Skip to main content

ရှေးစာ, ကျမ်းသုံး `ပဲ' နှင့် အရပ်သုံး `ဘဲ'


-> `ဘဲ' ၏မူလသည် `ပဲ' ဖြစ်သည်။

(ကျမ်းသုံး) (အရပ်သုံး)
မရှိပါပဲလျက် -> မရှိပါဘဲလျက်
သို့သော်လည်း -> သို့သော်လဲ
လျစ်လျူ -> လစ်လျူ
(မဟာစည်ဆရာတော်ဘုရားကြီး- ဝိပဿနာရှုနည်းကျမ်း ပ-တွဲ။ ပုံ-၁။)
ပဲ - (ပစ္စည်း)/ ပဲ / -
၁။ မူ၍ (တားမြစ်စကားနှင့်တွဲ၍ မသွားပဲ၊ မလာပဲ စသည် သုံးလေ့ရှိသည်။)
၂။ ဆိုလိုရာနာမ် သို့မဟုတ် နာမ်စားပုဒ်ကို အခြားနာမ် သို့မဟုတ် နာမ်စားပုဒ်မှ ခွဲခြား၍ အထူးသေချာ သီးသန့်ထင်ရှားအောင် ဖော်ပြရာ၌ နှုတ်ပြောအားဖြင့်သုံးသည့် စကားလုံး။
၃။ ဆိုလိုရာ အပိုင်းအခြားကို ကန့်သတ် သတ်မှတ် ဖော်ပြရာ၌ နှုတ်ပြောအားဖြင့်သုံးသည့် စကားလုံး။
၄။ သီးခြားကြိယာ သဘောဖြင့် ဖြစ်သည်ဟူသော အနက်၌ ဖြစ်ကြိယာကို မြှုပ်ချန်၍ သုံးသောစကားလုံး။
ဘဲ - ပစ္စည်း / ဗဲ / ပဲ- စည်း ရှု။
(မြန်မာအဘိဓာန် အကျဉ်းချုပ်)
#ရှေးစာကဗျာများ ကျေးဇူး။
သတ်ပုံနှင့် ကျမ်းသုံးစကား။ ။ အချို့အနည်းငယ်သော အရာ၌ ရှေးရိုးသတ်ပုံသို့မလိုက်ဘဲ အသံမှန်သို့လိုက်၍ ရေးအံ့၊ ပုံကား—မရှိပါပဲလျက်, သို့သော်လည်း, လျစ်လျူ—ဤသို့စသော အရာတို့၌ မရှိပါဘဲလျက်, သို့သော်လဲ, လစ်လျူ—ဤသို့စသည်ဖြင့် ရေးအံ့။ ကျမ်းဂန်သုံးစကားသို့ မလိုက်မူ၍ ထင်ရှားသိလွယ်စေရန် အရပ်သုံးစကားသို့လဲလိုက်၍ ရေးအံ့။ ဤသို့ရေးသားချက်များသည် အထူးအားဖြင့် အခဏ်း (၅) ၌ များစွာပါဝင်လတံ့။ မြတ်စွာဘုရားသည် တရားတော်ကို ထိုစဉ်အခါက ကျမ်းသုံးစကားဖြစ်သော သက္ကတဘာသာဖြင့် မဟောခဲ့ချေ၊ တောရွာသူကလေးများအထိ အများပင် နားလည်၍ သုံးစွဲ ပြောဆိုနေသော မာဂဓဘာသာဖြင့်သာ ဟောတော်မူခဲ့ပေသည်။ သို့ဖြစ်၍ ဤအရပ်သုံးစကားကိုလဲ အလေးပြုသင့်သည်သာတည်း၊ ဆန်းသည်, သေးနုပ်သည်ဟူ၍ကား မအောက်မေ့သင့်ပေ။
“မ နောက် ဘဲ လိုက်” ဆိုတဲ့ပုံသေနည်း မမှန်ပါ။
ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲ (ဇော်ဂျီ)
သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင် (တက္ကသိုလ်ဘုန်းနိုင်)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ