Skip to main content

ငြမ်းစင် ငြမ်းဆင်





ဘုန်းကြီးကိုယ်တိုင်က သတ်ပုံမမှန်တော့ စိတ်မကောင်းစရာမို့ ပို့မိတာပါဆရာ

ငြမ်း= နာမ်

ငြမ်းစင်= နာမ်

ငြမ်းဆင်= ကြိယာ

ငြမ်းစင် (နာမ်) - အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ဘေးပတ်လည်တွင် ယာယီဆောက်လုပ်ထားသော စင်မြင့်ကို ခေါ်ခြင်း ဖြစ်သည်။ (ပုံထဲတွင်မူ „ညွမ်းစဥ်“ ဟု ဗျည်းကော သတ်ပုံပါ မှားနေပါသည်။)

ငြမ်းဆင် (ကြိယာ) - ထိုကဲ့သို့ အဆောက်အအုံ သို့မဟုတ် ဘုရားဂိုဒေါင်၊ ထီးတော်တင်ရန်အတွက် ငြမ်းများကို စနစ်တကျ ပြုလုပ် တည်ဆောက်ခြင်းကို ဆိုလိုသည်။

ငြမ်းစင်ဖြစ်အောင် ငြမ်းဆင်ရပါသည်။

ငြမ်း = ငြမ်းဆိုသည်မှာ အဆောက်အဦများ၊ တံတားများ နှင့် အခြား လူသားတို့ ဆောက်လုပ်သော အဆောက်အအုံများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် ပြုပြင်ခြင်း တို့တွင် အလုပ်သမားနှင့် ပစ္စည်းများကို ထောက်ပံ့ရန် အသုံးပြုသော ယာယီ တည်ဆောက်မှု တခု ဖြစ်သည်။

ငြမ်း

ငြမ်း ၁ – န / ညွှန်း / ၁။ မြင့်မားသော အဆောက်အအုံများကို တည်ဆောက် ရာတွင် အလုပ်သမားများ တက်ရောက် တည်ဆောက်ရန် ယာယီလုပ်ထားသောစင်မြင့်။ „ပထမဆင့်၊ မြင့်သည်မူကွဲ၊ ငြမ်းနှယ်မှတ်၍။“ ပါမိ * ၅၄။ ၂။ လင့်စင်။ ခုံမြင့်။ „သုန္ဒရီ၏ အလောင်းကို သုသာန် ငြမ်းဆောက်၍ စောင့်ရှောက်လျက် တင်ထားစေ၏။“ သံဝတ်။ ၄၃၁။ ၃။ [ဥပစာ] အမှီပြုစရာ၊ အားကိုးစရာ။ „အရည်းတို့တမ်း၊ ကျောင်းသစ်ဆောက်၊ မဂ်ငြမ်းတည်ပြု၊ ကသိုဏ်းရှုလိမ့်။“ မဃ * ၂၂၃။ ၄။ အစဉ်အလာ။ ထုံးတမ်း။ „အောက်သို့ရေစီး၊ မီးအထက်လွှမ်း၊ ဆိုသောငြမ်းသို့။“ နာပျို့ * ၁၀၉။

၅။ အထက်ကမိုး၍ မြင့်မားသောအရာ။ „နန်းလောင်းပွင့်လျှာ၊ မေ့လှည့်ရာကို၊ အာကာမြေငြမ်း၊ စိတ်ကိုစွမ်းလည်း။“ နောင်၊ ၂ * ၇ (၃)။

ငြမ်း ၂ – စည်း / ညွှန်း / ကဲ့သို့။ သဖွယ်။ „ပုထုဇဉ်ငြမ်း၊ လူ့ထုံးတမ်း၏၊ ချစ်ကျွမ်းဝင်မှု၊ တခုခုဖြင့်၊ သွင်းပြုပက္ကာ၊ သစ္စာမှန်ထား၊ ရည်းစားဟူဘိ၊ စောင့်သူယိုသား။“ မဃ * ၃၉၂။

ငြမ်းစင် – န / ညွှန်းစင် / ၁။ ငြမ်း – န၊ ၂၊ နှင့် အတူတူ။ „သုန္ဒရီပရိဗိုဇ်မ၏ အလောင်းကောင်ကို သူကောင်ပစ်ရာ သုသာန်တပြင်၌ ငြမ်းစင်ထက်သို့ တင်ထားပြီးလျှင် စောင့်ရှောက်စေ၏။“ ဓမ္မပဒ၊ စ၊ ၁၁၇။ ၂။ အဆောက်အအုံတို့အတွင်း၌ရှိသော အဆောက်အဦစု။ „လူ၏ ကိုယ်ခန္ဓာသည် အရိုးစုတို့ကို ငြမ်းစင်ကြီး ပြုလုပ်၍ ပုံသွင်းထားသော အရာဝတ္ထုကြီးသဖွယ် ဖြစ်ပေသည်။“ ပြုစု။ ၁၁။ ၃။ ငြမ်း – န၊ ၁၊ နှင့် အတူတူ။ „ကွန်တောင်ကို ဟိုဘက်သည်ဘက် ခွဲပြီး ခေါင်းပိတ်ဝါး တဖက်က ၅ ချောင်း၊ ကျန်တဖက်က ၈ ချောင်း စိုက်ကာ ငြမ်းစင် လုပ်ထားသေးသည်။“ ရှေ့သို့၊ ၄၊ ၃။ ၂၁။

ငြမ်းဆင် – ကြိ / ညွှန်းဆင် / ၁။ ငြမ်းပြုလုပ်သည်။ „ဘုရားကို ထီးတင်လိုလျှင် ငြမ်းဆင် မှ တင်နိုင်မည်။“ ၂။ [ဥပစာ] စနစ်တကျ လုပ်ကြံဖန်တီးသည်။ „အမှုမဖြစ် ဖြစ်အောင် ငြမ်းဆင် ကောင်းသည်။“

ငြမ်းထိုး – ကြိ / ညွှန်းထိုး / ငြမ်းဆင် – ကြိ၊ ၁၊ နှင့် အတူတူ။

စင် ၁ – န / စင် / ၁။ မြေမျက်နှာမှ အထက်သို့ မြင့်မြောက်၍ စိုက်ဆောက်တည်လုပ်ထားသောနေရာ။ ၂။ နံရံ စသည်တွင် ပစ္စည်းတင်စရာအဖြစ်တွယ်ကပ်ထားသောအရာ။ „ဆောင်းသီးအိမ်မ၊ လပ်ရမမြင်၊ စင်လည်းဆင်ဆင်၊ မြင့်ပြန်ထုပ်ဆီ၊ မမှီလက်လှမ်း၊ သင်းဘောကြမ်းလည်း။“ သူဇာ * ၃၁၀။ „အချိန်စေ့တော့ သူ့အခန်းထဲကထွက်ပြီး စကားပြောမဲ့ စင်ရှေ့ကို သွားတယ်။“ ထွက်။ ၆၃။ ၃။ ပွဲသဘင်ဆင်းကျင်း ကပြသော ရုပ်သေးအဖွဲ့။ ၄။ [ဥပစာ] အဖွဲ့အစည်း၊ လုပ်ငန်းဆောင်တာ စသည်။ „ပုန်းစားပုန်းကန်ပြု၍ တစင်ထောင်သည့် တောပုန်းများ။“ အားပြိုင်၊ ဒု၊ ၁၉။

စင် ၂ – ကြိ / စင် / ၁။ မလိုအပ်သောအရာ မလိုအပ်သောအကြောင်းတို့မှ ကင်းသည်။ သန့်ရှင်းသည်။ „နို့အမိမစင်သေးသည့်သူကို စစ်ထိုးမည်ဆိုသော် လာလှည့်။“ ကိပံ။ ၁၅။ ၂။ အကြွင်းအကျန် မရှိ၊ ကုန်စင်သည်။ „သိပ္ပဂုဏ်အင်၊ တတ်မျိုးစင်၍၊ နှိုင်းအင်မမျှ၊ စိုးမိုးရအံ့။“ ထမ္မ။ ၂၁။

– စည်း / စင် / စင်မြန်းခြင်း၊ စင်စစ်၊ အမှန်၊ မုချ ဟူသော ‘အနက်ကို ပြသည့် စကားလုံး။ „ဤသစ်မင်းကို၊ ချစ်ကျွမ်းမေတ္တာ၊ ဘယ်သူလာ၍၊ တန်းဆာသို့စင်၊ ဆင်ဘိသနည်း။“ ဘူလင် * ၂၂။

– န / စင် / [ဗေဒင်] ဇာတာတွင် စင်နက္ခတ်အတွက် အတိုကောက်ရေးထားသော စကားလုံး။ „မူလဇာတာ၌ စင်ဟု အတိုရေးသားခြင်းမှာ စင်နက္ခတ်မည်၏။“ ဇာတာ။ ၃၆။

စင်

ကင်းစင်

စင်ကြယ် (သန့်ရှင်းသည်)

စင်ကိုနာ (ငှက်ဖျားဆေး)

စင်စစ်

စင်တလင်းခါ (တခုမကျန်ရှင်းသည်)

စင်တိုင်

စင်တော်

စင်တော်ကောက်

စင်နက္ခတ်

စင်ပြွမ်း

စင်ပြိုင်

စင်မြင့်

စင်ယှဉ်ပြာသာဒ်

စင်ရော်ငှက်

စင်ဝင် (လုံးလုံး၊ ရှင်းရှင်း)

စင်္ကြံလျှောက်

စာအုပ်စင်

စိမ်းစင် မရှိ။ အစိမ်းစင် မရှိ။

ညိုစင် မရှိ။ အညိုစင် မရှိ။

ထမ်းစင်

နက်စင် မရှိ။ အနက်စင် မရှိ။

နီစင် မရှိ။ အနီစင် မရှိ။

ပစ္စင်ရင်တား

ပန်းရောင်းစင် မရှိ။

ပြာစင် မရှိ။ အပြာစင် မရှိ။

ဖြူစင် = စိတ်သဘောထား။

ဖြူစင်သော

ဖိနပ်စင်

ဗူးစင်

ဘုရားစင်

မစင်ကျင်ကြီး

ယက်ကန်းစင် (ရက်ကန်းစင်)

ရေချမ်းစင်

ရေစင်

ရေအိုးစင်

အညိုစင် မမှန်ပါ

အပျိုစင်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ