Skip to main content

ကမ္ဘာမှာ တနိုင်ငံတည်းသာရှိတယ်

မြန်မာစာ လင့် တခု ပို့ပြန်ပါသည်။

တယောက် ပို့လို့ နားထောင်ပြီးပြီ။

ခါတိုင်းတော့ အသံဖိုင်၊ ဗီဒိယိုဖိုင်တွေကို ဖွင့်လေ့မရှိပါ။

သူပြောတာမှာ ရေစာ မပါ။ အနှစ်ကင်းမဲ့ပြီး အချက်အလက် မခိုင်လုံတာတွေ့ရတယ်။

ထုံး ထုံး တဲ့။

ကွမ်းစားတဲ့ထုံးလောက် မသုံးမကျ။

ဘုန်းတော်ဘွဲ့တင်သွင်းတာနဲ့ တူတယ်။

ဟိုတလောက လူသိများတဲ့ စာရေးဆရာတယောက်ကလည်း အဲလိုဘဲ။ သူ့စာကို သူ့သတ်ပုံနဲ့ရေးတာကိုတော့ မပြောလိုပါ။ သူကလည်း တစ်ဘုန်းတော်ဘွဲ့စာတပုဒ်တင်တယ်။ ကလောင်အမည်ထည့်ပြောရမှာ အားနာတယ်။ 

အဲလို စာရေးဆရာ၊ အယ်ဒီတာ၊ မြန်မာစာဆရာဆိုသူတွေက အာဏာပိုင်တွေကနေ သတ်မှတ်တာကို ထုံးတဲ့။ တရားဝင်သတဲ့။ နောက်ဆုံးပေါ်တဲ့။

သူတို့ပြောကြတာက ဖွဲ့စည်းပုံနဲ့တူနေတယ်။

ကျွန်တော်တင်ပြနေတာက မြန်မာစာအဘိဓာန်နဲ့ သတ်ပုံကျမ်း။

ဖွဲ့စည်းပုံဆိုတာ အစိုးရတခုတင်ရင် တခါပြင်တယ်။

အစိုးရပြောင်းလို့ အဘိဓာန်နဲ့ သတ်ပုံကျမ်းပြောင်းတာ ကမ္ဘာမှာ တနိုင်ငံတည်းသာရှိတယ်။

နောက်တချက်

လူသိများ (အလွန့်အလွန်များ) တဲ့ မြန်မာစာခေါင်ချုပ်တဦးက သူ့တသက်တာမှာ သတ်ပုံ ၂ မျိုးနဲ့ရေးတယ်။ စံကိုက်သတ်ပုံနံ့ သူရေးထားတဲ့စာအုပ် လက်ထဲမှာရှိတယ်။ နောက်တော့သူက တစ်ဂိုဏ်းချုပ်ဖြစ်သွားရော။

ကလောင်အမည် တသက်မှာ ၂ ခါပြောင်းတဲ့ စာရေးဆရာတယောက်လည်း ရှိသေးတယ်။ ( - ) တဦး ကနေ ( - ) တစ်ဦး တဲ့။

တင်မိုး ကို တစ်မိုး လုပ်သူတွေများတဲ့ခေတ်။ (ကန်တော့)

တက္ကသိုလ် ကို တစ်ကသိုလ် ဖြစ်အောင်လုပ်သူတွေ များလွန်းလှတဲ့ခေတ်။

အဲလိုလူစားတွေကိုသာ လူကြိုက်များတဲ့ခေတ်။

သူတို့ရေးတာတွေသာ ရောင်းကောင်းတဲ့ခေတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ