ပြန်စာ
ဘယ်သူတွေကို ရည်ညွှန်းပြေတာလဲ မသိပါ။
စာကိုမှန်အောင်ရေးတဲ့သူကိုလား မှားရေးသူတွေကိုလား မသိပါ။
မှားအောင်ရေးပြီး ဆရာလုပ်သူတွေများလွန်းလို့ပါ
ဟုတ်။
မှန်တယ်။
မှန်အောင် မရေးတတ်၊ မပြောတတ်၊ မသိသူတွေက ဆရာကြီး ဆရာမကြီး ဆဲလီကြီးတွေဖြစ်နေကြတဲ့ခေတ်။
သူတို့ရဲ့ နောက်တော်ပါတွေ၊ သူတို့ရဲ့ တပည့်တပန်းတွေ၊ ဖန်ဆိုသူတွေကလည်း များပါဘိ။
မှတ်ရန်
ပျက်စီးလာတဲ့ခေတ်မှာ
- ပျက်စီးအောင်လူသူအစု
- ပျက်စီးအောင်လုပ်သူတွေနား တွယ်ကပ်စားသူတစု
- ပျက်စီးနေမှန်းကို မသိသူတစုတို့ ရောနေကြတာကို ယနေ့ခေတ်မြန်မာ့လူ့သိုင်းအဝိုင်းကြီးလို့ ခေါ်ပါသည်။
- တတိယအုပ်စုက လူဦးရေအများဆုံး။
- ဒုတိယအုပ်စုနဲ့ တတိယအုပ်စုက ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ နေထိုင်လုပ်ကိုင်စားသောက်နေကြသည်။
ဝန်ကြီးဖြစ်ခြင်း အရည်အချင်း
ကျွန်တော်က ဖဆပလ၊ မဆလ ခေတ်တွေကို ကိုယ်တိုင်ဖြတ်သန်းခဲ့ပြီး နဝတ/နအဖ ခေတ်ကို ဆန့်ကျင်ရေး နှစ်ပေါင်း ၃၀ နီးပါး လုပ်ခဲ့သူ။
မဆလ ခေတ်မှာ ဥပဒေမတတ်မှသာ တရားသူကြီးခန့်တယ်။
ဆေးပညာကို နကန်းတလုံးမှ မသိသူက ကျန်းမာရေးဝန်ကြီး။
မုသား များများပြောတတ်သူက ပြန်ကြားရေးနဲ့ ပြောရေးဆိုခွင့်ရှိသူ။
"တသက်တာစာပေဆု" အမည်ကို စသတ်နဲ့ရေးတဲ့သူက မြန်မာစာဝန်ကြီး။
ဆရာဦးအောင်သင်းက "တသက်တာစာပေဆု" နောက်ဆုံးဆုရသူအဖြစ် အမှတ်တမ်းတင်ခံရပါတယ်။
ဒုတိယတန်း မြန်မာစာထဲက ပညာရှိဇီးကွက်ပုံပြင်ကို သတ်ပုံတွေပြင်သင်ပေးတာ ခံထားရသူ သန်း ၂၀ လောက်ရှိနေပြီ။ သူတို့ထဲက တယောက်ပြီးတယောက် တနေ့မှာ မြန်မာစာဝန်ကြီးတွေဖြစ်လာလိမ့်မည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment