၁။ ကျား ကို ကြားတဲ့။ (ပုံပို့ပေးသူ)
ကြားလျှာများတွင် လွှကဲ့သို့သော ဆူဖတ်များရှိ၏ - ကျား နဲ့ ကြား မှားနေသည်။
၂။ ဆရာ အူကြောင်ကြားလား အူကြောင်ကျားလားဗျ လိုင်းပေါ်က ရှာကြည့်တာ နှစ်ခုလုံးရေးထားတာတွေ့လို့ပါ ကျားတော့ကျားပဲ အူကြောင်ကျား(ကြား)
ကြား
ကြား။ ။ “ကြားပြောကြားမှာ = ချားပြောချားမှာ။ အသံကြား။ သိကြားမင်း။ စပ်ကြား။ အကြိုအကြား။ ကြမ်းကြား။ ပျဉ်ကြား။ ပပ်ကြားအက်။ သကြား။ ပေါက်ကြား။ ခြင်းကြား။ ကျော်ကြား။ လူသိနတ်ကြား။ ပန်ကြား = (ရိုသေစွာတောင်းပန်ခြင်း)။ ဗွေမျက်ကြား။ ချပ်ကောင်နှယ်-ပပ်ကြားက။ မင်ကြောင်ကွက်ကြား။ အကြားဇာတ်။ မှာကြား။ ကြားစကား။ ကြားနာသည်။ ကြားနိုင်ငံ။ ကြားရွေးကောက်ပွဲ။ ကြားသိသည်။ မိန့်ဆိုမြွက်ကြား။ ”
ကျား
ကျား။ ။ “ကျားတိရစ္ဆာန်။ ကြောင်ကြောင်ကျားကျား။ မောင်ခြေကျား။ ကျားထိုး။ ကျားသစ်။ သစ်ကျားပင်။ ယောက်ကျား = ယောက်ျား။ ကျားနှင့်ကန်။ ပြောက်ကျား။ ကျားတောက်။ ကျားဟိန်းပြီ = (မိုးညှင်းပြီ)။ ခိုင်းကျား။ ကျားမော့။ ပြောက်ပြောက်ကျားကျား။ ယောက်ျားဘဝ။ ”
အူကြောင်ကြား
ကျား(သတ္တဝါ)
ကျားကုတ်ကျားခဲ
ကျားကန်
ကျားကျားလျားလျား (ကျားကျားယားယား)
ကျားကျုတ်သစ်ကျုတ်
ကျားထိုး
ကျားလျှာ(လက်သမားသုံး)
ကြားခုလတ်
ကြားချောင်
ကြားနာ
ကြားပြင်း
ကြားပြင်းကတ်
ကြားဖူးနားဝ
ကြားဖျဉ်
ကြားဖျန်
ကြားဖြတ်အစီရင်ခံစာ
ကြောင်
ကြောင်ကတိုး
ကြောင်ကျစ်ပင်
ကြောင်ကြောင်ကျားကျား
ကြောင်တက်တက်
ကြောင်တောင်ကန်း
ကြောင်တောင်တောင်
ကြောင်ပန်းပင်
ကြောင်ပျစ်ပင်
ကြောင်ဖားမြီးတံတို
ကြောင်မျက်ရွဲ
ကြောင်မြီးတူပင်
ကြောင်လည်ကြောင်ပတ်ကြောင်လည်ခန်း
ကြောင်လိမ်လှေကား
ကြောင်လျှာပင်
ကြောင်ဝံပိုင့်
ကြောင်ဝင်ကျီးအက်
ကြောင်သမ်းရုပ်
ကြောင်ဥကျည်
ကြောင်အမ်းအမ်း
ကြောင်အိမ်
ဖါတလုံးခေါင်းကျား https://burmese-spelling.blogspot.com/2022/10/blog-post_197.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment