Skip to main content

မုန်းထားမလို၊ ချစ်ကြည်ညို၍ လူဗိုလ်တကာ၊ ရိုသေရာသည်


တဆယ့်လေးဖြာ၊ ဆင်းတန်ဆာကား

၁။ ရာဇာဘုန်းရှိ၊ ပြည်လုံးမိကို၊
နီတိကျမ်းလျှင်၊ တန်းဆာဆင်၏။
၂။ ဂုဏ်အင်အထူး၊
ကျေးဇူးရှိသူ၊ ထိုထိုလူကို၊
မပြူ ဒေါသ၊ မာန် မထဘဲ
နှိမ့်ချခြင်းလျှင်၊ တန်းဆာဆင်၏။
၃။ ရုပ်သွင်ပျိုထွား၊ မိန်းမအားမူ
တည်ငြားစောင့်ရှောက်၊ ယွင်းမဖောက်ဘဲ
ရှက်ကြောက်ခြင်းလျှင်၊ တန်းဆာဆင်၏။
၄။ လင်နှင့်မယား၊ သူတို့အားမူ
မုန်းထား မလို၊ ချစ်ကြည်ညို၍
လူဗိုလ်တကာ၊ ရိုသေရာသည်၊
သစ္စာခိုင်ကြည်၊ တည်ကြည်ခြင်းလျှင်
တန်းဆာဆင်၏။
၅။ ဝန်းကျင်သာကျယ်၊ အိမ်မှာဝယ်ကား
သူငယ်သာလျှင်၊ တန်းဆာဆင်၏။
၆။ ကျယ်မြင်နှံ့သိ၊ ပညာရှိမူ
ကဝိပျူငှါ၊ ဆန်းဂါထာနှင့်
ကဗျာသံချို၊ ဖွဲ့ဆိုခြင်းလျှင်
တန်းဆာဆင်၏။
၇။ နှုတ်မင်္ဂလာ၊ စကားမှာကား
အသာအချို၊ သူနာလိုအောင်၊
မိန့်ဆိုခြင်းလျှင်၊ တန်းဆာဆင်၏။
၈။ သန့်စင်ကြည်ဖြူ၊ ကိုယ်ကိုမူကား
ဆံမြူခြမ်းမျှ၊ ဒေါသမသင့်၊
အကျင့်သီတင်း၊ ကောင်းခြင်းသည်လျှင်
တန်းဆာဆင်၏။
၉။ ရွယ်အင်လွန်သူ၊ မိန်းမမူကား
မူယူဆိပ်ငြိမ်၊ မွေ့သိမ်ခြင်းလျှင်
တန်းဆာဆင်၏။
၁၀။ ပျော်ရွှင်စေလို၊ နှလုံးကိုမူ
ကုသိုလ်ကောင်းမှု၊ မကောင်းမှုဟု
နှစ်ခုရောရာ၊ အာသာစုံမက်
နှစ်သက်မူးမော်၊ မွှေ့လျော်ခြင်းလျှင်
တန်းဆာဆင်၏။
၁၁။ ဂုဏ်အင်မချို့၊ ရဟန်းတို့မူ
နောက်ဘို့ရွယ်ရည်း၊ သည်းညည်းခံချုပ်
ကြည်ဖွယ်လုပ်သား၊ သာရုပ္ပလျှင်
တန်းဆာဆင်၏။
၁၂။ အားအင်ထက်မြန်၊ စွမ်းသန်သသူ
ထိုထိုလူကို၊ မယူရန်တုံ့
မလှုံ့ရန်ကြွင်း၊ သည်းခံခြင်းနှင့်
မပျင်းကျိုးကုတ်၊ အားစုတ်စုတ်တိ
တုပ်ဝပ်ခြင်းလျှင်၊ တန်းဆာဆင်၏။
၁၃။ လူတွင်အိမ်ရာ၊ ထောင်သူမှာကား
ဥစ္စာရွှေငွေ၊ ဆန်ရေစပါး
ကျွဲနွားကျေးကျွန်၊ သာမြေးကုံလုံ
ပြည့်စုံခြင်းလျှင်၊ တန်းဆာဆင်၏။
၁၄။ ကျယ်မြင်ပညာ၊ သူကောင်းမှာကား
ပါယ်ရွာကြောက်ရှက်၊ ရမက်ဆွံ့ရှား
စကား မယွင်း၊ မှန်ခြင်းသည်လျှင်
တန်းဆာဆင်သည်။
လူတွင်နိမ့်မြင့်သို့မှတင့်။ ။
သာရုပ္ပ(သရူပ+ဏျ)(တိ)လျောက်ပတ်သည်။
(န)လျောက်ပတ်ခြင်း။ တင့်တယ်ခြင်း။ (စိန္တကျော်သူ ဦးသြ)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ