- မရိုးက လူအမည်ဆိုရင် မတ်ရိုးလို့ အသံလေးထွက်ရမယ်။
- ဒီကောင် မရိုးဘူး မှာ မ နဲ့ ရိုး ဆက်ပြီး အသံထွက်ရမယ်။
- ရိုးမသွားတဲ့ အစားအစာကိုတော့ ရိုးသံကို လေးထွက်ရမယ်။ မသွား ကို အသံဆက်ထွက်ရမယ်။
- ရိုးမ တောင်တန်းမှာ ရိုးသံ မသံ အတူတူ။
- ဒီဟင်းက ဘယ်လောက်စားစား ရိုးမသွားဘူး။
- စားစရာ ရိုးမသွားကို မရိုးသွားလို့ ရေးတာရော ပြောတာပါ မမှန်ပါ။ လူအများက မှားရေး မှားပြောနေကြတယ်။
မရိုးပင် (Calotropis gigantea / ရုက္ခဗေဒအမည်) = ချုံယောင် ပင်ငယ်မျိုး ဖြစ်၍ အမြင့်ပေ ၁၀-၁၅ ပေထိ မြင့်၏။ ပင်စည် ရိုးတံဖြောင့် ၍ အစေးဖြူများ ရှိ၏။ အရွက် -ရွက်လွှဲ ထွက်သည်။ အရွက် အလယ်ပိုင်း ကျယ်ပြန့် ၍ အဖျားသို့ ရှူးသွားသည်။ ရွက်ရင်း နှလုံးပုံ ရှိသည်။ အပေါ် မျက်နှာပြင် ပြောင်ချော၍ အောက်မျက်နှာပြင်သည် ငွေရောင် အမွေးနု များဖြင့် ဖုံးအုပ်နေသည်။ အပွင့် - ဆွတ်ဆွတ် ဖြူ သို့မဟုတ် ပန်းရောင် ဖျော့ဖြစ်ပြီး အဆုပ်လိုက်ပွင့်၏။ ပွင့်ကိုင်း ရှည်သည်။ ပွင့်ဖတ်အုံ ထောင်မတ်သည်။ နတ်တော်၊ ပြာသိုတွင် ပွင့်သည်။ အသီး - အလျား ၃-၄ လက်မ အထိရှိ၍ ကောက်နေသည်။ အစေ့ ကျောက်ကပ်ပုံ ဖြစ်သည်။ ပြာသို တပို့တွဲတွင် သီးသည်။
မရိုးမသား
မရိုးမရွ — ကြိဝိ / မယိုးယွာ့ / စိတ်တွင် လှုပ်ရှား ခံပြင်းလျက်။ အာရုံလှုပ်ရှားလျက်။
မရန်းစေ့ရောင် — န / မယန်းဇိယောင် / အပြာရောင် အနည်းငယ် ရောစပ်ပါဝင်နေသော အနီရောင်။ မရန်းသီး၏ အစေ့အရောင်မျိုး။
မရန်းပင် — န / မယန်းဗင် / ဘဲဥပုံ အသီးလုံးငယ်များ ရာသီအလိုက် သီးသည့် ရွက်အုပ်ပင်စောက်ကြီး တမျိုး။ (အသီးစိမ်းတွင် ချဉ်၍၊ အမှည့်တွင် ထုံးခြောက်ရောင် ပါဝင်လျက် အတန်ငယ် ချိုသည်။)
မရန်းပြား — န / မယန်းဗျား / ၁။ မရန်းသီး ခွဲခြမ်း ဆားနယ် အခြောက်။ ၂။ မရန်းသီးခွဲခြမ်း အခြောက်ကို အချိုဆေးရည် သို့မဟုတ် အစပ်ဖြင့် ပြုလုပ်ထားသည့် စားဖွယ်။
မရပ်မနား — ကြိဝိ / မယတ်မနား / တဆက်တည်း အဟုန်မပျက်။ မပြတ်မလပ်စေဘဲ။ တန့်နေခြင်း မရှိပဲ။
မရွေး — ကြိ / မယွေး / မခွဲခြားပဲ။
မရွေးမုန့် — န / မယွေးမုန့် / မုန့်ဆန်းကို ပေါက်ပေါက်ဖောက်၍ ထန်းလျက် သို့မဟုတ် သကာရည်နှင့် နယ်ကာ အခဲအပျဉ် ပြုလုပ်ထားသော စားဖွယ်။ (ခေါက်ဆွဲ၊ ဆန်ကြာဆံ စသည်ဖြင့်လည်း ပြုလုပ်သည်။)
ဒေါက်တာတင့်ဆွေ မရိုးသည် ရိုးမတောင်တက်နေသည် (၂)
- မရိုး (ဒေါ်ရိုးလောက် အသက်မကြီးသေး) ရိုးမတောင်တက်နေသည်။

ဒေါက်တာတင့်ဆွေ

Comments
Post a Comment