စင်
ကင်းစင်
စင်ကြယ် (သန့်ရှင်းသည်)
စင်ကိုနာ (ငှက်ဖျားဆေး)
စင်စစ်စင်တလင်းခါ (တခုမကျန်ရှင်းသည်)
စင်တိုင်
စင်တော်
စင်တော်ကောက်
စင်နက္ခတ်
စင်ပြွမ်း
စင်ပြိုင်
စင်မြင့်
စင်ယှဉ်ပြာသာဒ်
စင်ရော်ငှက်
စင်ဝင် (လုံးလုံး၊ ရှင်းရှင်း)
စင်္ကြံလျှောက်
စာအုပ်စင်
ထမ်းစင်
ပစ္စင်ရင်တား
ဖြူစင် = စိတ်သဘောထား။
ဖြူစင်သော
ဖိနပ်စင်
ဗူးစင်
ဘုရားစင်
မစင်ကျင်ကြီး
ယက်ကန်းစင် (ရက်ကန်းစင်)
ရေချမ်းစင်
ရေအိုးစင်
ရေစင်
အညိုစင် မမှန်ပါ
အပျိုစင်
ညိုစင် မရှိ။ အညိုစင် မရှိ။
နီစင် မရှိ။ အနီစင် မရှိ။
ပြာစင် မရှိ။ အပြာစင် မရှိ။
စိမ်းစင် မရှိ။ အစိမ်းစင် မရှိ။
နက်စင် မရှိ။ အနက်စင် မရှိ။
ပန်းရောင်းစင် မရှိ။
အညိုရောင်အထက်အောက် (အညိုဆင်အဝတ်အစား) ဝတ်ဆင်ထားသော မညိုညိုသည် စိတ်နေသဘောထားလည်း ဖြူစင်သူဖြစ်၏။
ဖိနပ်ဆင်ဆိုတာ ဖိနပ်ကို တက်နင်းတဲ့ဆင်လား။ ဆင်ပေါ်မှာ ဖိနပ်တင်တာလား။ အဲလိုဆင်က နိုင်ငံတော်ကိုးကွယ်ဆည်းကပ်တဲ့ ဆင်ဖြူတော်ဖြစ်နိုင်တယ်။ နိုင်ငံတော်ကြီးမှာ ဖိနပ်တွေကြီးစိုးနေသည်။
ဖိနပ်ဆင်ဆိုတာ မြန်မာပြည်မှာသာရှိတယ် https://burmese-spelling.blogspot.com/2025/11/httpsburmese-spelling.html
စဉ် စင် ဆင် https://burmese-spelling.blogspot.com/2022/09/blog-post_559.html
အများစုက တ နဲ့ တစ် လို့သာထင်နေကြတယ် https://burmese-spelling.blogspot.com/2023/07/blog-post_186.html
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အစဉ်သဖြင့် အဆင်ပြေကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment