မာလကာသီးလို့ ရေးရ။
မာရေကျောရေ – ကြိဝိ /မာယေဂျောယေ/ ဗောက်ဗာစ္စာ။
ဗောက်ဗာသောလေသံဖြင့်။
– န /မာယေဂျောယေ/ ဗောက်ဗာခြင်း။
မာလကာ – န /မာလကာ/ ပုချိန်မှည့်ချိန်တွင် အသီးအတိုင်း စားနိုင်သောအသီး သီးသည့် ချောပြောင်သော အပွေးပါး အလွှာ ကွာလေ့ရှိ၍ အသားမာဆတ်သည့် အပင်တမျိုး။ (အဖြူ၊ အနီ၊ အချဉ်နှင့် အသီးအရွယ်ပုံပန်းအလိုက် အမျိုးကွဲသည်။)
မာလကာပေါက် – န /မာလကာဗေါက်/ သင်္ဘော တုံကင်း စသည်တို့တွင် ကုန်သွင်းထုတ်ရန် ကုန်းပတ်၌ ဖောက်ထားသောအပေါက်။
မာလကျောင်ပိတ် – န /မာလဂျောင်ပိတ်/ ချည်ကြမ်းဖြင့် ပါးလွှာစွာ ရက်ထားသော အထည်တမျိုး။
ဟိန္ဒီ
မာလာ – န /မာလာ/ ပန်း၊ ပန်းကုံး။
ပါ
မာလာကျီကျူ – န /မာလာကျီကျူ/ ကံ့ကုမံ – န၊ နှင့်အတူတူ။
မာလာဗူး – န /မာလာဗူး/ အညှာအထိုင်ပတ်လည်၌ အစိမ်းရောင် ရွက်အုံနှင့် ပန်းရင့်ရောင် သို့မဟုတ် မရန်းရောင်အပွင့်ငယ် များရံလျက် မြေကပ်၍ပွင့်သည့် တို့စရာအဖြစ်စားသုံးရသော အပွင့်အဖူးတမျိုး။
မာလာသီယွန် – န /မာလာသီယွန်/ အပင်အရွက်တို့ကို ဖျက်ဆီးတတ်သော ပိုးမွှားများကို သုတ်သင်နိုင်စွမ်းသည့် ပိုးသတ်ဆေးတမျိုး။
အခြား မှတ်ရန်များ
အပင်တမျိုး
အထည်တမျိုး
မရန်းရောင်
အပွင့်အဖူးတမျိုး
ပိုးသတ်ဆေးတမျိုး
ဒေါက်တာတင့်ဆွေ

Comments
Post a Comment