(စာမျက်နှာ ၆၇)
စသော သဘာဝနရီများကြောင့် ကာလမှာ အဓိပ္ပါယ် ပေါ်လာသည်။ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း၊ မျှော်လင့်ခြင်းပြည့်ဝ၍ ကျေနပ်ခြင်းစသောနရီများကြောင့် ကာလမှာ အဓိပ္ပါယ်ပေါ်လာသည်။
ကဗျာတွင်လည်း နရီရှိသည်။ ကဗျာနရီသည် ရုပ်ဝတ္ထုဆိုင်ရာ အမူအရာတို့ကို တုပနိုင်သည်။ မိုးသံ လေသံ စက်ခုတ်သံ တို့ကို တုပနိုင်သည်။ တုပပေးခြင်းဖြင့်လည်း ထိုအသံတို့၏ နရီကို ကျွန်ုပ်တို့ ခံစားစေသည်။ ဤတွင် မြည်သံစွဲ စကားလုံးများကို ဦးတည် ပြောဆိုနေခြင်း မဟုတ်ပါ။ နရီကို ပြောဆိုနေခြင်း ဖြစ်သည်။
ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေ၊ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာလှိုင်းအကြွ၊ ပေးလိုက်ပြန်ရ။
အထက်ကောက်နှုတ်ချက်တွင် ဆရာဇော်ဂျီသည် မြည်သံစွဲ ပြုလုပ်နေခြင်းမဟုတ်ပါ။ မြုပ်ချည် ပေါ်ချည်အဖြစ်ကို သရုပ်ဖော်နေခြင်းဖြစ်သည်။ မြုပ်ချည်ပေါ်ချည် အမူအရာကို နရီဖြင့် ဖော်နေခြင်းဖြစ်သည်။
ကမ်းချောင်းဆိပ်မှာ ထိုးဝါးဝယ်သည်
တကယ်စုန်ဖြစ်တော့မလားတော်။
ကျေးဇူး။
မှတ်ရန်များ
၁။ မြဇင် ရေးသားတဲ့ ကဗျာ့ နရီ နှင့် နိမိတ်ပုံ (၁၉၇၃ ခု၊ နိုဝင်ဘာ) စာအုပ်ထဲက ဖြစ်ပါတယ်။
၂။ ကဗျာအရေးဖြစ်လို့ ဆောင့်ခဲ့လဲ လို့ရေးထာပါသည်။ ရိုးရိုးစာအရေးအသားကတော့ ဆောင့်ခဲလည်း (ဆောင်ခဲ့ပေမဲ့လည်း) ဖြစ်ပါသည်။
၃။ နောက်တချီ မှာ စမသတ်ပါ။
၄။ ဒီတလုံး မှာလည်း စမသတ်ပါ။
၅။ တလံကွာ မှာလည်း စမသတ်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment