မက်ဆေ့ချ် တခု = ကွန်မန့် တခု / ကွန်မန့် တစ်ခု ဘယ်ဟာအမှန်လဲဗျ
ခဏခဏ (ခဏခဏ) လာတဲ့ကွန်မင့်တခုဖြစ်ပါတယ်။
ကျွန်တော်က အစကတည်းက ကွန်မင့် လို့ရေးတယ်။
တချို့က မန့်။ မန့်မှာကြည့်ပါဆိုတဲ့ လိင်အကြောင်းဗီဒီယိုကြောင့် လူတကာက မန့်နေကြတယ်။ (ကန်တော့)
မွေးစားစာလုံးတိုင်းဟာ မူရင်းအင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ ဟင်ဒီ၊ တရုပ်၊ ထိုင်း စတဲ့ဘာစာစကာအတိုင်း အတိအကျရတာ ရှားတယ်။
အစဉ်အလာအရ အသားကျနေတာတွေလည်း ရှိတယ်။
ဥပမာ
ကား၊ ဒါရိုက်တာ၊ အကယ်ဒမီ၊ ဇွန်လ၊ ပန်ကာ။
တယောက်တမျိုးတွေက များတယ်။
ကွန်ပြူတာ၊ ကွန်ပျူတာ ဖေ့စ်ဘွတ်၊ ဖေ့ဘွတ်၊ ဖဘ၊ ဖေ့ဘုတ်၊
ကင်ဆာ၊ ကစ်စာ၊ တီဘီ၊ တီဗီ၊ တီဗွီ၊
ဆူနာမီ၊ စူနာမီ။
ဆူပါ၊ စူပါ၊
စထောဘယ်ရီ၊ စတောဘယ်ရီ၊
လူတိုင်းက အင်္ဂလိပ်။ ယုဒသန်က အင်္ဂလိတ်။
Gemini
သုံးသပ်ချက်နှင့် အကြံပြုချက်မွေးစားစာလုံးများကို သတ်ပုံညှိနှိုင်းရာတွင် အခြေခံအားဖြင့် ယူဆချက် (၃) မျိုး ရှိနိုင်ပါသည် -အမျိုးအစားသဘောသဘာဝဥပမာစံပြုအသုံး (Formal/Standard)မူရင်းဘာသာစကား၏ အသံကို အခြေခံ၍ မြန်မာစာအဖွဲ့ သို့မဟုတ် ပညာရှင်များက စနစ်တကျ ပြဋ္ဌာန်းထားသော စာလုံးပေါင်း။ကွန်မင့်၊ ကွန်ပျူတာ၊ ကင်ဆာအများသုံးအဆင့် (Colloquial/Accepted)မူရင်းနှင့် အနည်းငယ် ကွဲလွဲသော်လည်း လူထုကြား အဆင်ပြေ အသားကျနေသော အသုံး။ဆူပါ၊ စတော်ဘယ်ရီ၊ ဖေ့စ်ဘွတ်ဗေဒမဲ့အသုံး (Slang/Substandard)အင်တာနက်ပေါ်တွင် စည်းကမ်းမဲ့ အလွယ်တကူ သုံးစွဲရာမှ ခေတ်စားလာသော စကားလုံး။မန့်၊ ဖဘ
နိဂုံးချုပ်အားဖြင့် -
စနစ်တကျ သုံးစွဲခဲ့တဲ့ "ကွန်မင့်" ဆိုတဲ့ ရေးထုံးကသာ မူရင်းအင်္ဂလိပ်အသံထွက်ကိုလည်း မှန်ကန်စွာ ကိုယ်စားပြုပြီး စာပေအင်္ဂါရပ်နဲ့လည်း ညီညွတ်တဲ့ စံပြအသုံးအနှုန်း ဖြစ်ပါတယ်။အင်တာနက်ပေါ်က အလွယ်သုံး "မန့်" ဆိုတဲ့ စကားလုံးကတော့ အချိန်ကာလတခုအထိ လူသုံးများနေနိုင်ပေမယ့် စာပေကျမ်းဂန်နဲ့ ဆောင်းပါးစာပေများမှာတော့ ထည့်သွင်း အသိအမှတ်ပြုစရာ မလိုတဲ့ ခေတ်ပေါ်အရပ်သုံးစကား (Slang) မျှသာ ဖြစ်ပါကြောင်း လေးစားစွာဖြင့် နှီးနှောဖလှယ် ဖြေကြားအပ်ပါသည်။
အချုပ်
စာလုံးပေါင်းသတ်ပုံစာတွေမှာ အကိုးအကားတွေ၊ အထောက်အထားတွေ၊ သက်သေခံတွေ တင်ပြတင်ပြ မရတဲ့သူတွေက များလွန်လှတယ်။
မှန်အောင် ပြန်ပြင်စွမ်းအားနည်းကြတယ်။
အမိန့်နဲ့ဆိုရင်တော့ ဤ ကို ကျွဲ၊ ကျွဲကို ဤ ရတယ်။
အဲဒါကြောင့် လူကြီးမင်းတို့သဘောသာဖြစ်ပါကြောင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment