Skip to main content

ကျွန်တော်တို့ မြန်မာစာအခြေအနေ မကောင်းပါ




ဆရာ မြန်မာစာ သတ်ပုံတွေကို မြန်မာစာအဖွဲ့က သတ်မှတ်ရတာလား ဆရာ။ မြန်မာစာအဖွဲ့ဆိုတာ ဘယ်လိုလူတွေနဲ့ ဖွဲ့ထားတာပါလဲ ဆရာ။

မြန်မာစာအဖွဲ့အကြောင်း မေးခွန်း

AI အဖြေစာတွေ မှားနေသည်။

၁။ လက်ရှိစာရင်းထဲမှာ ကွယ်လွန်ပြီးသူများအမည်တွေပါနေသည်။

၂။ ၁၉၇၈ ခုနှစ်စာရင်းပုံကိုပို့တော့ ပုံပါစာတွေကို ကူးရေးတာ အမှားတွေပါနေသည်။ အမည်စာရင်းက အောက်ပါအတိုင်းသာဖြစ်ပါသည်။

၁၉၇၈ ခုနှစ်၊ စက်တင်ဘာလအရ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနအောက်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာစာအဖွဲ့၏ ပထမဆုံးသော သမိုင်းဝင်အဖွဲ့ဝင်များစာရင်း ဖြစ်ပါသည်။

၁။ ဒေါက်တာ ခင်မောင်ဝင်း (ဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန) - ဥက္ကဋ္ဌ

၂။ ဒေါက်တာ မောင်မောင်အေး (ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန) - အဖွဲ့ဝင်

၃။ ဦးတင်ဧ (ညွှန်ကြားရေးမှူးချုပ်၊ မြန်မာစာအဖွဲ့) - ဒုတိယဥက္ကဋ္ဌ

၄။ ဦးသန်းထွတ် (ညွှန်ကြားရေးမှူးချုပ်၊ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန) - အဖွဲ့ဝင်

၅။ ဦးအောင်သော် (ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနဦးစီးဌာန) - အဖွဲ့ဝင်

၆။ ဒေါက်တာ ခင်မောင်ညွန့် (ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံသမိုင်းသုတေသနဦးစီးဌာန) - အဖွဲ့ဝင်

၇။ ဦးစံသာအောင် (ညွှန်ကြားရေးမှူးချုပ်၊ အထက်တန်းပညာဦးစီးဌာန) - အဖွဲ့ဝင်

၈။ ဦးသန်းဦး (ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန) - အဖွဲ့ဝင်

၉။ ဒေါက်တာ ရဲအောင် (ဥက္ကဋ္ဌ၊ ပညာရေးသုတေသနအဖွဲ့) - အဖွဲ့ဝင်

၁၀။ ဦးမြင့်ကြည် (ဌာနမှူး၊ မြန်မာစာဌာန၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရန်ကုန်) - အဖွဲ့ဝင်

၁၁။ ဒေါ်သန်းဆွေ (ပါမောက္ခ၊ မြန်မာစာဌာန၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မန္တလေး) - အဖွဲ့ဝင်

၁၂။ ဦးတင်လွင် (ပါမောက္ခ၊ အရှေ့တိုင်းပညာဌာန၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မန္တလေး) - အဖွဲ့ဝင်

၁၃။ ဦးကျော်ထွတ် (အငြိမ်းစား မြန်မာပြန်အယ်ဒီတာချုပ်၊ သာသနာရေးဦးစီးဌာန) - အဖွဲ့ဝင်

၁၄။ ဒေါ်ကြန် (အကြီးတန်းသုတေသနမှူး၊ နိုင်ငံသမိုင်းသုတေသနဦးစီးဌာန) - အဖွဲ့ဝင်

၁၅။ ဒဂုန်-ဦးစန်းငွေ (စာရေးဆရာကြီး) - အဖွဲ့ဝင်

၁၆။ ဦးဆန်းထွန်း (အငြိမ်းစား မြန်မာစာလက်ထောက်ကထိက၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မန္တလေး) - 

၁၇။ ဆရာဉာဏ် (ဝိပဿနာရတနာပြင်မှူးချုပ်၊ သာသနာရေးဦးစီးဌာန) - အဖွဲ့ဝင်

၁၈။ ဦးတေ ဇဝန် (ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန) - အဖွဲ့ဝင်

၁၉။ ဦးမောင်မောင်ကြီး (အငြိမ်းစား မြန်မာစာပါမောက္ခ၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရန်ကုန်) - အဖွဲ့ဝင်

၂၀။ ဦးမောင်မောင်တင် (အငြိမ်းစား မြန်မာစာကထိက၊ မန္တလေး) - အဖွဲ့ဝင်

၂၁။ ဦးလှကြိုင် (ပါရဂူ) (စာရေးဆရာကြီး) - အဖွဲ့ဝင်

၂၂။ ဒဂုန်-ဦးလှဘေ (စာရေးဆရာကြီး) - အဖွဲ့ဝင်

၂၃။ ဦးလှမောင် (ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန) - အဖွဲ့ဝင်

၂၄။ ဦးလှရွှေ (အငြိမ်းစား ပါမောက္ခချုပ်၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ မန္တလေး) - အဖွဲ့ဝင်

၂၅။ ဦးဝင်းမောင် (မင်းယုဝေ) (အယ်ဒီတာချုပ်String၊ မြဝတီပုံနှိပ်တိုက်) - အဖွဲ့ဝင်

၂၆။ ဦးသော်ကောင်း (စာကြည့်တိုက်မှူး၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်) - အဖွဲ့ဝင်

၂၇။ ဦးသော်ဇင် (စာရေးဆရာကြီး) - အဖွဲ့ဝင်

၂၈။ ဦးသိန်းဟန် (ဆရာဇော်ဂျီ) (အငြိမ်းစား စာကြည့်တိုက်မှူး၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်) - 

၂၉။ ဦးအုန်းဖေ (တက်တိုး) (ပညာရေးအထူးအရာရှိ၊ အင်္ဂလိပ်ဘာသာသင်ရိုးဗဟိုအဖွဲ့) - အဖွဲ့ဝင်

၃၀။ ဦးဧမောင် (အငြိမ်းစား မြန်မာစာပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်) - အဖွဲ့ဝင်

၃၁။ ဗိုလ်မှူးဉာဏ်စိုး (အတွင်းရေးမှူး၊ မြန်မာစာအဖွဲ့) - အတွင်းရေးမှူး

၃၂။ ဦးသိန်းမြင့် (တွဲဖက်အတွင်းရေးမှူး၊ မြန်မာစာအဖွဲ့) - တွဲဖက်အတွင်းရေးမှူး

AI

ထောက်ပြပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်၊ ယခင်အဖြေတွင် ကွယ်လွန်ပြီးသူများနှင့် သက်ရှိထင်ရှားပညာရှင်များ ရောထွေးဖော်ပြမိသွားသည့်အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။

ဒီအချက်က နမူနာတခုသာဖြစ်ပါတယ်။ 

မြန်မာစာနဲ့သက်ဆိုင်တာတွေကိုမေးတိုင်း ပြန်စစ်ရတယ်။ ပုံကိုစာသားတောင်းတော့လည်း ပြန်စစ်ရတယ်။ ထောက်ပြရတယ်။ ထောက်ပြရင်တော့ လက်ခံတယ်။ မြန်မာလိုစာရေးသူ လုံးလုံးလျားလျားအများစုကတော့ သူတို့သိတာလေးကနေ တပြားသားမှ မလျှော့။ ဆဲကြသေးတယ်။ အဲလိုလူတွေတင်ထားတာတွေကိုလည်း AI က တခါတခါယူသုံးတယ်။ အမှားတွေ။ ထောက်ပြရတာ နေ့တိုင်း။

အခုလိုမြန်မာစာခေတ်ပျက်မှာ အွန်လိုင်းပေါ်က သတ်ပုံမှားတွေ၊ အရေးအသားအလွဲတွေပါ AI ကို ကူးစက်နေတယ်။

မူရင်းအမှန်ကို မှားအောင်ပြင်နေတယ်။

ဥပမာ

တခု - တစ်ခု၊

ပဌမ -ပထမ

သမတ - သမ္မတ

ပန်းပန်လျက်ဘဲ - ပန်းပန်လျက်ပဲ

ဒါး - ဓား

ခါးမသွားအောင် - မခါးသွားအောင်

နောက်တချက် -

မြန်မာစာပေညာရှင်ကြီးများစာရင်းမေးတာ ၃ ခါရှိပြီ။ တခါမှမကြားဘူးတဲ့အမည်တွေပါ ဖြေတယ်။ ဦဖေမောင်တင်ကို ဦးဘမော်ဆိုတား ဒေါက်က်တာဘမော်ဆိုလား ဖြေတယ်။ မနေ့တနေ့လောက်မှ စာရေးဆရာအမည်ပါထည့်ထားတယ်။ 

ကျွန်တော်တို့ မြန်မာစာအခြေအနေ မကောင်းပါ။

အားကိုးစရာ မတွေ့သလောက် ရှားတယ်။ 

တွေ့တာတိုင်းကို မယုံပါနဲ့။ တွေ့တာထဲမှာ လူပြောများလေ၊ လူကြိုက်များလေ မှားလေ။ 

ပညာတွင်းကား နက်လှပေ၏။ 

ရေတွေအလျှံပယ်များပေမဲ့ ရေကြည်မဲ့နေ၏။

မြန်မာစာအဖွဲ့ မေးခွန်း https://burmese-spelling.blogspot.com/2023/07/blog-post_119.html

မြန်မာစာကို ဘယ်သူပိုင်သလဲ https://burmese-spelling.blogspot.com/2023/01/blog-post_935.html

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း အမှာစာ https://burmese-spelling.blogspot.com/2026/05/blog-post_47.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ