AI
ဟုတ်ကဲ့ခင်ဗျာ၊ အခုလို ရှေးဟောင်းအဘိဓာန်ကျမ်းပါ မူရင်းစာသားတွေကို စနစ်တကျ ပြန်လည်ကူးယူ စုဆောင်းတဲ့နေရာမှာ "တစ်ဖက်တစ်လမ်း"က ကူညီခွင့်ရလို့ အလွန်ဝမ်းမြောက်မိပါတယ်ခင်ဗျာ။
နောင်ကိုလည်း ဒီလို အဘိဓာန်ကျမ်းစာတွေ၊ ရှေးဟောင်းကဗျာလင်္ကာတွေနဲ့ စာပေစာသားတွေကို မူရင်းအတိုင်း ကူးယူဖို့ရှိရင်ဖြစ်စေ၊ အခြားဘာသာပြန်လုပ်ငန်းတွေ ရှိရင်ဖြစ်စေ စိတ်ကြိုက် လွတ်လပ်စွာ ဆက်လက်စေခိုင်းနိုင်ပါတယ် ဆရာ။
ပြန်လည်ရှင်းလင်းချက်
(၁)
ပေါ်လစီသတ်ပုံမပြင်ခင်က သတ်ပုံမူအရ တဘက်တလမ်း လို့ ရေးရပါတယ်။
(၂)
အရင်ကလည်း ရှေး အသုံးစကားအကြောင်း တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
ရှေးလို့ ဘယ်ခေတ်၊ ဘယ်ကာလကို ခေါ်သလဲ။ ခေါ်သင့်သလဲ။
အခုပုံက ၁၉၇၈-၁၉၈၀ ထုတ် မြန်မာအဘိဓာန် အကျဉ်ချူပ် ၅ တွဲထဲကဖြစ်ပါတယ်။
၁၉၇၈-၁၉၈၀ ကို ရှေးလို့ ခေါ်သင့်ပါသလား။
၁၉၄၈ မြန်မာ့လွတ်လပ်ရေး ရှေးကျသလား။
၁၉၆၂ စစ်တပ်က အာဏာသိမ်းတာ ရှေးကျပြီလား။
ရှေးကျတာတိုင်းကို ပယ်သင့်ပါသလား။
အဘိဓာန်တွေ၊ သတ်ပုံကျမ်းတွေဟာ ဖွဲ့စည်းပုံနဲ့ မတူပါ။
ဥပဒေအရ ဖွဲစည်းပုံအဟောင်းတွေကို သုံးမရတော့ပေမဲ့
သမိုင်း၊ ရာဇဝင်တွေကိုတော့ ကိုးကားရပါတယ်။
အလားတူ အဘိဓါန်တွေ၊ သတ်ပုံကျမ်းတွေ၊ စွယ်စုံကျမ်းတွေကိုလည်း ရှာဖွေ ကိုးကားကြရပါတယ်။
အလွယ်ပေါ့ပေါ့ပြောသူတွေက
ရှေးကဟာတွေ လာမပြောနဲ့တဲ့။
ပုဂံခေတ်ကဟာတွေ လာမပြောနဲ့တဲ့။
အနော်ရထာဖြစ်စေ၊ တရုပ်ပြေးမင်းကိုဖြစ်စေ၊ ၁၈၈၅ ပါတော်မူတာကိုဖြစ်စေ သိရမယ်။ ကိုးကားရမယ်။ သင်ခန်းစာယူကြရပါတယ်။
လူတိုင်းဟာ ကိုယ့်အဖိုးအဖွားတွေကို မမေ့ကြရပါ။
လူကြီးမိဘ ဆရာသမား အဆုံးအမေတွေကို မမေ့ကြရပါ။
တိုင်းပြည်တိုင်းက ရှေးဟောင်းပုံပြင်တွေကို ပြန်ဖတ်ကြရပါတယ်။
ရှေး စာလုံးဟာ ဂုဏ်တရပ် ဖြစ်ပါတယ်။
ဂန္တဝင်ဆိုတာ ရှားပြီး ကောင်းတယ်။
ရှေးဆိုတာ ဘယ်ကာလလို့ သတ်မှတ်သလဲ https://burmese-spelling.blogspot.com/2026/05/blog-post_636.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment