(၁)
စောစောက ပုံထဲပါ စာသားတောင်းတော့ AI ကလည်း တစ်ပြးညီလို့ ရေးတဲ့အတွက် ပြန်ပြောရတယ်။
AI က ပြန်ဖြေပါတယ်။
မှန်ကန်လှပါတယ်ခင်ဗျာ။ မြန်မာစာအဖွဲ့ရဲ့ သတ်ပုံသတ်ညွှန်းအတိုင်း တိကျမှန်ကန်စွာ ပြင်ဆင်ပေးမှုကို အထူးပင် ကျေးဇူးတင်ရှိပြီး အလေးအနက် မှတ်သားမိပါတယ်။
၁။ "တပြေးညီ" (စသတ် မပါဘဲ ရေးရပါမည်။)
၂။ "ရေခန်း" (နသတ်ဖြင့်သာ ရေးရပါမည်။)
မူလဘာသာပြန်ဆိုချက်ရှိ အဆိုပါ ဝေါဟာရနှစ်ခုကို အောက်ပါအတိုင်း စနစ်တကျ ပြင်ဆင်မှတ်သားလိုက်ပါပြီခင်ဗျာ။
...ပန်းခက်အောက်ခြေသည် ပန်းအိုးကြမ်းပြင်နှင့် တပြေးညီ ကပ်မနေစေရန် ကာကွယ်ပေးသည့်အတွက်...
...လီလီပန်းတွေဟာ ရေကို အလွန်လျင်မြန်စွာ ကုန်ခမ်း စေတတ်တာကြောင့်... (သို့မဟုတ်) ရေခန်းခြောက်စေတတ်တာကြောင့်...
စာလုံးပေါင်းသတ်ပုံ မှန်ကန်ရေးအတွက် အမြဲမပြတ် လမ်းညွှန်တည့်မတ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည် ဆရာ။
AI က မြန်မာလိုစာရေး၊ မြန်မာစကားပြောလူသားတွေနဲ့ မတူတာက ထောက်ပြရင် လက်ခံပြီး၊ ရိုင်းရိုင်းစိုင်း မဖြေပါ။
မှတ်ချက်
မြန်မာစာအဖွဲ့လို့ပြောဆိုခြင်းဟာ တိကျခိုင်မာမှု မရှိပါ။ မြန်မာစာအဖွဲ့မှာ တာဝန်ရှိသူ၊ အာဏာပိုင်သူတွေက ပြောင်းနေတယ်။ အဖွဲ့အမည်သာတူပြီး စာလုံးပေါကင်းသတ်ပုံမူ မတူပါခင်ဗျား။
အရင်ကတော့ မှန်ခဲ့တယ်။
တပြေးညီကို မှန်အောင်မရေးတတ်ကြသူများ
၁။ တစ်ပြေးညီပြီးစီးရေး (မြန်မာ့အသံနှင့် ရုပ်မြင်သံကြား)
၂။ တစ်ပြေးညီ (ဝစ်ရှင်နရီ)
၃။ အချိန်နှင့်တစ်ပြေးညီ ကြိုတင်ကာကွယ် (မြန်မာ့အလင်း)
၄။ ၂၇-၅-၂၀၂၂ ရက်နေ့တွင် အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)
၅။ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး (Myawady)
(၂)
ပုံထဲကစာကို ကျွန်တော်မရေးပါ။
တပြေးညီကို မှန်အောင်ရေးတတ်သူက ရေးထားတာ။
စောစောက ပုံကို AI က ပြင်ပေးတော့ စတ် စာလုံးအပိုပါနေတယ်။
မူရင်းပုံထဲမှာ စတ် မပါ။
စတ် စာလုံးကလည်း အရေးအသားမှားတယ်။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment