Skip to main content

First Impressions ကနဦးထင်မှတ်ချက်သည် မှားယွင့်လေ့ရှိသည်

နိဒါန်း

စောစောက ဘီယာသောက် ‘တက်’ နေပြီ ဆိုတဲ့ ‘တက်’ နဲ့ ‘တက်’ အမှားစာအောက်မှာ နောက်ဆုံးလာတဲ့ ဆဲရေးတိုင်းထွာတဲ့ ကွန်မင့်ကို ဘလော့လိုက်ရတယ်။ ဘလော့ရသူဟာ အရင်တခါက သတ်ပုံမေးလို့ ဖြေထားတဲ့သူ ကျေးဇူးစကားလည်း ပြန်ပါတယ်။ ဒီတခါ သူနဲ့မဆိုင်ဘဲ ဆဲတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း သတ်ပုံစာအတွက် လူတယောက်ကို ဘလော့ရတယ်။ သူ့ ပရိုဖိုင်းလ် မှာ ဘုရားပုံနဲ့။

(၁)

ပညာပေးစာ

A first impression that goes wrong is common မှားသွားလေ့ရှိသော ပထမဦးဆုံးအထင်အမြင် 

လူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်။ များသောအားဖြင့် လူတို့က ကနဦးရရှိထားတဲ့ အချက်အလက်တွေကို ပိုပြီးအလေးထားလေ့ရှိပြီး ၎င်းအမြင်ကို ပြန်လည်ပြင်ဆင်ရန် ခဲယဉ်းတဲ့ Primacy Effect ကြောင့် ဖြစ်တတ်တယ်။ 

အဲလိုအတွေ့အကြုံများအတွက် အကြံပြုချက်တွေလည်း ရှိတယ်။

ပြင်နိုင်ရေးဆိုတာ ခဲယဉ်းပေမဲ့ မကောင်းတဲ့ ပဌမအထင်အမြင်ကို လျင်မြန်တဲ့လုပ်ဆောင်ချက်၊ နှိမ့်ချမှုနဲ့ အချိန်ယူရပါမယ်။ တစိုက်မတ်မတ်နဲ့ အပြုအမူကောင်းတွေနဲ့ ကျော်လွှားပါတဲ့။

(၂)

သီအိုရီ

Most of the first impression gone wrong ကနဦးအထင်အမြင်များ မှားတတ်သည်

ပထမဦးဆုံး တွေ့ဆုံချိန်တွင် အထင်အမြင်များ မှားယွင်းရခြင်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အသွေးထက် မပြည့်စုံသော အချက်အလက်များအပေါ် အခြေခံကာ လျင်မြန်စွာနှင့် မသိစိတ်က ဆုံးဖြတ်မိခြင်းကြောင့် ဖြစ်လေ့ရှိသည်။ ၎င်းမှာ စိတ်ခံစားမှုပြသပုံ၊ ရုပ်ရည်သွေးပြင် သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ဘက်လိုက်မှုများကြောင့် ဖြစ်ပေါ်တတ်သည်။ လူသားများသည် ရှင်သန်ရပ်တည်ရေးအတွက် ဤကဲ့သို့ လျင်မြန်သော "ဖြတ်ခနဲ ဆုံးဖြတ်ချက်" (Snap judgments) များအပေါ် မှီခိုကြသော်လည်း ၎င်းတို့သည် ရေရှည်ကိုယ်ရည်ကိုယ်သွေးနှင့် အပြုအမူများကို ခန့်မှန်းရာတွင် မှားယွင်းတတ်သည်။

မသိစိတ်က ဘက်လိုက်မှုနှင့် ပုံသေကားချပ်အမြင်များ (Subconscious Bias & Stereotypes): ကျွန်ုပ်တို့သည် ခိုင်လုံသော အချက်အလက်များထက် ပုဂ္ဂိုလ်ရေးအရ အစွဲရှိမှုများ သို့မဟုတ် အပေါ်ယံမြင်ရသော အဝတ်အစားနှင့် အမူအရာကဲ့သို့သော အချက်များအပေါ်တွင်သာ အလေးထား၍ ဆုံးဖြတ်လေ့ရှိကြသည်။

"ဖြတ်ခနဲ ဆုံးဖြတ်ချက်" ယန္တရား (The "Snap Judgment" Mechanism): လူသားတို့၏ ဦးနှောက်သည် လူသစ်တယောက်အကြောင်းကို တမိနစ်မပြည့်မီသော အချိန်အတွင်း အဖြေထုတ်ရန် ကြိုးစားသောကြောင့် အမှားနှုန်း မြင့်မားတတ်သည်။ ဥပမာအားဖြင့် လူတဦး၏ ဝမ်းနည်းနေသော သို့မဟုတ် ပင်ပန်းနေသော မျက်နှာအမူအရာကို အရည်အချင်းမရှိခြင်းဟု မှားယွင်းစွာ ယူဆတတ်ကြသည်။

အလွန်အကျွံ လုပ်ဆောင်မိခြင်း သို့မဟုတ် စိတ်လှုပ်ရှားခြင်း (Overcompensating or Nervousness): လူတို့သည် အထင်ကြီးခံရစေရန် အလွန်အကျွံ ကြိုးစားရာတွင် မိမိ၏ ပင်ကိုယ်ပုံစံ မဟုတ်ဘဲ ဟန်ဆောင်မိခြင်း၊ သူတပါးအလိုကို အလွန်အမင်း လိုက်လျောမိခြင်း သို့မဟုတ် မလိုအပ်ဘဲ အချက်အလက်များ အလွန်အကျွံ ပြောဆိုမိခြင်းတို့ကြောင့် အကျိုးထက် အပြစ်က ပိုများသွားတတ်သည်။

ကနဦး အဓိပ္ပာယ်ကောက်ယူမှု မှားယွင်းခြင်း (Initial Misinterpretation): သူစိမ်းတယောက်၏ စိတ်လှုပ်ရှားနေမှု သို့မဟုတ် မျက်လုံးချင်းဆုံ၍ စကားမပြောနိုင်မှုကို ရှက်ရွံ့ခြင်းဟု မယူဆဘဲ ယုံကြည်၍မရသူဟု ကျွန်ုပ်တို့ မှားယွင်းစွာ အဓိပ္ပာယ်ကောက်ယူမိတတ်သည်။

မကောင်းမြင်သောအရှိန်အဟုန် (Negative Intensity): မကောင်းသော ပထမအထင်အမြင်များသည် ကောင်းသော အထင်အမြင်များထက် ပို၍ စွဲထင်ကျန်ရစ်တတ်ပြီး ၎င်းတို့ကို ပြန်လည်ပြင်ဆင်ရန်လည်း ပို၍ခက်ခဲတတ်သည်။

(၃)

ကျွန်တော့ အတွေ့အကြုံနဲ့ အမြင်

တဦးနဲ့တဦး အတော်မတူကြလို့ ထင်ပါတယ်။

တချို့က လူကဲခတ်တာ ကျွန်တော့ထက် သာတယ်။ ကျွန်တော်က လူသစ်တယောက်ကို စတွေ့တွေ့ချင်း အမှတ်ပြည့် ပေးထားလေ့ရှိတယ်။ နောက်တော့ အမှတ်လျှော့ရတယ်။ 

တချို့ကို တော်တော်နဲ့ အမှတ်မလျှော့။ တချို့ကတော့ ဒုတိယအကြိမ်မှာ အမှတ် တဝက်သာ ကျန်တော့တယ်။ 

ပြည်ပနိုင်ငံရေး ဆယ်စုနှစ် သုံးခုမှာ ကျွန်တော့် ကနဦးသတ်မှတ်ချက်တွေ အတော်လွဲခဲ့ပါတယ်။ ဘရူးတပ်စ် လိုလူစား ၃-၄-၅ ယောက်ကြုံခဲ့ရတယ်။

ဆိုရှယ်မီဒီယာမှာ စကားလုံးခန့်ခန့်တွေ၊ လှတပတတွေ၊ အနုသယတွေ၊ တရားစာတွေ ဘယ်လို ပြထားထား အခုတော့ သဘောပေါက်လာပြီ။ 

သဘောပေါက်တာက နည်းနည်းသာ ရှိသေးမှန်းလည်း သိပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ