ရင်သွေးဟူက၊ ချစ် မဝတည့်
မိဘ တံတွာ၊ သားတကာနှင့်
တရာနှစ်ကဲ၊ လည်ချင်းနွှဲလည်း
ရောင့်ရဲ မထင်၊ စုံမက်ကြင်လျက်
ဖြုတ်ခြင်ကိုက်နာ၊ မြူရှိ မာမျှ
ရံခါ တရစ်၊ မဖြစ်စေရက်
အသက်ရှည်ကြောင်း၊ ဆုတောင်းဆုယူ
အလှူ ကောင်းမှု၊ ကိုယ်စားပြုလျက်
ဝတ်တုစံပ၊ ဆောင်ရွက် စသား
ကုံင ဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်
မကင်း ရေမိုး၊ ဥယျာဉ်ပျိုးသို့
မညှိုး မခေါင်၊ ကြီးပြင်းအောင်လျှင်
စောင်စောင်ပျပ်ပျပ်၊
ကွပ်ညှပ် ဆုံးမ၊ သင်ပြသသည်
ငယ်က လက်ဦး ဆရာတည်း။ ။
(ရှင်မဟာရဋ္ဌသာရ)
(ကိုးခန်းပျို့ ပိုဒ် ၄၅)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment