Skip to main content

တခွန်းတပါဒနဲ့ မရနိုင်ပါ

၁။ ဆရာခင်ဗျာ "တ"အသုံးအနှုန်းနဲ့ "တစ်"အသုံးအနှုန်း ဝေါဟာ​ရတွေ  ရှင်းပြပေးနိုင်မလားခင်ဗျ။

ဟာ ...

စာပုဒ်ရေ ထောင်ဂဏန်းတင်ပြထားတယ်။ အဖြေစာလေးတခုတည်းနဲ့တော့ ဆင့်ပါးစပ် နှမ်းပက်သာဖြစ်လိမ့်မယ်။

စာတွေအားလုံးကို Blog မှာ တင်ထားတယ်။

သိချင်တာရှာရလည်း လွယ်ကူတယ်။

တ တစ်

ဖြစ် ဖစ်

မှာ မာ

က ရ

ဖတ် ဖက်

တတ် တက်

ပတ်သက်

လဲ လည်း

မဲ မယ့်

တစ် အသုံးမှန်များ

တ အသုံးမှန်အချို့

အများကြီး။

၂။ ဘယ် နှ နှစ်လည်း နဲ့ ဘယ်နှစ် နှစ်လည်း  မှန်တဲ့ဟာပြောပေးပါ ဆရာ

နှ နဲ့ နှစ် ကိုလည်း အခါ ၂၀ လောက်တော့ရှိပြီ။

Blog မှာ နှနဲ့ နှစ် လို့ရိုက်ရှာရင်း တွေ့ပါမယ်။

တို့စာ တို့စကား တို့တိုင်းပြည်

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။

https://burmese-spelling.blogspot.com/

ပါဒ = ကဗျာ၊ လင်္ကာတွင် အရေအတွက် သတ်မှတ်ထားသော စကားလုံးစု။

ဝစ်ရှင်နရီ မှာ တလုံးတပါဒ ကို သတ်ပုံမှန်အောင်ရေးမထားပါ။ 

ဗောင်းတော်ညိတ် စိတ်တော်သိ မင်းမြှောင်ကပ်ပါး 

မင်းဧကရာဇ်က နှုတ်မှ တခွန်းတပါဒမျှ ဖွင့်ဟ မိန့်ကြားခြင်း မပြုရသေးမီ၊ ဦးခေါင်းတော်ကို အနည်းငယ် ညိတ် လိုက်ရုံမျှဖြင့် မင်းကြီး၏ စိတ်တော်တွင် မည်သို့ ရည်ရွယ်သည်၊ မည်သည်ကို အလိုရှိသည်ကို ကြိုတင်၍ အကဲခတ် သိမြင်ခြင်းကို ဆိုလိုပါသည်။

ပါဠိ မြန်မာအဘိဓာန်

•  ပါဝေယျ-က [ပါဝေယျက] (န) - ရိက္ခာ။ (န = နာမ်ပုဒ်)

•  ပါဝေယျ-တဏှာလု (ပ) - ရိက္ခာဆန်။ (ပ = ပုလ္လင် / အဖိုလိင်)

•  ပါဝေယျ-ပရိက္ခီဏ (တိ) - ရိက္ခာကုန်ခန်းသည်။ (တိ = တိလ္လင် / ဝိသေသနပုဒ်)

•  ပါဒ [ပါဒ] ($\sqrt{\text{ပဒ်}} + \text{ဏ}$) (ပ) - ခြေ။ အပိုင်း။ လေးဘို့တဘို့။ တမတ်သောကြေးငွေ။

•  ပါဒ-က [ပါဒက] (ပ) - အခြေ။ (တိ) - အခြေပြုသော။

ပုံထဲမှာ

လေးဘို့တဘို့ ဖြစ်ပါသည်။

တမတ် ဖြစ်ပါသည်။

မြန်မာမှာလို တဏ္ဍုလ ကို စသတ်ရင်တော့ ပါဠိပါပျက်ပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ