ပုံနဲ့အတူ တင်ထားတဲ့စာ = တာလပေါ့ဟင်း။ ကရင်မချက်တာတော့ မဟုတ်ဘူး။ ဗမာတိုင်းရင်းသားချက်တဲ့ တာလပေါ့ဟင်း။
မှတ်ချက်
ကရင်မ စာလုံးနဲ့ ချက် စာလုံးကို ခြာရေးရင် ပိုပြီး စားကောင်းမည်။ Smile!
မနေ့က ကရင်အစစ်တယောက်ကို ဖလံတောင်ဝှေးလား၊ ဖလောင်တောင်ဝှေးလားလို့ မေးကြည့်သေးတယ်။
သူက ၂ ခါပြန်စဉ်းစားပြီးမှ ဖလံတောင်ဝှေးလို့ ဖြေပါတယ်။
အဲလိုဘဲ
အညာတောသားမဟုတ်ရင် ဆူးပုပ်ကလေးရွက်ကို မသိကြ၊ မှန်အောင် မရေးတတ်ကြ။
ပုတ် ဆိုတာ စပါးတို့ ပဲတို့ထည့်ရတာ။
ကျွန်တော်လည်း အောက်ပြည်က စားစရာတွေကို မေးမေးကြည့်ရပါတယ်။
ဘယ်အရပ်ကဖြစ်ဖြစ် အစားကောင်းဆို စားတော့ စားတတ်တယ်။
အမည်ကို မှန်အောင်ရေးမှသာ မျိုချရလွယ်ကူတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment