Skip to main content

ဒီက ချစ်တာ သိရဲ့သားနဲ့သူမို့ ခွဲသွားရက်တယ်




ဒလိုအဖိုးတန်သစ်က ဘာသစ်ပါလိမ့်

Message expired

This message is no longer available.

မေးတဲ့သစ် အမျိုးအမည် ပုံ မပါ။ ဖြေမရ။

မမှတ်မိတော့ပါ

ဘာမေးမိလဲမသိတော့

မမေးတာကို ဖြေဦးမည်။

ဒလို လို့ အရေးရော အပြောမှာပါ မရှိပါ။

အရေးမှာ သည်လို၊ အပြောမှာ ဒီလို ရှိပါသည်။

သတ်ပုံကျမ်းတွေမှာ ပါလေ့မရှိတဲ့ ဒီ အသုံးများ

ဒီလို

ဒီက

ဒါ့ကြောင့်

ဒီကို

ဒီအပြောမျိုး 

ဒီလိုကဒီလို

"မေ့ဘဝခဏဘယ်သူယူပါ့မယ်" (သို့မဟုတ် မောတို့တိုင်းရဲ့ ရှမ်းတောင်တန်း) သီချင်းစာသား

တေးရေး - မောင်ဆွေနွယ်

တေးဆို - မာမာအေး

ဒီက ချစ်တာ သိရဲ့သားနဲ့သူမို့ ခွဲသွားရက်တယ် သူ့အတွက် အလွမ်းပြေပန်းတွေ တပွင့်ဆီခြွေကာ မြေမှာစုထားရရင်ကွယ်...

ခဏ ကို ခန လို့မှားရေးနေသူတွေကလည်း များတယ်။

သည်

သည်¹ – ဝိ / သီ / [သဒ္ဒါ]။ ၁။ ပြုသူကိုညွှန်သော စကားလုံး။ ၂။ ဝါကျအဆုံးသတ်ကြိယာကိုပြသော စကားလုံး။

သည်² – စည်း / သို့ / ထွက်ခွာရာပုဒ်ကို လေးနက်စေရန် သုံးသော စကားလုံး။ “(ပုဏ္ဏားသည်) တခုသော ပရိသတ်မှသည် တခုသော ပရိသတ်သို့၊ တကျောင်းမှသည် တကျောင်းသို့ လှည့်လည်၏။” ဇိန။ ၂၄၂။

သည်³ – န / သွယ် / တစုံတခုသော အလုပ်ဖြင့် အသက်မွေးသူကို ညွှန်သောစကားလုံး။ (သာဓက။ ။ ကုန်သည်၊ ဈေးသည်၊ အနှိပ်သည်။ )

သည်⁴ – နစ / သို့ / အနီးရှိ တစုံတရာကို ညွှန်သောစကားလုံး။ ဤ။ ဒီ။ “သည်လယ်ကို သည်မယ်စိုက်ပါလို့။” သာ။ ၃။

သည်လည်ညညတ်များ – နဝိ / သို့လည်ညညတ်များ / [ဥပစာ] ဆင်ခြေများသော။ ချေဆူသော။ အဆာကျယ်သော။

“သည်ယောင်္ကျားဟာ တော်တော်သည်လည်ညညတ်များတဲ့ တော်တော်ဘဲ ချေဆူတဲ့ ယောင်္ကျား။” ယဉ်ကျေးမှု၊ ၁၊ ၁၊ ၄၁။

သည့်

သည့် – စည်း / သို့ / ကြိယာကို နာမဝိသေသနပြုလုပ်ရာ၌ သုံးသော စကားလုံး။ သော။

– နစ / သို့ / သည်⁴ – နစ။ နှင့် အတူတူ။ (အသံလေးစေရန် အောက်မြစ်ထည့်၍ ရေးဖတ်ကြသည်။) “သည့်အရင် သည့်အရင်က တွေ့ခဲ့ဘူးသော သူငယ်များကို မြင်၍။” စိုး။ ၃၁။

သည့်ကလောက် – ကြိဝိ / သို့ ကလောက် / ဤမျှလောက်။ (ပမာဏကို ဖော်ပြလိုရာ၌ သုံးသည်။) “လူ့ပြည်မှာ သည့်ကလောက်ကြာအောင် နေပမလား။” ရွှေပြည်။ ပ။ ၁၇၁။

သည့်ပြင် – နဝိ / သို့ ပျင် / အခြားတပါးသော။ “သည့်ပြင်လူကို မေးပါဦး။”

– သမ် / သို့ ပျင် / အခြားကြိယာကို ဆက်စပ်လိုရာ၌ ရှေးဦးကြိယာအဆုံးတွင် ဆက်သောစကားလုံး။ “သူလာသည့်ပြင် ကူညီ၍လည်း လုပ်ပေးသည်။”

ယောက်ျားရေးတာ မှားနေပါသည်။ မြန်မာလိုစာတဲ့ လူသားတချို့လည်း ယောင်ကျား ဖြစ်အောင် ရေးနေကြတယ်။ ကွန်ပြူတာနဲ့ ဖုန်းစနစ်ကြောင့် ဖြစ်မယ်။

AI

မှန်ပါသည် ဆရာ။ အထူးသဖြင့် ကွန်ပျူတာနှင့် ဖုန်းကီးဘုတ် (ယူနီကုဒ်စနစ်) များတွင် စာရိုက်ရာ၌ အဆင်ပြေအောင် သတ်မှတ်ထားသော စာလုံးပေါင်းစနစ် သို့မဟုတ် Font စနစ်အချို့၏ ကန့်သတ်ချက်များကြောင့် “ယောင်္ကျား” ဟူ၍ အမှားများ ပိုမိုပျံ့နှံ့လာရခြင်း ဖြစ်ပါသည်။

ရှေးမူ၊ ရှေးသတ်ပုံနှင့် အဘိဓာန်အမှန်များတွင် “ယောက်ျား” (ယ + ောက် + ခ + ျ + ား) သာလျှင် အမှန်ဖြစ်ပါသည်။

ကီးဘုတ်စနစ်ကြောင့် အမှားဖြစ်ရပုံ

အမှန်ရိုက်နည်း (ယောက်ျား): ယ + ောက် + ခ + ျ + ား ဖြစ်ရပါမည်။ (ခ-ကောက်တွင် ယပင့်ဆွဲရခြင်း ဖြစ်ပါသည်။)

စနစ်ကြောင့် မှားရပုံ: ကီးဘုတ်အချို့တွင် င်္က (ငသတ် ကဆွဲ) ရိုက်သကဲ့သို့ ယ နောက်တွင် ငသတ် ခေါ် ‘ကင်းစီး’ ကို အရင်ရိုက်ပြီးမှ ကျား ဟု ရိုက်လိုက်ကြရာမှ “ယောင်္ကျား” ဆိုသည့် စာလုံးအကောက်အကောက်ကြီး ဖြစ်သွားရပါသည်။

ထို့အပြင် မြန်မာစာလုံးပေါင်းကို သေသေချာချာ သတိမထားမိဘဲ အသံထွက်အတိုင်း အလွယ်လိုက်၍ “ယောင်ကျား” ဟု ရေးသားနေကြသူများလည်း ရှိနေပါသည်။

မေ့ဘဝခဏဘယ်သူယူပါ့မယ် - မာမာအေး https://www.youtube.com/watch?v=6HEbiYg9_tw

https://www.youtube.com/watch?v=lxeHtNzuJwo

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ