ဘိုးတော်ဘုရားလက်ထက် ကျောက်စာဝန် ဖြစ်သူ
တွင်းသင်းတိုက်ဝန် မဟာစည်သူ
ပြုစုသော
တွင်းသင်းမြန်မာရာဇဝင်သစ်
ပေစာဘဝမှ စာအုပ် အဖြစ်သို့ ပဌမဆုံး စတင် ရောက်ရှိလာ သော စာအုပ်။
ကျောက်စာပေါင်း ၁၀၀၀ - ကျော်ကို အကိုးအကား ပြု ထားသဖြင့် သမိုင်းအယူအဆ အားဖြင့်လည်း ခိုင်ခံ့ သည်၊ အတွေးအခေါ် အားဖြင့်လည်း မြင့်မားသည်၊ တည်းဖြတ်ထား ဟန်ကလည်း သေချာ ပြတ်သားသည်၊ ရိုက်နှိပ်ထားဟန်ကလည်း သန့်ရှင်းသည်။
သို့ဖြစ်ရာ ကျောက်စာကို တန်ဘိုးထားတတ်လာပြီ ဖြစ်သော ယနေ့ ၂၀ - ရာစုခေတ်နှင့် အံဝင်ဂွင်ကျ လေ့လာ နေရသော သမိုင်းစာအုပ် ဖြစ်သည်။
ကတ်ထူဖုံး စက္ကူချောနှင့်
တအုပ် ၂ ကျပ်။
မြန်မာပြည်စာအုပ်တိုက်၊ ၁၃၊ ၉၈ - လမ်း၊ ရန်ကုန်မြို့။
ဘိုးရာဇာလျှောက်ထုံး
စာအုပ်နှင့် ပူးတွဲလေ့လာသင့်သော
ဝန်ဇင်းမင်းရာဇာ
— ဘိုးရာဇာ၏ ငယ်စဉ်ကာလ ကလေးဘဝ၊
— ဘိုးရာဇာ၏ ပညာရှာမှီးခဲ့ပုံ၊
— ဘိုးရာဇာ၏ အိမ်ထောင်ရေး၊
— ဘိုးရာဇာ၏ လူမှုဆက်ဆံရေး၊
— ဘိုးရာဇာ၏ အတွေးအခေါ်များ၊
— ဘိုးရာဇာ၏ ဘဝ နှင့် သူ၏ ပတ်ဝန်းကျင်၊
မှ စ၍ ကွယ်လွန်သည် အထိ ဘိုးရာဇာ၏ ဘဝဖြစ်စဉ် တခုလုံးကို ဦးကုလား ရာဇဝင်၊ မှန်နန်း ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ပေ ပုရပိုက် မှတ်စု မှတ်တမ်းများမှ ထုတ်နုတ်ကာ အစုံလင်ဆုံး ရေး သားသော စာအုပ် ဖြစ်သည်။
မဏိရတနာပုံ ကျမ်း၌ ပါရှိသော လျှောက်ထုံး များကို လျှောက်ထားနိုင်အောင် ဘယ်လို ပညာရှာမှီးခဲ့သလဲ— ထွန်တုံး ပေါ်က ဆွဲတင်ကာ နန်းယင်ပြင်သို့ တိုက်ရိုက် ရောက်ရှိပြီး မင်း ၃ - ဆက်တိုင်တိုင် ပညာရှိ အမတ်ကြီးအဖြစ် ဘာကြောင့် သူကောင်းပြုခြင်း ခံရသလဲ—စသည် စသည် တို့ကို သိလိုသူတိုင်း ဤစာအုပ်ကို လေ့လာ ဖတ်ရှုကြရမည်။
ကတ်ချော ၂-ထပ်ဖုံးနှင့် တအုပ် ၅-ကျပ်
မြန်မာပြည်စာ အုပ်တိုက်၊ ရန်ကုန်မြို့။
ကိုလိုနီခေတ်စာပေလှုပ်ရှားမှု
ဦးမြင့်ဆွေ - ပြုစုသော
ကိုလိုနီခေတ်ဦးမှ နောက်ဆုံး လွတ်လပ်ရေး ကျောက်တိုင် စိုက်ထူချိန်အထိ မြန်မာစာပေသမိုင်း၌ လှုပ်ရှားခဲ့သော စာပေ အရေးအခင်းများ ဖြစ်သည်။
ဤစာအုပ်သည် ကိုလိုနီခေတ် မြန်မာစာပေ သမိုင်းတော့ မဟုတ်၊ သို့သော်-ကိုလိုနီခေတ် မြန်မာစာပေသမိုင်းကို လေ့လာ ပါက ဤစာအုပ်၌ ပါရှိသော စာပေလှုပ်ရှားမှုများကို ကျော် လွှားလေ့လာ၍ မဖြစ်ပေ၊ ပြည့်စုံလိမ့်မည်လည်း မဟုတ်ပေ။
သို့ဖြစ်ရာ ‘ကိုလိုနီခေတ် မြန်မာစာပေသမိုင်း’ ဟူ၍ တစောင် တဖွဲ့ ရေးသား ပြုစုလိုသူများ အတွက်လည်း စိတ်ချလက်ချ အ ကိုးအကား ပြုရမည်၊ ကိုလိုနီခေတ် မြန်မာစာပေသမိုင်း ဟူ၍ တစောင်တဖွဲ့အဖြစ် ထွက်ပေါ်မလာမီ ကာလအတွင်း၌လည်း ကိုလိုနီခေတ် မြန်မာစာပေသမိုင်း၏ အစိတ်အပိုင်း အဖြစ်ဖြင့် လည်း လေ့လာနိုင်သည်။
ကတ်ချောဖုံးနှင့် တအုပ် ၃ - ကျပ်။
မြန်မာပြည်စာအုပ်တိုက်၊ ရန်ကုန်မြို့။
မြန်မာစာသတ်ပုံမှန်ခေတ်က စာအုပ်ဈေးချိုပါသည်။
တအုပ် ၂ ကျပ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment