Skip to main content

ကြွပ် ကျွတ်

၁။ ကျွတ်မွနေတဲ့ အာလူးကြော်လေး

ကြွပ် = ကျိုးလွယ်သော။ ဆတ်သော။ ရွသော။

၂။ ဖက်ထုပ်ကျွပ်(ကြွပ်)တွေ စားဖူးကြမှာပါ (NooDi) ပုံအတွက် ကျေးဇူး။

၃။ တညင်းသီး ဆားရေစိမ် နုနုကျွတ်ကျွတ်(ကြွပ်ကြွပ်) လေးတွေရမယ် ဒီနှစ် အသစ်ထွက်တာပါ သဘာ၀နည်းဖြင့်သာ အချဥ်စိမ်ထားတာပါ တခြားအချဥ်မုန့် ကျောက်ချဥ်တွေ လုံး၀လုံး၀ မသုံးထား(သုံးမထား) ပါဘူး စိတ်ချစွာ အားပေးလို့ရပါတယ် စားလို့ကောင်းတဲ့ အရွယ်ပါ အရမ်းကို နုတဲ့ အသီးမဟုတ်ပါဘူး တဗူး ၅၅၀၀ ကျပ်ပါ အလုံး ၁၀၀/၅၀၀/၁၀၀၀ စျေးသီးသန့်ပါ ဆိုးဆေးမပါ လက်ထောင်းမျှင် ငပိ အချို တပိသာ(တပိဿာ) ၁၃၀၀၀ ကျပ်ပါ ဗူးဖြင့်ယူရင် တပိသာ(တပိဿာ) ၁၄၀၀၀ ကျပ်ပါ အချိန် ၅၀/၁၀၀ စျေးသီးသန့်ပါ (Dry Sea food is at သာကေတ ထူပါရုံ)

တညင်းသီး = မှန်။ တခြား = မှန်။ တဗူး = မှန်။ တပိသာ(တပိဿာ) = မှန်။ ကွန်ဂရက်ကျူလေးရှင်း။

၄။ ရန်ကုန်ကကြက်ကင်နဲ့ငဖယ်လုံးအကြွတ်ပြန်ကြော် - အကြွပ်ပြန်ကြော်လို့ ရေးရ။ သတ်ပုံကျမ်းတွေထဲမှာ ကြွတ် မရှိပါ။

ကြွပ် = ကျိုးလွယ်သော။ ဆတ်သော။ ရွသော။

ကြွပ်

ကြွပ်ကြွပ်အိတ်

ကြွပ်ဆတ် = ကျိုးလွယ် ပျက်လွယ်သော။ သားရေနုတို့မှာ အမြန်သွေ့ခြောက်စေရသောအခါ ကြွပ်ဆန်သွားမည်။

ကြွပ်ဆတ်ဆတ် = အပြောအဆို၊ အပြုအမူ တိုတိုတောင်းတောင်း။ မပြေမပြစ်ပဲ။ မပျောင်းမပျော့ပဲ။

ကြွပ်ဆတ်သောသူ

ကြွပ်တက် = တံတောင်ဆစ် ဒူးဆစ်တို့တွင် ပွန်းပဲ့ ပြုပ်ထနေသည်။ ချေး အတင်များသည်။

ကြွပ်သတ္တု

ခါးရန်းကြွပ်ပင်

ခဲမကြွပ်

စိတ်တိုလွယ်သော။ နှလုံးကြွပ်ဆတ်၊ ကြံအင်ချွတ်၏။

တံတောင်ဆစ် ဒူးဆစ်တို့တွင် ပွန်းပဲ့ ပြုပ်ထနေခြင်း။

နီဖျော့သောအဆင်းရှိသည့် သတ္တုတမျိုး။

ပျဉ်ကြွပ်

မြက်ကြွပ်ရွက်

မှိုကြွပ်ပင်

မုန့်ကြွပ်

ရွရွကြွပ်ကြွပ်

ဝက်ကြွပ်ပင်

သံကြွပ်

သင်းကြွပ်ထ 

ဟင်းကြွပ်ပင်

အကြွပ်ကြော်

အုဌ်ကြွပ် (အုတ်ကြွပ်)

ကျွတ်

၁။ ကုန်းတွင် နေသော မျှော့မျိုး။

၂။ အောက်အဖို့ ဆွေခုနစ်ဆက်တွင် ခြောက်ခုမြောက် အဆက်။ “ဘွားတုံရင်သွေး၊ မြေးကမြစ်ချီ၊ တီကဆင့်သော်၊ မျှော့နှင့် ကျွတ်ရောက်၊ ထို့နောက် ကျွတ်ဆတ်။”

ကျွတ်

၁။ အငြိအတွယ် အဖွဲ့အနှောင် စသည်တို့မှ လွတ်မြောက်သည်။ “ဝါလကျွတ်ပြောင်း၊ ကြာကနှောင်းသော်။”

၂။ ပြုတ်ထွက်သည်။ “အတောင်ကျွတ်သော ကြိုးကြာငှက်။”

၃။ အလုံးစုံဖြစ်သည်။ တခုမကျန် ဖြစ်သည်။ “ပန်းသစ်ပင်တို့၊ ပင်ချင်းနွှဲညွတ်၊ ပင်လုံးကျွတ်အောင်၊ ပွင့်ဝတ်ဆင်သည်ကို။”

ကျွတ် = လေထိုးတည့်ရသော ယာဉ်ဘီး၏ အတွင်းခံ လေလုံး။

မှတ်ရန် - တခုမကျန်ကို စသတ်နဲ့ မရေးရပါ။

Leech ကျွတ်

ကျွတ်၊ မျှော့ တို့သည် သွေးစုတ်တတ်သော ကျောရိုးမဲ့သတ္တဝါတမျိုးဖြစ်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ