Skip to main content

နတ်သျှင်နောင်ဆို ရတုများ



(ပါမောက္ခဦးချမ်းမြ)

၉၁

၂။။ မိုဃ်းတော မောင်ဘွဲ့ အလွမ်း

၁။။ ဘဝတ်လုံးလျှင်၊ မြကုံးခိုင်ပန်း၊ ဆိုင်၍ ဝန်းသို့၊ နတ်နန်းလုလင်၊ တင်ရည်းထင်နှင့်၊ ညှိစင်ရည်ထွန်း၊

--------

မှတ်ချက်။။ * ပန်းထွတ်ချာဟူသည်မှာ မည်သည်ကို ရည်၍ ဖွဲ့ဆိုဟန်တူကြောင်း စစ်စစ်သိနိုင်ရန် ခဲယဉ်းတော့သည်။ ဤရတု အခြေကို စီရင်လုကျန်ပြီးသော ပညာရှိ ပုဂ္ဂိုလ်တို့အနက် -- ရှင်ဥက္ကံ သ မာလာဆရာတော်က ပန်းထွတ်ချာဟူသည် စေတီတော်ကို ဆိုလို ကြောင်း, သံတော်ဆင့် ဦးတိုးကမူ ထီးဖြူတော်ကို ဆိုလိုကြောင်း, ဆီးမီးခုံရွာစား ဦးထွန်းကမူ စွယ်တော်စင်ကို ဆိုလိုကြောင်း, ကျန် အခြားပညာရှိ ပုဂ္ဂိုလ်တို့ကလည်း သကျမဉ္ဇူ ဘုရားကိုလည်းကောင်း၊ မြသိန္ဓာတ်ကိုလည်းကောင်း၊ ရာဇစတုက္ကလျာ မိဖုရားကိုလည်း ကောင်း ဖွဲ့ဆိုဟန် တူကြောင်းနှင့် အမျိုးမျိုး ထင်မြင်ချက် ပေးကြ သည်။၁။။ ပြည့်ဇောင်ခြိုးခြံ(ရ)  

၂။။ ဆောက်တည်တရုံး(ရ)(မ)

၉၁

လာမယွန်းလော့၁။ ဆင်ဆန်းထွေချိပ်၂။ လွမ်းဘွယ်ရိပ်က၊ ခြုးစိပ်စီစက်၊ ဝန်းယှက်ကြာညှောင်၊ လရောင်ပြက်ကာ၊ မြေ့ရာကြက်ရုံး၊ သင်ဇုံးကျုံးထက်၊ နှလုံးဝယ်ပ၊ ဗျောင်းဗျ မဲ့ ဟန်၊ ဆံထွန်ရိပ်စင်၊ ကေရှင် ပန်းရော၊ ဆီပျံ ချောသည်။။ သဘောတမ်းသာ နေတော့သည်။။

၂။။ * တသက်လုံးတွင်၊ တကုံးကိုပ၊ ပန်ရလျင်လည်း၊ ချစ်ကြင် သို့နည်း၊ များက ခေဉ်းခဲ၊ ဝမ်းနည်းစရာ၊ ဗျာပါ ပျိုးလင်၃။ မစပ်လမ်းသစ်၊ နောင်ဖြစ် သီထွေ၊ မေ့လျှော့ နေလည်း၊ ဖြေဖြေဖျည်ဖျည်၊ တော်တော့ ၏ ဟူ၊ ဆိုသူ သူက၊ လျှောက်ကူသံသာ၊ လာဆန်း လာ၍၊ မဏ္ဍာဘဲကို၊ ရွာရုပ်လို့နှင့်၊ တိမ်ညိုကဲမိုး၊ မြပွင့်ဖြိုးသည်။။ လေမျိုး လွမ်းရာ ဗွေတော့သည်။၅။

၃။။ အသက်လုံးပင်၊ မရိုး ခြယ်ယွယ်၊ နီလာ စက်သို့၊ ပန်းငှက်မည်ဟူ၊ ဗျာပါယှူနှင့်၊ မဉ္ဇူခြည်မောင်း၊ သုံးပါး နောင်းကို၊ ဆယ်ချောင်း လက်မိုး၊ အစုံ ခိုး၍၊ ယိုးယိုး မယ်မယ်၊ မယ်ဝယ်အဖြစ်၆။ အသစ်သစ်လျှင်၊ ကြင်ချစ် စောင့်ဖွဲ့၊ နှုတ်တည် မဲ့နှင့်၊ ယွင်းခဲ့ တုံတုံ၊ မယုံ သာခော၊

---------------

၁။။ လာမယွန်းလော့(မ)၄။။ သာဆန်းသာ၍(မ)

၂။။ ဆင်ဆန်းထွေချိပ်(မ)၅။။ လေမိုးလွမ်းရာဗွေ*  (ရ) မူတွင် တတိယပိုဒ်တော့သည်(ရ)(မ)ဖြစ်သည်။၆။။ မယ်ဝယ်အဖြစ်(ရ)၃။။ ဗျာပါမျိုးလင်(ရ)(မ)

၉၂  

နဝဒေးပျို့တော်စုံ ရတုများ

သူ့ သဘောကို၊ မလျော ကောင်းချေ၊ စိတ်ကို ဖြေလည်း၊ မပြေ လုံးချုပ်တို့ရ် အုပ်သည်။။ ကျွန့်ဗဟ်မမှာ ခွေတော့သည်။။

---------------

၃။။ မိုးဆိုးတော မောင်ဘွဲ့ အလွမ်း

၁။။ ဘဝတ်ကပင်၊ ယုံကျ မတတ်၊ မိုးသံးလုံး ညွတ်မျှ၊ မြဝတ်ဆံပွင့်၊ ကိုးနဝံဆင့်သို့၊ ထက်မြင့်တိမ်ဝံုန်း၊ ယုဂန်နန်းက၊ လျှပ်ပန်း လျှပ်ခြည်၊ မယ်သို့ ရည်လျှက်၊ မတည် ဗျောင်းဗျာ၊ ဝမ်းပါး ညွတ်ခွေ၊ ရှိလေစေဟု၊ သက်ဝေ ကြင်နာ၊ မိန့်လိုက်မှာသ္မိ၊ အာကာတိမ်ညို၁၊ ဝန်းရစ် သို့သည်။။ မြောင်းမိုရ် ထွေလည် ဆင်တော့သည်။။

၂။။ * အသက်မျှပင်၊ ရမတ်တည်၊ ယုံချင်ဘွယ်ကို၊ ဆိုသရွေ့ လည်း၊ မွေ့ မွေ့ညှံချောင်း၊ ညွှတ်ညွှတ် ဗျောင်းမျှ၁၊ ထောင်သောင်းမက၊ သက်နှင့်မျှ၍၊ ယွင်းခဲ့မလှည့်၊ ကြင်မောဇံူဟု၊ ဆိုသည့် ဖြစ်ကို၊ ညိုရစ် မယ် သက်၊ မေ လေရက်သော်၊ ဘဝတ်မိုးသူး၊ မတော်မူနှင့်၊ မယ် တု သူ သက်၊ နှင်းဆက် ဝေပို့၂၊ မေတ္တာ ချိုသည်။။ သူ့သို့သ္မိဗဟ် ကြင်တော့သည်။။

------------------

* (ရ) မူတွင် တတိယပိုဒ်ဖြစ်သည့်ပြင် ဒုတိယပိုဒ်နှင့်လည်း ရောထွေးထွေး ရှိလှသည်။။၁။။ မွေ့မွေ့သံညောင်း၊ညိုညံ

၂။။ မယ်သူ့သုသက်၊ နှင်းဆက်ဗျောင်းနှင့်(ရ)ဝေလှို့(ရ)

၉၃

၃။။ မရက်စချင်၊ သို့အောင် စင်ကို၊ ဝမ်းတွင် မှတ်ခွေ၊ တိမ်မြုပ်နေရှင့်၊ ထွေထွေ ခခ၊ ပျပျ သာညောင်း၁၊ ညံညံချောင်းနှင့်၊ ယုံကြောင်းမယ့် မှာ၊ သစ္စာမြွက်ဆို၊ ကျိန်မျိုးကိုလည်း၊ မြင်းမိုရ်နှင့်မျှ၊ နှိုင်းမကတည့်၊ မာဃ မလွတ်၊ နတ်လည်းမကျန်၊ မိဋ္ဌာန်ပန်ရိုး၂၊ ရိုညွတ်ကျိုးသည်။။ ကျိန်မျိုးဗွေနည် စင်တော့သည်။။

၁။။ ပျပျ သာညှောင်း(မ)

၂။။ အဓိဋ္ဌာန်ပန်ရိုး(ရ)(မ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ