ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ
ကျေးဇူးတော်ရှင်
မဟာစည်ဆရာတော်ဘုရားကြီး
ရေးသားစီရင်တော်မူသည့်
မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့
အမြန်ဆိုက်ရောက်စေနိုင်သော
ဝိပဿနာရှုနည်းကျမ်း
ပထမတွဲ
သာသနာ - ၂၅၅၈ ကောဇာ - ၁၃၇၆ ခရစ် - ၂၀၁၄
စာမျက်နှာ ၁၁၉
စိတ္တဝိသုဒ္ဓိ
အိတ်ကြီးများကို မြေပေါ်၌ ပစ်ချလိုက်လျှင်, ကျရာ ကျရာ အရပ်တွင်သာ ငြိမ်၍ ငြိမ်၍ နေကုန်သကဲ့သို့၎င်း၊ အသွားထက်သော လှံတို့ဖြင့် ခပ်ပြေးပြေးမပြတ် ထိုးစိုက်လိုက်လျှင်, ကျရာ ကျရာတွင်သာ စိုက်၍ စိုက်၍ နေကြသကဲ့သို့၎င်း၊ အလွန်စေးကပ်သော ဝတ္ထုများဖြင့် နံရံကို ပစ်ခတ်လျှင်, ထိရာ ထိရာတွင်သာ ကပ်၍ ကပ်၍ နေကြသကဲ့သို့၎င်း၊ ရုပ်နာမ်အာရုံ အမျိုးမျိုးပြောင်းသော်လည်း မှတ်တိုင်း မှတ်တိုင်းသော အာရုံ၌ စိတ်သည် ခဏိက သမာဓိဖြင့် စူးစိုက် တည်ကြည်လျက်သာရှိ၏။ ထိုခဏိကသမာဓိဖြင့် ဝိပဿနာ, မဂ်, ဖိုလ်တို့ကို ဖြစ်စေလျက် ဝဋ်ဆင်းရဲမှ အရိယာတို့ ထွက်မြောက်ကြလေသည်။ ထို့ကြောင့်, မှတ်တိုင်း မှတ်တိုင်း မပျံ့မလွင့် စူးစိုက် တည်ကြည်သော ဤခဏိကသမာဓိသည် အရိယာတို့၏ ထွက်မြောက်ကြောင်း နိယျာနမည်၏။ ဤသမာဓိကို မှီအပ် ဖြစ်ပွားစေအပ်၏။
အာရုံတခုခုကို နှလုံးသွင်းစဉ် ထိုအာရုံမှ တခြားသို့သွားတော့မည်ကဲ့သို့ မစူးစိုက် မတည်ကြည်မှု=တက်ကြွပျံလွင့်မှုသည် ဥဒ္ဓစ္စမည်၏။ “ရောက်ရာ ရောက်ရာ အာရုံမှ ကြောက်ဘိသကဲ့သို့ ပျံလွင့်သောသဘော” ဟု ဆိုလို၏။ ဤဥဒ္ဓစ္စကြောင့် စိတ်သည် တခုတည်းသော အာရုံ၌ မတည်တံ့နိုင်ဘဲ ထိုထို အာရုံသို့ ပြေးသွား၏။ ဥဒ္ဓစ္စအားနည်းလျှင် နဲနဲသာ ပြေးသွား၏။ အားကြီးလျှင်ကား များစွာပြေးသွား၏။ ရှုမှတ်မှုနှင့်စပ်၍လဲ ပျံ့လွင့်တတ်သေး၏။ ပျံ့လွင့်ပုံကား–မှတ်မိသည်,မမှတ်မိသည်ကို ဆင်ခြင်၍လဲ ပျံလွင့်၏။ အစဉ်ကျ, မကျကို ဆင်ခြင်၍လဲ ပျံလွင့်၏။ ကောင်းစွာ ထင်,မထင်ကို ဆင်ခြင်၍လဲ ပျံလွင့်၏။ မည်သို့မှတ်မည်ဟု ခဏ ခဏ ကြောင့်ကြစိုက်၍လဲ ပျံလွင့်၏။ ဤသို့ပျံလွင့်ကြံစည်နေ
မှတ်ရန်သတ်ပုံများ -
အာရုံတခုခုကို
တခြားသို့သွားတော့မည်ကဲ့သို့
တခုတည်းသော
၂၀၁၄ ခုနှစ်မှာလည်း စာလုံးပေါင်းသတ်ပုံမှန်အတိုင်း ပုံနှိပ်ထုတ်ဝေခွင့် ရှိပါသည်။
၂၀၁၉ ခုနှစ်က ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်တစုံမှာယူခဲ့တာ အားလုံး စာလုံးပေါင်းသတ်ပုံတွေ မှန်ပါသည်။
၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းမှာတော့ ဆေးပညာစာ ထုတ်နိုင်တာ ၃ အုပ်တိတိရှိပြီ။ ကျွန်တော့စာအုပ် ၃ အုပ်ကို ကျွန်တော့သတ်ပုံမူအတိုင်း ပုဂံတိုက်နဲ့ စိတ်ကူးချိုချိုတို့က ထုတ်ပေးပါတယ်။ ကျေးဇူး။
၁။ ဒေါက်တာတင့်ဆွေ ဆေးပညာစာများ (ကိုယ်ဝန်ဆောင်များအတွက်) - ၂၀၁၆ ခုနှစ်၊ ပထမအကြိမ်။
၂။ ဒေါက်တာတင့်ဆွေ ဆေးပညာစာများ (အသည်းရောဂါစာများ) - ၂၀၁၇ ခုနှစ် မတ်၊ ပထမအကြိမ်။
၃။ ဒေါက်တာတင့်ဆွေ ဆေးပညာစာများ (အမျိုးသမီးရောဂါစာများ ၁ + ၂) - ၂၀၁၇ အေပြီလ၊ ပထမအကြိမ်။
၂၀၂၆ ခုနှစ်မှာလည်း စာလုံးပေါင်းသတ်ပုံမှန်အတိုင်း ပုံနှိပ်ထုတ်ဝေခွင့် ရှိပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment