ဆရာရှင့် မလွမ်းဘယ်သူ နေတတ်မည် ကဗျာလေးရှင်းပြပေးလို့ရလားရှင့်။"မလွမ်းဘယ်သူ နေတတ်မည်"
နန်းမြေအောင်ချာ၊ ထွတ်ထိပ်သာထက်
ရတနာပူရ၊ ရွှေပြည်မ၏
ကယ်ထ မဖြောင့်၊ နောက်တောင်ထောင့်ဝယ်
စိတ်ဖြောင့်ညွတ်ကြည်၊ စော်ကဲတည်သည်
ရွှေပြည်ထွတ်ချာ၊ စွယ်လက်ျာကို
ရတနာပွင့်လှိုင်၊ မဉ္ဇူခိုင်နှင့်
ဦးတိုင်ချီမြှောက်၊ ကျွန်ုပ်လျှောက်အံ့…
ဆယ့်ခြောက်နှစ်ပြည့်၊ မြင့်၏မထင်
မွတ်မွတ်စင်သား၊ မြိတ်သွင်လွတ်စို့
ပြာသွယ်ညို့ကို၊ နတ်ကဲ့သိုပင်
နောင်မင်းထင်သား၊ ရှင်ပင်မွေတော်
ဖန်ဆင်းသော်မှ၊ တူပျော်ရအံ့
ရူတညှိုးသမ်း၊ တတမ်းတမ်းသည်
မလွမ်း ဘယ်သူ နေတတ်မည်။ ။
ရွှန်းဝေပြောင်ဝါ၊ လွှမ်းမှောင်ကွာသား
ဂီဝါရည်ရှင်၊ ပုံသွန်းဆင်သို့
လျှံတင်တောက်ရွှန်း၊ နေသို့ထွန်းသည်
လေးကျွန်းမျက်မြော်၊ စည်းခုံတော်…
မင်းကျော်တံတစ်၊ ကြိုးသောဖြစ်ကို
ရှင်ချစ်မပေ၊ မသိလေတည်း
ရဝေတောင်လေး၊ ကိုယ်ရောင်ပြေးသည်
ညိုသွေးလဲ့လဲ့၊ လေသိမ်းနွဲ့သို့
ပန်းကဲ့သို့ပင်၊ မဆင်ခင်၌
မွေရှင်လက်ျာ၊ ဖြည့်လွယ်ပါလော့
ကလျာနောင့်သည်း၊ ဝင်းညက်ကြည်းကြောင့်
တလည်း တလွမ်း၊ ဆိုယောင်ယမ်းသည်
မတမ်း ဘယ်သူ နေတတ်မည်။ ။
ထွန်းနေရောင်ဝါ၊ ပတ်ရောင်ဖြာ၍
တိမ်ချာ မိုးထက်၊ နေလျှံတက်သို့
အဘက်လွတ်ရှောင်၊ ရွှေနန်းတောင်၏
မာရ်အောင်ပယ်ထွန်း၊ နောက်ခပ်ယွန်း၌
ထူးဆန်းမြန်ပြည်၊ စော်ကဲတည်သည်
ရွှေပြည်သူ့ပန်း၊ ထွတ်ဦးစွန်း…
ကျွန်း၏လူ့ရွာ၊ နတ်ပြည်မှာလည်း
ရှာသော်သည်ဘက်၊ ဘယ်မှာထွက်ချိမ့်
ငြိမ်သက် လဲ့လဲ့၊ နွဲ့နွဲ့ ရှိမ်းရှိမ်း
ကြောစိမ်းငယ်နု၊ ညိုရောင်စုကို
ယခု လျင်ဆော၊ ပြည့်စေသောဟု
လွမ်းမောစိုးလျက်၊ ဝိညာဉ်သက်လည်း
စဉ်ထွက်လုလု၊ ပြင်မှာစုသို့
ရှုမိမျှော်ချေ၊ ကြာသို့ခွေမျှ
မြောက်လေသုတ်ဆမ်း၊ နောင်ထူးလွမ်းသည်
မချမ်း ဘယ်သူ နေတတ်မည်။ ။ (ရှင်မဟာရဋ္ဌသာရ)
#ရှေးစာကဗျာများ ကျေးဇူး။
မင်းကျော်တံတစ်၊ ကြိုးသောဖြစ်ကို တစ် အသုံးမှန်များစာရင်းထဲ ထည့်လိုက်ဦးမည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment