ယနေ့ တမဲတိတိရရှိ။
နေမကောင်းတာ တူးရက်
ဆေး ဝမ်းပြား သောက်ထားသည်
သမီးအသက် တွမ်တီး
မက်ဆေ့ချ်တခု = ကျေးဇူးတင်ပါတယ် ဆရာရှင့် ။ မြန်မာဂဏန်းကိုပဲ အသုံးပြုရန် ကြိုးစားပါမယ်ရှင်
ပြန်စာ
1-2-3-4 နဲ့သာ စာရေးကြသူတွေကို မေးကြည့်တော့
သူတို့ ကီးဘုတ်မှာ ၁-၂-၃-၄ မပါဘူးတဲ့။
မင်္ဂလာ လို့ ရိုက်မရဘူးတဲ့။
ယောက်ျား ရေးရင် တခါတခါ ဖုန်းကနေ အလိုလို မှားအောင်ပြင်ပေးနေသည်။ ယောင်ကျားတွေ များတဲ့ခေတ်။
ဋ္ဌ လို့လည်း မရဘူးတဲ့။ နည်းတွေပေးတယ်။ မြေရှားသတ္တု ရှာရတာမှ လွယ်ဦးမယ်။
ဟုတ် မဟုတ်တော့ မသိပါ။
ဖုန်းအညံ့စား = မြန်မာစာအညံ့စား
လူပါညံ့သလား။
ခေတ်ကတော့ ညံ့တာသေချာသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment