Skip to main content

လယ်တော လယ်တဲ လယ်ထဲ လယ်စောင့်တဲ ယာတောသူ တောင်ယာ

လယ်တော လယ်တဲ လယ်ထဲ ဘယ်ဟာအမှန်လည်းဆရာ

လယ်တောမှာ လယ်တဲရှိ၏။ 

လယ်ထဲမှာ ရေရှိ၏။

လယ်တော =  လယ်ကွင်းများ ရှိရာ အရပ်ဒေသ သို့မဟုတ် ပတ်ဝန်းကျင် တခုလုံးကို ခြုံငုံခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဆရာကြီး မင်းသုဝဏ်၏ ကဗျာအစစ်တွင် "လယ်တောက ပြန်" ဟု သုံးနှုန်းသကဲ့သို့ ဒေသ သို့မဟုတ် အရပ်ရပ်ကို ရည်ညွှန်းပါသည်။

လယ်တဲ = လယ်တော၊ လယ်ကွင်းထဲတွင် နားနေရန် သို့မဟုတ် ကောက်စောင့်ရန် ဆောက်လုပ်ထားသော ယာယီအဆောက်အအုံ (တဲငယ်) ကို ဆိုလိုပါသည်။ ဆရာကြီး မိန့်ဆိုသကဲ့သို့ “လယ်တောမှာ လယ်တဲရှိ၏” ဟူသော အသုံးသည် အလွန်မှန်ကန်ပါသည်။

လယ်ထဲ = လယ်ကွင်း၏ အတွင်းပိုင်း သို့မဟုတ် လယ်ကွက်များ၏ အထဲကို တိုက်ရိုက်ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဆရာကြီး မိန့်ဆိုသကဲ့သို့ “လယ်ထဲမှာ ရေရှိ၏” သို့မဟုတ် လယ်ထဲမှာ စပါးစိုက်၏၊ လယ်ထဲမှာ ငါးရှာ၏ စသဖြင့် အတွင်းပိုင်းနေရာကို ပြဆိုရာတွင် အမှန်ဆုံး ဖြစ်ပါသည်။

ယုန်ကို ဖမ်းအံ့သောငှာ လယ်တောကောက်ခင်းသို့ သွားလေလျှင်၊ ဗုဒ်ခေတ်။ ၈၇။

"လယ်စောင့်တဲ"

မိုးရေတက်ရေ တဖွေးဖွေး

ကွင်းကျယ် အဝေးဝေး။

လယ်စောင့်တဲ့လေး ခြေတံရှည်

မိုးကုပ်အောက်မှာတည်

ကြာနီတပွင့် ဖြူတပွင့်

တဲနှင့် ပနံတင့်။ (မင်းသုဝဏ်)

လယ်ထဲမှာ လယ်ပတူသွားခူးပြီး ကြော်စားမယ်။

လယ်ထဲမှာ ရေလျှံနေပြီ။

ယာတောဆိုသည်မှာ မြန်မာ့ကျေးလက်ဒေသများတွင် အဓိကလုပ်ကိုင်ကြသော စိုက်ပျိုးရေးမြေ သို့မဟုတ် သီးနှံစိုက်ခင်းများကို ရည်ညွှန်းသည်။ 

ယာတောသူ

တောင်ယာ = တောင်စောင်းကုန်းတန်းတို့တွင် ခုတ်ထွင်၍ ကောက်ပဲသီးနှံစိုက်ရာမြေ။

သစ်ပင်ခုတ်ချိုး၊ တောင်ယာထိုးလျက်၊ တောင်မိုးတောင်မြေ၊ လုပ်စားစေ၍။ မဂ်စိုး*၈၃။

တောင်ယာဝင်ချိန် 

"တို့တောင်ယာတော"

(ရေး ဦးကြင်ခဲ)

ခလောက်သံလေးတွေ..က ညံစာစာ..

ပျိုတို့မောင် တောင်ယာတော..မှာ..

ကွယ်..လွမ်းသာမောစရာလေး...

(လာဝေ့ လာဝေ့ လာဝေ့)

မြိုင်(မြိုင်း)တန်း(တန်)မှောင်ဝေလေ

ဝေ့ဝေ ဝေ့ဝေ ဝေ့ဝေ

တောင်သေလာကြော..ဖရုံ(ရုံး)နှော

ပဲခြုံနွယ်တော..သခွားပေါ

ယာပြင်တော..မှာ

တို့တောင်ယာတောမှာ

ဝေ ဝေ ဝေ ဝေ

သူငယ်ချင်းဝေ..

(ဟေး..)

လွမ်းဖွယ်တွေ..က ပေါ...

စလူရွက်မိုးလို့ကျူရိုးနဲ့ကာ

တောင်ယာတဲမှာ

တင်ပလိုင်းလေးနဲ့ဆင်သိုင်းလို့သာ

ဘာသာမြူးရှာ

တို့တောင်ယာတို့တောင်ယာ

ဩသံတွေပါ...

ခေါင်ရည်ခေါင်ရည်ဘူး..လွယ်ကာ

တောင်သေလာဦးမှာ

ခေါင်ရည်ခေါင်ရည်ဘူး..လွယ်ကာ

တောင်သေလာဦးမှာ

ကရင်တို့ဘာသာဘာသာ

ဪကရင်တို့ဘာသာဘာသာ

သောက်ခေါင်ရည်ကြူး..

မြူးပျော်ရွှင်ကာ

တဲယာမှာတဲယာမှာ

သေလာတောင်ခြေဝေ..ဝေ...

ဘူးဖရုံသခွားပဲငရုတ်ပါ

အမြဲလုပ်ကိုင်ရာ

လယ်ပြင်မှာစာခြောက်ကာ

ခေါင်ရည်ကိုသောက်မှာ

ဘူးဖရုံသခွားပဲငရုတ်ပါ

အမြဲလုပ်ကိုင်ရာ

လယ်ပြင်မှာစာခြောက်ကာ

ခေါင်ရည်ကိုသောက်မှာ

တို့ကရင်တောင်ရိုးမှာ

ဖားစည်တီးသံသာ

မလုံ့တလုံ ခြုံတပိုင်း

သင်တိုင်းကြွေရောင်ဖြာ

တို့ကရင်တောင်ရိုးမှာ

ဖားစည်တီးသံသာ

မလုံ့တလုံ ခြုံတပိုင်း

သင်တိုင်းကြွေရောင်ဖြာ

တောင်တောင်ခြေမှာ

ခေါင်ခေါင်ရည်ပါ

သောက်ကြူးဖို့ရာတို့စုဝေးလို့

ဟေ့ ဟေ့ ဟာ...

(လာဝေ့ လာဝေ့)

ဘူးဖရုံသခွားပဲငရုတ်ပါ

အမြဲလုပ်ကိုင်ရာ

လယ်ပြင်မှာစာခြောက်ကာ

ခေါင်ရည်ကိုသောက်မှာ

ဘူးဖရုံသခွားပဲငရုတ်ပါ

အမြဲလုပ်ကိုင်ရာ

လယ်ပြင်မှာစာခြောက်ကာ

ခေါင်ရည်ကိုသောက်မှာ

တို့ကရင်တောင်ရိုးမှာ

ဖားစည်တီးသံသာ

မလုံ့တလုံခြုံတပိုင်း

သင်တိုင်းကြွေရောင်ဖြာ

တို့ကရင်တောင်ရိုးမှာ

ဖားစည်တီးသံသာ

မလုံ့တလုံခြုံတပိုင်း

သင်တိုင်းကြွေရောင်ဖြာ

တောင်တောင်ခြေမှာ

ခေါင်ခေါင်ရည်ပါ

သောက်ကြူးဖို့ရာတို့စုဝေးလို့

ဟေ့ ဟေ့ ဟာ..

(လာဝေ့ လာဝေ့)

စလူရွက်မိုးလို့ကျူရိုးနဲ့ကာ

တောင်ယာတဲမှာ

တင်ပလိုင်းလေးနဲ့ဆင်သိုင်းလို့သာ

ဘာသာမြူးရှာ

တို့တောင်ယာ တို့တောင်ယာ

ဩသံတွေ..ပါ...

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ