ကျွန်တော် သူငယ်တန်းကနေ ဆေးကျောင်းပြီးတဲ့အထိ 'တခါတလေ' ကို 'တခါတလေ' လို့သာ ရေးပါတယ်။
မူရင်းစာလုံးပေါင်း = တခါတလေ
မူသစ်တမျိုး = တစ်ခါတစ်လေ။
မူသစ်တမျိုး = တစ်ခါတလေ။
မူသစ်တမျိုး = တခါတစ်လေ။
တကျွန်း – န / ဒွန်း / ခ၊ ပင်လယ်ရပ်ခြား တိုင်းတပါး။
၂။ တသက်တာ သောင်ဒဏ်ခံရသူတို့ ကို ထားရာအရပ်။
တခဏချင်း – န / တခနချင်း / အလွန်တိုတောင်းသောကာလ
အတွင်း။ “လူသည် လေကို မရှု၊ ရှိုက်ရလျှင် တခဏချင်းပင်
သေလိမ့်မည်။” မောင်မောင်။ ၂။
တခါ – ကြိဝိ / တဂါ / အကြိမ်အလှည့်အားဖြင့်။ “အကြေမြို့
ဆိုတဲ့ ပြေသို့ တခါစိုင်းရပြန်တော့။” မျောက်ဒွိ။ ၇၁။
– န / တခါ / တခုသော အချိန်အခါ။ “သဘာဝဓမ္မပါရဂူ
တယောက် တခါက ပြောဘူးလေသည်။” ငှက်။ ၂၅။
တခါတခါ – ကြိဝိ / တခါတခါ / အမြဲမဟုတ်။ အခန့်သင့်သည့်
အခါ။ တခါတရံ။ တခါတလေ။ “တခါတခါရွှေထွက်သည်။”
ကိပုံ။ ၇၂။
တခါတရံ – ကြိဝိ / တခါတယန် / တခါတခါ – ကြိဝိ နှင့် အတူတူ။
“တခါတရံ လက်မ ၃၀၀ အထိ ရွာသွန်း လေသည်။”
မြန်သွေး။ ၂၆။
တခါတလေ – ကြိဝိ / တခါတလေ / တခါတခါ – ကြိဝိ နှင့်
အတူတူ။ “တခါတလေ ကွဲအက်စေ၏။” ဇီဝက။ ၁၁၅။
တခါတည်း – ကြိဝိ / တခါဒဲ / တခါဒီး / တချိန်တည်း။ တကြိမ်
တည်း။ တချက်တည်း။ ချက်ချင်း။ “ဥပဒေ တရပ် အဖြစ်
တခါတည်း ပြဋ္ဌာန်းလိုက်လေသည်။” လူချွန်။ ပ။ ၅၁။
တခိခိ – ကြိဝိ / တခိခိ / ရုတ်တရက် တိုးတိုးတိတ်တိတ် ရယ်
သော အသံကို ပြလျှက်။ “ကိုယ့်အကြံ အောင်၍ တခိခိရယ်
ခြင်း။” နိုင်ငံ့ဂုဏ် ဒု။ ၁၅။
တခုလပ် – န / တခုလတ် / တလင်ကွာမိန်းမ။ “ကုမ္ပဏီ နု မတ်
မတ်ထက်။ တခုလပ်သာထင်။” တပ်။ ၇၁။
တခဲနက် – ကြိဝိ / တခဲနက် / အကြားအလပ်မရှိ တဆိုင်တခဲဖြစ်
လျှက်။ တစုတဝေးတည်း ဖြစ်လျှက်။ “တခဲနက် သောတိမ်
တိုက်မှ ထွက်သော လပြည့်ဝန်းကဲ့သို့။” ကိကုဏ်။ ၁၅။
တခေါ် – န / တခေါ် / လှမ်း၍ခေါ်သော ကြားနိုင်လောက်
တခါတလေ တဇွတ်ထိုး https://burmese-spelling.blogspot.com/.../blog-post_544.html
တခါတလေ ဝဠာဗွေအုံ့ဆိုင်း https://burmese-spelling.blogspot.com/.../blog-post_493.html
တခါတလေရေးတာ မှန် https://burmese-spelling.blogspot.com/.../blog-post_87.html
တွံတေးသိန်းတန် - ထွေးညို https://www.youtube.com/watch?v=5m1U5hHns8Y
ဘဝခရီးလမ်းတလျှောက်မှာ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment