Skip to main content

မြန်မာ ကလေးကစားနည်း

(မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀)

ကမ္ဘာ အရပ်ရပ်ရှိ ကလေးများတွင် လူမျိုးအလိုက် ကလေးကစားနည်းများ ရှိသကဲ့သို့ မြန်မာ ကလေးများသည်လည်း ကစားနည်းများ ရှိကြလေသည်။ ထိုကလေးကစားနည်းများအနက် ကလေးများ အကြိုက်ဆုံး ကစားနည်းအချို့ကို ဖော်ပြ လိုက်ပေးသည်။ ယင်းတို့မှာ –

(၁) ရွှေစွန်ညို ကစားနည်း၊

(၂) ဘီးရောင်းတမ်း ကစားနည်း၊

(၃) ညောင်ပင်တစ္ဆေ ကစားနည်းနှင့်

(၄) မြို့တံခါးကြီး ကစားနည်းတို့ဖြစ်သည်။

(၁) ရွှေစွန်ညို ကစားနည်း

ရွှေစွန်ညို ကစားရာတွင် ခေါင်းဆောင် လုပ်သူ၏ ခါးတွင် ဝတ်ထားသော လုံချည်နှင့် ခါးကြားတွင် အခြားကစားသမား၏ လက်ချောင်းများကိုသွင်း၍ ကိုင်ထားရသည်။ သို့နောက်တွင်လည်း အခြားကစားသူ တဦးက အလားတူ ကိုင်ထားလေသည်။ ထိုနည်းအတိုင်း ခေါင်းဆောင် လုပ်သူ၏ နောက်ဖက်တွင် ကလေးများသည် တယောက်၏ လုံချည်နှင့် ခါးကြားတွင် တယောက်၏ လက်ချောင်းကလေးများကို သွင်းကာ ကိုင်ထားကြလေသည်။ ကစားသူ ကလေးတယောက်က ရွှေစွန်ညိုအဖြစ်ကစားရ၍ သူက ခေါင်းဆောင်လုပ်သူ၏နောက်ဆုံးတွင်ရှိနေသူ မထွေးကို မိအောင် ဖမ်းရလေသည်။ ခေါင်းဆောင်ဖြစ်သူကလည်း သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီးလျှင် နောက်ဆုံးတွင်ရှိနေသူ မထွေးအား မမိစေရန် ကာဆီးပေးရလေသည်။

ကစားပွဲမစတင်မီ ရွှေစွန်ညို လုပ်သူနှင့် မထွေး၏ ရှေ့ဖက်ရှိ ခေါင်းဆောင်လုပ်သူတို့သည် အမေးအဖြေများ ပြုလုပ်ကြရလေသည်။ ပြုလုပ်ကြပုံမှာ –

ခေါင်းဆောင် – ရွှေစွန်ညို ဘာကို လိုလို့ ဝဲပတ်တယ်

ရွှေစွန်ညို – မထွေး လိုလို့ ဝဲလာတယ်

ခေါင်းဆောင် – မထွေး မပါ တို့ချည်းလား

ရွှေစွန်ညို – ပါပါရဲ့သား နောက်က ထား

ခေါင်းဆောင် – မထွေး အသား ခါးလှတယ်

ရွှေစွန်ညို – ပင်လယ်ရေနှင့် ဆေးပါမယ်

ခေါင်းဆောင် – ပင်လယ် ရေ ခန်းပြီ

ရွှေစွန်ညို – မြစ်ရေနှင့် ဆေးပါမယ်

ခေါင်းဆောင် – မြစ်ရေ ခန်းပြီ

ရွှေစွန်ညို – ချောင်းရေနှင့် ဆေးပါမယ်

ခေါင်းဆောင် – ချောင်းရေ ခန်းပြီ

ရွှေစွန်ညို – ဆန်ဆေးရေနှင့် ဆေးပါမယ်

ခေါင်းဆောင် – ဆန်ဆေးရေ တို့မပေး

ရွှေစွန်ညို – မထွေး လွတ်အောင်ပြေး

ဟု ဆိုသောအခါတွင် စွန်များဝဲသကဲ့သို့ ဗယ်မှညညာ၊ ညာမှ ဗယ်သို့ ကိုယ်ကိုတိမ်းငဲ့၍ လက်နှစ်ဖက် ဆန့်တန်းပြီးလျှင် မထွေးကိုမိရန် ကြိုးစားရလေသည်။ ခေါင်းဆောင် လုပ်သူလည်း အထက်တွင်ဆိုခဲ့သည့်အတိုင်း သွက် လက်သူကို ဆန့်တန်းပြီးလျှင် မထွေးကို ရွှေစွန်ညို မမိစေရန် ကာကွယ်ပေးရလေသည်။

ကစားရာတွင် ကလေးရှစ်ယောက်မှ ဆဲ့ငါးယောက်အထိ ကစားလေ့ ရှိကြသည်။ ရွှေစွန်ညို လုပ်သူမှာ များသောအားဖြင့် ယောက်ျားကလေး ဖြစ်လေ့ ရှိသည်။ ခေါင်းဆောင်လုပ်သူသည် ကစားသူများတွင် များသောအားဖြင့် အကြီးဆုံးဖြစ်လေ့ရှိသည်။ အမှန်မှာ ရွှေစွန်ညိုသည် မထွေးကို မိခဲလှသည်။ ထိုနည်းဖြင့် ကစားသူများ မောလာသည့်တိုင်အောင် ကစားလေ့ ရှိကြလေသည်။

(၂) ဘီးရောင်းတမ်း ကစားနည်း

ဘီးရောင်းတမ်းကစားကြရာတွင် ရွှေစွန်ညို ကစားရာမှာကဲ့သို့ ကစားသူ ကလေးများ မများလှချေ။ ကစားရာတွင် ရွှေစွန်ညို ကစားခြင်းမှာကဲ့သို့ပင် ခေါင်းဆောင်၏ နောက်တွင် တယောက်ပြီး တယောက် စီရပ်သွားရလေသည်။ ကစားပွဲ စလျင်စခြင်း ဖြစ်စေ၊ အမေးအဖြေပြုလုပ်ကြရာ၌ တဝက်လောက်သို့ ရောက်သောအခါ၌ဖြစ်စေ ကစားသော ကလေးများသည် သူတို့၏ ခြေထောက်များကို တချောင်းနှင့် တချောင်း ကပ်၍ မထားကြဘဲ ခွလိုက်ကြပြီးလျှင် လုံချည်များကို ဒူးဆစ်အပေါ် သို့ ရောက်ရှိသွားသည်အထိ ခွထားသော ခြေနှစ်ချောင်း၏ အလယ်မှ ကိုင်၍ မ တင်ထားလိုက်ကြလေသည်။

ဘီးရောင်းသူနှင့် ခေါင်းဆောင် လုပ်သူတို့က အမေးအဖြေများကို နားလည် ထားကြရလေသည်။

ခေါင်းဆောင် – ဘာဘီးလဲ

ဘီးရောင်းသူ – သန်ပုခါး ဘီး

ခေါင်းဆောင် – အစစ်လား

ဘီးရောင်းသူ – အစစ်ဘဲ

ခေါင်းဆောင် – အစစ်ပေး

ဘီးရောင်းသူက ကစားသူတိုင်းကို ဘီးလိုက်၍ ပြရသည်။ ကစားသူတိုင်းကလည်း ဘီး လာပြသော အခါတွင် တံထွေးကို ထွေးလိုက်ရသည်။ ထို့နောက် ဘီးရောင်းသူက ဘီးကို ခေါင်းဆောင် လုပ်သူအား ပေးလိုက် ရသည်။ သို့မဟုတ် လျင်လည်း ဘီးရောင်းသူက ကစားသူတိုင်းကို ဘီးလိုက်၍ မပြတော့ဘဲ၊ ခေါင်းဆောင်လုပ်သူကို ဘီး တိုက်ရိုက် ပေးလိုက်နိုင်သည်။ ခေါင်းဆောင်လုပ်သူက သူနောက်ရှိသူများကို တဆင့် ဘီးကို ပြပေးသည်။ ထိုအခါ ကစားသူများက တဖက်သို့ လှည့်၍ တံထွေးထွေးလိုက်ရသည်။ ထိုနည်းဖြင့် ဆင့်ကဲ ဆင့်ကဲ ဘီးသည် ခေါင်းဆောင်လုပ်သူထံသို့ ပြန်ရောက်သွားသော အခါတွင် ခေါင်းဆောင်လုပ်သူက ဘီးကို သူ၏ ခြေထောက် နှစ်ချောင်းကြားမှ နောက်ဆုံး လူ၏ ခြေထောက်ကြား ရောက်သည်အထိ ပစ်လိုက်လေသည်။ ထို့နောက် ဘီးသည်က ဘီးဖိုးကို တောင်းခံရာ –

ဘီးရောင်းသူက သူ၏ လက်တဖက်နှင့် ဖြစ်စေ၊ လက်နှစ်ဖက်နှင့် ဖြစ်စေ တုတ်တချောင်းကို၎င်း၊ တုတ်ကဲ့သို့သော ပစ္စည်းတခုခုကို၎င်း ကိုင်၍ သူ၏ ခေါင်းပေါ်တွင် တင်ထားရသည်။ ထို့နောက် ဘီး၊ ဘီး ဟု အော်ကာ ခေါင်းဆောင်၏ ရှေ့သို့သွားရသည်။ ထိုအခါ –

ခေါင်းဆောင် – ဘာဘီးလဲ

ဘီးရောင်းသူ – ရွှေဘီး

ခေါင်းဆောင် – ရှေစော်နံ ပြန်လိုက်အုံး

ထိုအခါ ဘီးသည်က လှည့်သွားပြီးလျှင် တဖန်ပြန်လာကာ

ဘီးရောင်းသူ – ဘီး၊ ဘီး

ခေါင်းဆောင် – ဘာဘီးလဲ

ဘီးရောင်းသူ – ငွေဘီး

ခေါင်းဆောင် – ငွေစော်နံ ပြန်လိုက်အုံး

ဘီးရောင်းသူသည် လှည့်သွားပြီးလျှင် တဖန်ပြန်လာကာ

ဘီးရောင်းသူ – ဘီး၊ ဘီး

ခေါင်းဆောင် – စစ်ရဲ့လား

ဘီးရောင်းသူ – အစစ်ဘဲ

ခေါင်းဆောင် – အသစ်နည်းနည်း ထည့်ပါအုံး

ကစားသူတိုင်းကတံထွေးထွေးပြီး၍ သူတို့၏ခြေထောက်များကို တဆင့်တခု ခွပြီးလျှင် လုံချည်များကိုမ၍ တင်ပြီးသောအခါတွင် ခေါင်းဆောင် လုပ်သူ သည်ဟာ ထိုတုတ်လှူ အန္တ ဟူ၍ ဆိုပြီးနောက် ဘီးကို ခြေထောက်များ အကြားမှ နောက်ဖက်သို့ပစ်လိုက်လေသည်။ ထို့နောက် ဘီးရောင်းသူက ဘီးဖိုးကို တောင်းခံလေသည်။

ထိုအခါ ခေါင်းဆောင် လုပ်သူက မိုးပေါ်မှာ တောင်းဟူ၍ ပြောရာ –

ဘီးရောင်းသူ – တောင်းမရဘူး

ခေါင်းဆောင် – သိကြားမင်းဆီ တောင်း

ဘီးရောင်းသူ – မပေးဘူး

ခေါင်းဆောင် – နတ်ပြည်တောင်း

ဘီးရောင်းသူ – နတ်ပြည်က အမြင့်ကြီး လိမ်ကျမှာ ကြောက်တယ်

ခေါင်းဆောင် – ဘုန်းကြီးကျောင်းမှာ သွားတောင်း

ဘီးရောင်းသူ – ခွေးတွေ လိုက်ကိုက်တယ်

ခေါင်းဆောင် – ညောင်ပင်က ရုက္ခစိုး ဆီ သွားတောင်း

ဘီးရောင်းသူ – ညောင်ပင် အောက်က ပုရွက်ဆိတ်တွေ ကိုက်တယ်

ခေါင်းဆောင် – နောက်က မထွေးလေးရယူတော့

ထိုသို့ ဆိုပြီးလျှင် မထွေးကိုမမိစေရန် လက်နှစ်ဖက်ကို ဆန့်တန်း၍ ကာကွယ်ပေးလေသည်။ ဘီးရောင်းသူကလည်း မထွေးကို မိအောင် လိုက်ဖမ်းလေသည်။

နောက်ဖက်ရှိ မထွေးကို မိလျှင် မထွေးက ဘီးရောင်းသူအဖြစ် ဆက်၍ ကစားကြလေသည်။

အမေးအဖြေများကိုသာ နားလည်ကြလျှင် နားလည်သည့် ကလေးတိုင်းက ဝင်၍ ဆို့နိုင်လေသည်။ အမေး အဖြေ ပြုလုပ်ကြရာတွင် –

ကစားသူများ – ညောင်ပင်တစ္ဆေ

ညောင်ပင်တစ္ဆေလုပ်သူ – ဝေလေလေ

ကစားသူများ – နင် ဘယ်ကိုင်းမှာ နေ

ညောင်ပင်တစ္ဆေလုပ်သူ – ညောင်ကိုင်းမှာ နေ

ကစားသူများ – နင် ဘာသီးစား

ညောင်ပင်တစ္ဆေလုပ်သူ – ညောင်သီးစား

ကစားသူများ – နင် ဘာကွမ်း စား

ညောင်ပင်တစ္ဆေလုပ်သူ – ညောင် ကွမ်းစား

ကစားသူများ – နင် ဘာထမင်း စား

ညောင်ပင်တစ္ဆေလုပ်သူ – ညောင် ထမင်းစား

ကစားသူများ – နင် ဘာဟင်းစား

ညောင်ပင်တစ္ဆေလုပ်သူ – ညောင် ဟင်းစား

ကစားသူများ – နင် ဘာရေသောက်

ညောင်ပင်တစ္ဆေလုပ်သူ – ညောင် ရေသောက်

ကစားသူများ – နင် ဘာကွမ်းသီး စား

ညောင်ပင်တစ္ဆေလုပ်သူ – ညောင်ကွမ်းသီးစား

ကစားသူများ – ညောင်ပင် တစ္ဆေ နင်ထမင်းစားပြီးပြီလား

ညောင်ပင်တစ္ဆေလုပ်သူ – မစားရ သေးဘူး၊ ဘာဟင်းချက်သလဲ

ကစားသူများ – ကြက်သားဟင်းချက်တယ်

ညောင်ပင်တစ္ဆေလုပ်သူ – ငါ့တခွက်ပေး

ကစားသူများ – ဘာလုပ်ဖို့လဲ

ညောင်ပင်တစ္ဆေလုပ်သူ – ငါစားဖို့

ကစားသူများ – မပေးနိုင်ဘူး၊ မထွေးလေး ရလျှင် ယူတော့

ဘီးရောင်းသူ – ဘီးဖိုးပေး

ခေါင်းဆောင် – နောက်လူ တောင်း

ထိုနည်း အတိုင်း နောက်ဆုံးရှိ ကစားသူထံသို့ ရောက်သွားသော အခါတွင် ထိုနောက်ဆုံးလူက ရှေ့လူ တောင်းဟု ပြောလိုက်လေသည်။ ထိုနည်းအတိုင်း ဆင့်ကဲ ဆင့်ကဲ တောင်းခံရာ ခေါင်းဆောင်ထဲသို့ ပြန်ရောက် သွားသော အခါတွင် –

ခေါင်းဆောင် – မိုးပေါ်မှာ တောင်း

ဘီးရောင်းသူ – နတ်သမီး တွန်းချတယ်

ခေါင်းဆောင် – ညောင်ပင်အောက်မှာသွားတောင်း

ဘီးရောင်းသူ – ပုရွက်ဆိတ် ကိုက်လွှတ်တယ်

ဘီးရောင်းသူ – နင်တို့နောက်ကဘာတွေလဲ

ခေါင်းဆောင် – ခွေးကလေးတွေ

ဘီးရောင်းသူ – အူပြစမ်း

ခေါင်းဆောင်နှင့် တကွ ကစားသူအားလုံး

အူး.....အူး.....

ဘီးရောင်းသူ – ငါ့ တကောင် ပေး

ခေါင်းဆောင် – ဘာလုပ်ဖို့လဲ

ဘီးရောင်းသူ – ကစားဖို့

ထိုအခါ ခေါင်းဆောင်လုပ်သူက သူ၏လက်များကို ဆန့် တန်းပြီးလျှင် ဘီးရောင်းသူကနောက်ကလူများကိုဖမ်း၍မိ အောင် ကာကွယ်ပေးသည်။ ဘီးရောင်းသူကလည်း ခေါင်း ဆောင်၏နောက်ဖက်တွင် ရှိသူ တဦးဦးကို မိစေရန် ဗယ်နှင့်

ညာပြောင်း၍ လိုက်ဖမ်းသည်။ မိသူသည် ဘီးသည် လုပ်ရ၍ ကစားပွဲကို အစမှ ပြန်၍ ကစားကြလေသည်။

အထက်ဖော်ပြပါ ဘီးရောင်းတမ်းကစားနည်းတွင် တဒေသနှင့်တဒေသ မတူဘဲ အနည်းငယ် ကွဲလွဲချက်ကလေးများ ရှိတတ်သည်။ သို့သော် အခြေခံတွင်မူ မထူးခြားလှချေ။

ဘီးရောင်းသူ – ဘီး၊ ဘီး

ခေါင်းဆောင် – ဘာဘီးလဲ

ဘီးရောင်းသူ – ဝါးဘီး

ခေါင်းဆောင် – ဝါးစော်နံ ပြန်ပါအုံး

ယခင်နည်း အတိုင်း ဘီးသည်လုပ်သူ လှည့်၍ တဖန် ပြန်လာကာ

ဘီးရောင်းသူ – ဘီး၊ ဘီး

ခေါင်းဆောင် – ဘာဘီးလဲ

ဘီးရောင်းသူ – လိပ်ခွံဘီး

ခေါင်းဆောင် – လိပ်စော်နံ ပြန်ပါအုံး

ထို့နောက် ဘီးရောင်းသူက စိန်ဘီး ဟု ဆိုပြန်သည်။ ထိုနည်းအတိုင်း ဘီးတမျိုးပြီးတမျိုး ပြောင်းလဲပြောဆိုပြီး ၍ နောက်ဆုံး သန်ပုခါးဘီးဟု ဆိုသောအခါတွင် –

(၃) ညောင်ပင်တစ္ဆေ ကစားနည်း

ကစားသူ များလျှင် များသည့် အလျောက်နှင့် နည်းလျှင် နည်းသည့်အလျောက် စက်ဝိုင်းပုံ အကြမ်းစားကို မြေကြီးပေါ်တွင် ကစားသူများက ကြီးကြီး ရေးဆွဲလိုက်သည်။ ထို့နောက် စက်ဝိုင်း၏ အချင်းကိုလည်း ရေးဆွဲလိုက်သည်။ စည်းဝိုင်း၏ အပြင်တွင် ညောင်ပင်တစ္ဆေ လုပ်သူက နေရသည်။ စက်ဝိုင်းအတွင်းတွင် မထွေးလုပ်သူက နေရသည်။ မထွေးလုပ်သူသည် ကစားသူများတွင် အငယ်ဆုံး ဖြစ်လိမ့်မှ ဖြစ်ပေလိမ့်မည်။ ကျန်ကစားသူများက မထွေးလုပ်သူကို ကျောပေးပြီးလျှင် စက်ဝိုင်းအပြင်ဖက်ကို မျက်နှာမူထားကြသည်။ စက်ဝိုင်းအတွင်းရှိ ကစားသူတိုင်းသည် ညောင်ပင်တစ္ဆေ လုပ်သူနှင့် အခြားကစားသူများ၏

ထိုသို့ ဆိုပြီးကြသောအခါတွင် မထွေးသည် အလယ်၌နေ၍ အခြား ကစားသူများက မထွေး ဘေးပတ်လည်တွင် စည်းကို မထိမိစေဘဲ ကခုန်ကြပြီးလျှင် ညောင်ပင်တစ္ဆေကို လက်ညှိုးထိုး၍ ပြောင်လှောင် ကြလေသည်။ ညောင်ပင်တစ္ဆေ လုပ်သူကလည်း မထွေးကို စည်းဝိုင်း၏ အပြင်သို့ ဆွဲထုတ်နိုင်ရန် ဟိုဖက် သည်ဖက်လှည့်၍ လိုက်လေသည်။ တယောက်ယောက် လဲသောအခါ ညောင်ပင်တစ္ဆေက မထွေးကို ဝင်၍ဆွဲယူလေသည်။ ကစားသူများကလည်း မထွေးကိုစည်းဝိုင်းအလယ်တွင်သာ ရှိနေစေရန် ဆွဲယူကြလေသည်။ နောက်ဆုံးတွင် ညောင်ပင်တစ္ဆေက မထွေးကို တစိတ်တဒေသအားဖြင့် စည်းကို ကျော်အောင် ဆွဲယူနိုင်လျှင် မထွေးက ညောင်ပင်တစ္ဆေ လုပ်၍ ကစားပွဲကို အစမှ ပြန်ကစားကြလေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ