပြိုလိမ့်ထင်ယောင်စရာ
သွန်းစွေဆက်ရွာ တမိုးသစ်ပြန်ပေါ့တခါ ။
သည်ချိန်မှာရပ်ဝေးရွာက
နှမနဲ့ညီပါမိသားစုတွေပါ
ယာလယ်ပြင်ရေဖွေးဖွေးမှာ
ထွန်ရေးထယ် ရွှံ့ညွန်ဗွက်ပါ
ဟိုယာခင်းတဖက်မှာ နှမငယ်နဲ့တယောက်သောသူပါ
ကောက်စိုက်ကြ အဖော်စုံစွာ။
သည်ချိန်မှာရပ်ဝေးရွာက
နှမနဲ့ညီပါမိသားစုတွေပါ
ယာလယ်ပြင်ရေဖွေးဖွေးမှာ
ထွန်ရေးထယ် ရွှံ့ညွန်ဗွက်ပါ
ဟိုယာခင်းတဖက်မှာ နှမငယ်နဲ့တယောက်သောသူပါ
ကောက်စိုက်ကြအဖော်စုံစွာ။
ပျော်ပျော်ရွှင်ဆိုတေးဟစ်ကာ
တောရွာစဉ်ဓလေ့ကျွန်တော်အောက်မေ့လျက်ပါ
မိသားစုနဲ့ကိုယ့်နေရင်းရွာ
ပြန်ချင်သမို့ဌာနေသို့သာ
မှိုင်းညို့ပြာ ဆိုင်းလို့ရွာ
တမိုးသစ်လေသောအခါ ။
https://soundcloud.com/akmoe-uk/zzwonlndaxja
ဒေါက်တာတင့်ဆွေ

Comments
Post a Comment