Skip to main content

ရွှေတကျပ်သား



ဆေးကျောင်းသားဘဝက ရွှေတကျပ်သား (၁၅၀)ကျပ်

ဆရာဝန်ဖြစ်တော့ ၂၀၀ ကနေစသည်။ တိုင်းပြည်ကထွက်ရချိန်မှာ ၁၅၀၀၀။

ရွှေတကျပ်သား ပြား ၁၅၀ တက်လာသည် (ပုံအတွက် ကျေးဇူး)

ရွှေတန်ဘိုးနှင့် မြန်မာစာတန်ဘိုးကို ၂၁-၃-၁၉၆၁ နေ့ထုတ် သတင်းစာက ပြောပြနေသည်။

၂၀-၆-၁၉၇၈ နေ့စွဲနဲ့ ရွေခြေကျင်းတရံ ဘောင်ချာထဲမှာ ရွှေဈေးနှုန်းက ၁၃၂၅ ကျပ် လို့ပါရှိတယ်။ သမိုင်းထဲက ရွှေဈေးမှန်ကို သိရတဲ့အတွက် ကျေးဇူးကြီးပါတယ်။ ၁၉၇၈ ခုနှစ်ဆိုရင် ကျွန်တော် ဆရာဝန်ဖြစ်တာ ၆ နှစ်ရှိနေပြီ။

ခေတ်အဆက်ဆက်က မြင့်တက်လာ​သော ​ရွှေ​တကျပ်သားစျေးနှုန်းများ တင်ထားတာတခု တွေ့တယ်။ ၁၉၆၂ ခုနှစ် (၂၅၀) ကနေ ၂၀၂၂ ဇူလိုင်လ (၂၀၆၂၀၀၀) အထိ ပါတယ်။ 

- ၁၇-၁-၂၀၂၂ မြန်မာ့ရွှေ နှင့် ကမ္ဘာ့ရွှေစျေးနှုန်း တနေ့ နည်းနည်းတက် ၁၉ သိန်း ၅ သောင်း (သတ်ပုံ မှန်တယ်။)

- ၂၁-၃-၁၉၆၁ ရက်နေ့မှာ ရွှေတကျပ်သား ပြား ၁၅၀ စျေးတက်လာသည်။ (သတ်ပုံ မှန်တယ်။)

- ၁၁-၅-၁၉၆၁ ရက်နေ့မှာ တကျပ်တက်သည်။ (သတ်ပုံ မှန်တယ်။)

- ဦနုအစိုးရလက်​ထက်​မှ​ရွှေ​​စျေးပါ ဒီအချိန်​ကလ္ဘက်​ရည်​တခွက်​ ၂၅ပြား၊ ဒန်​​ပေါက်​တပွဲ ၂ကျပ်​ အနိမ်​့ဆုံးလစာ ၉ရကျပ် တဲ့။

ကျွန်တော့မိဘတွေလက်ထက်မှာ တကျပ်သား ၂၀၀ လောက်သာရှိတယ်။ ၁၉၈၂ လောက်က ကျွန်တော်စစ်ကိုင်းဆေးရုံ ရောက်နေချိန်မှာ ရွှေတကျပ်သား ၃၀၀၀ ကျပ်ရှိတယ်။ မိကျောင်းစက်ဘီးတစီး တန်ဖိုးနဲ့ ညီမျှတယ်။ နောက် ၂ နှစ်လောက်နေလို့ ပုလဲရောက်တော့ ၅၀၀၀ ဖြစ်လာပြီ။ 

၁၉၆၂ ခုနှစ် မေလ ၁၁ ရက်နေ့ သတင်းစာအရ ရွှေဈေး တကျပ်တက်တယ်။ ၂၃၆ ကျပ် ၂၅ ပြား၊ ၂၃၆ ကျပ် ၅၀ ပြား။ 

အဲဒီခေတ်မှာ မူလတန်းဆရာလစာ ၈၂ ကျပ်။ ၁၉၆၅ ဝန်းကျင်မှာ အောက်တန်းစာရေးနဲ့ မူလတန်းပြ လစာ ၁၂၆ ကျပ် ၁၂ ပဲ (၇၅ ပြား)။

၅-၁၂-၂၀၁၈ နေ့ ဘီဘီစီသတင်းအရ ရွှေတကျပ်သား ၉၄၃၀၀၀ ကျပ်။ သတ်ပုံ မှန်တယ်။

အခုရေးတာ စတိုရီ မဟုတ်ပါ။ စိတ်ကူးယဉ် မဟုတ်။ ရသစာ မဟုတ်။ မှန်ကန်သော ရွှေတကျပ်သား ရှေးစကားတည်း။

ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ကျောင်းစာအုပ်တွေ၊ ကျောင်းပြင်ပစာအုပ်တွေမှာ စာလုံးပေါင်းသတ်ပုံတွေ မှန်ပါကြောင်း တင်ပြတဲ့အခါ ရှေးကဟာတွေလာမပြောနဲ့ဆိုသူ အယောက် ၂၀ လောက်ရှိပြီ။ အဲလိုပြောတဲ့သူတွေမှာ အဖိုးအဖွားမရှိကြဘူးလား။

“ဗမာ့လက်ဝယ် ချုပ်ချယ်ယူကြသည်၊ ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်လှပါသည်” ဟူ၍ မျိုးချစ်စိတ်လှုံ့ဆော်သော ဓာတ်ပြားသီချင်း။

အခုတော့

ရွှေဈေးတက်သည် ငွေဈေးကျသည် လူတန်ဖိုး ဇောက်ထိုးကျသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ