တယောက် ပို့လို့ နားထောင်ပြီးပြီ။
ခါတိုင်းတော့ အသံဖိုင်၊ ဗီဒိယိုဖိုင်တွေကို ဖွင့်လေ့မရှိပါ။
သူပြောတာမှာ ရေစာ မပါ။ အနှစ်ကင်းမဲ့ပြီး အချက်အလက် မခိုင်လုံတာတွေ့ရတယ်။
ထုံး ထုံး တဲ့။
ကွမ်းစားတဲ့ထုံးလောက် မသုံးမကျ။
ဘုန်းတော်ဘွဲ့တင်သွင်းတာနဲ့ တူတယ်။
ဟိုတလောက လူသိများတဲ့ စာရေးဆရာတယောက်ကလည်း အဲလိုဘဲ။ သူ့စာကို သူ့သတ်ပုံနဲ့ရေးတာကိုတော့ မပြောလိုပါ။ သူကလည်း တစ်ဘုန်းတော်ဘွဲ့စာတပုဒ်တင်တယ်။ ကလောင်အမည်ထည့်ပြောရမှာ အားနာတယ်။
အဲလို စာရေးဆရာ၊ အယ်ဒီတာ၊ မြန်မာစာဆရာဆိုသူတွေက အာဏာပိုင်တွေကနေ သတ်မှတ်တာကို ထုံးတဲ့။ တရားဝင်သတဲ့။ နောက်ဆုံးပေါ်တဲ့။
သူတို့ပြောကြတာက ဖွဲ့စည်းပုံနဲ့တူနေတယ်။
ကျွန်တော်တင်ပြနေတာက မြန်မာစာအဘိဓာန်နဲ့ သတ်ပုံကျမ်း။
ဖွဲ့စည်းပုံဆိုတာ အစိုးရတခုတင်ရင် တခါပြင်တယ်။
အစိုးရပြောင်းလို့ အဘိဓာန်နဲ့ သတ်ပုံကျမ်းပြောင်းတာ ကမ္ဘာမှာ တနိုင်ငံတည်းသာရှိတယ်။
နောက်တချက်
လူသိများ (အလွန့်အလွန်များ) တဲ့ မြန်မာစာခေါင်ချုပ်တဦးက သူ့တသက်တာမှာ သတ်ပုံ ၂ မျိုးနဲ့ရေးတယ်။ စံကိုက်သတ်ပုံနံ့ သူရေးထားတဲ့စာအုပ် လက်ထဲမှာရှိတယ်။ နောက်တော့သူက တစ်ဂိုဏ်းချုပ်ဖြစ်သွားရော။
ကလောင်အမည် တသက်မှာ ၂ ခါပြောင်းတဲ့ စာရေးဆရာတယောက်လည်း ရှိသေးတယ်။ ( - ) တဦး ကနေ ( - ) တစ်ဦး တဲ့။
တင်မိုး ကို တစ်မိုး လုပ်သူတွေများတဲ့ခေတ်။ (ကန်တော့)
တက္ကသိုလ် ကို တစ်ကသိုလ် ဖြစ်အောင်လုပ်သူတွေ များလွန်းလှတဲ့ခေတ်။
အဲလိုလူစားတွေကိုသာ လူကြိုက်များတဲ့ခေတ်။
သူတို့ရေးတာတွေသာ ရောင်းကောင်းတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment