Skip to main content

ကျေးတမာ

ကျေးတမာ သာတဲ့လမ်း ဆီသို့

နှေးမကြာ လာခဲ့စမ်းပါကွဲ့

စာဖွဲ့ညွှန်းလိုက်ပါရဲ ဆွေသဟာ။

ကဗျာချစ် သူတို့

လာဖြစ်အောင် တကယ် လာပ

ချီသဒ္ဓါ ကြည် မနောရယ်နှင့်

သာမောဖွယ် ကဗျာ စခန်းဝေ့ပမို့

ရွှင်လန်းစွာ ဘဝင် နူးပါလိမ့်

ထူးတဲ့ မြိုင်သာ။

ကဗျာတခေတ် တခါသစ်စေဖို့

စာချစ်ဆွေ ညီနောင်အလှတွေနှင့်

တည်ထောင်ကြမယ်ပ အဓိဋ္ဌာန်က

အတိတ် မြန်မာတွေရဲ့ စေတနာမျိုး။

တမာပျို စာဆိုနန်းဆီက

လွမ်းထုံစွာ ပန်းစုံဆင့်သော်ဖြင့်

ရေ မြိုင်လျှင် ကြာနွယ် မြင့်သလိုပ

စာမြိုင်လျှင် မြန်မာမြင့်မှာမို့

ကမ္ဘာ အဆင့်မှာ သမ္မာကလဲ တင့်ပေလိမ့်

အခါဆင့် အခွင့် ကိုယ်စီဖန်လို့မို့

ကိုယ့်အားမာန် ကိုယ့်အစွမ်းတွေနှင့်

ကိုယ့်လမ်းတာ ကိုယ်သာ ဖောက်လျှင်ဖြင့်

တို့စခန်းဟာ လိုရာရောက်ပါလိမ့်

မဖောက်မသွေ ဆောက်မလေ

ကဗျာ တခေတ်ကိုလ

စာချစ် ပျော်စံ ဆွေအစုံတွေနှင့်

ပြည်သစ် တည်ရာမှာ တတပ် တအားရယ်လို့

မြတ်သားစွာ ပါဝင်တဲ့ အရေးမှာဖြင့်

ကျေးတမာ တေးစာ ရောက်တော့မယ်

သောက်ပေါ့ တမိုး။ ။

(အောင်မှိုင်း)

ကဗျာချစ်သူ ကျေးတမာ စာချစ်သူများအဖွဲ့

ကဗျာ ချစ်သူ

မြန်မာမှု မြန်မာ့ဓလေ့၌ လက်ဖက်ရည်ကြမ်းဝိုင်းသည် ကောင်းမြတ်သော အစဉ်အလာ အခင်းအကျင်းတခု ဖြစ်ပါသည်။

လက်ဖက်ရည်ကြမ်းဝိုင်းဟု ဆိုလိုက်သည်နှင့် မြန်မာ့ လူမှု အသိုက်အမြုံ၏ အလုံးစုံသော လူမှုကိစ္စတို့ကို တင်ပြဆွေးနွေးရာ၊ နှီးနှောတိုင်ပင်ရာ၊ ဝေဖန်သုံးသပ်ရာ၊ ညှိနှိုင်း ဆုံးဖြတ်ရာနေရာ တခုဟူ၍ နားလည်ကြရပါသည်။

ကျေးတမာ ကဗျာဝိုင်းသည်လည်း မြန်မာမှု မြန်မာ့ဓလေ့၏ အစဉ်အလာ တခုဖြစ်သည့် လက်ဖက်ရည်ကြမ်းဝိုင်းကဲ့သို့သော ဝိုင်းတခု ဖြစ်ပါသည်။ ခြားနားချက်ကား ကျေးတမာ ကဗျာဝိုင်း၌ ကဗျာအကြောင်း၊ စာအကြောင်းသက်သက်ကိုသာ နှီးနှောပြောဆိုကြခြင်းဖြစ်ပါသည်။

ကျေးတမာကဗျာဝိုင်းသည် ကဗျာချစ်သူ စာချစ်သူများသာ ဆုံ ဆည်းသော ဝိုင်းမျိုးဖြစ်သောကြောင့်ပင် -

စင်စစ်သော် ကျေးတမာကဗျာဝိုင်းသည် ကဗျာချစ်သူ စာချစ်သူတို့ အတွက် အိုအေစစ်ကလေး တခုပင်ဖြစ်ပါသည်။

ဤအစီအစဉ်ကလေးမစတင် အားသာလှသော ထိုကျေးတမာ ကဗျာဝိုင်းသည် ၁၉၈၃ ခုနှစ် စာဆို မိတ်ဆုံစားပွဲကလေး၌ ဖြစ်ပွားခဲ့ပါသည်။ ၁၉၈၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က တောင်ဥက္ကလာပ၊ မြင်သာရွာ၊ ကျေးတမန်လမ်းရှိ အောင်မှိုင်း၏ နေအိမ်၌ သားရှင်ပြုကို အကြောင်းပြု၍ စာဆို မိတ်ဆုံစားပွဲကလေးတခု လုပ်ဖြစ်ခဲ့ပါသည်။

အောင်မှိုင်း၏ အလှူ၌ ကဗျာဆရာ အတော်များများ ဆုံဆည်းမိကြပါသည်။ ကဗျာသမားချင်း တွေ့ကြကြုံကြတော့ တပျော်တပါးကြီး၊ ပြောကြ ဆိုကြ၊ ရင်ဖွင့်ကြ၊ ကဗျာအကြောင်း၊ စာအကြောင်း၊ မာကြောင်း၊ သာကြောင်း၊ သောင်းပြောင်းထွေလာ ရယ်စရာ မောစရာ မြူးစရာ၊ ရွှင်စရာ အကြင်နာအယူအဆ၊ သမုဒယ သံယောဇဉ် စကားကလေးတွေပါ မကျန်ခဲ့ပေ။

၁၉၈၄ ခုနှစ် နောက်တနွေ ရောက်တော့လည်း အောင်မှိုင်း၏ အိမ်မှာပဲ စာဆို မိတ်ဆုံစားပွဲကလေး လုပ်ဖြစ် သွားပြန်ပါသည်။ ဆွမ်းကျွေးဒါနကို အကြောင်းပြု၍ --၁၉၈၄ ခုနှစ် မိတ်ဆုံစားပွဲ အပြီးမှာ တော့ ကဗျာချစ်သူများအတွက် ကဗျာဆိုင်ရာစာအုပ်အချို့ စုစည်းတယုတယ စီစဉ်တင်ဆက်ဖို့ အောင်မှိုင်း သန္နိဋ္ဌာန်ချလိုက်မိပါသည်။

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ