ပဲသီး၊ ခဝဲသီး ခြံစည်းရိုး သီး၏။
ပဲရှည်သီးပင်၊ ဗူးပင် စင်လို၏။
တိုင်ထောင်ပဲဆို တိုင်လို၏။
မြူရွက်၊ ဗောက်ရွက်၊ မြက်ထဲသာ ပေါက်နေကြ၏။
နှင်းဆီ မြေစိုက်ရော အိုးစိုက်ပါ လုပ်ထား၏။
ခွါညို၊ ဂေါ်သဇင်သည် မှီချင်၏။
အပင်ကြီးတွေဆို မလို။
ဘုရားရှင်တို့သည် အမှီပင်ဖြင့် ပွင့်ကုန်ကြသည်ဟု မှတ်သားရပါ၏။
ဒေါက်တာတင့်ဆွေ
၂၁-၆-၂၀၁၉
၂၁-၆-၂၀၂၆

Comments
Post a Comment