Skip to main content

ဧရာဝတီမြစ်

မြန်မာနိုင်ငံ၏ အသက် သွေးကြောကြီးသဖွယ် တည်ရှိနေသော ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ အလယ်တည့်တည့်ကို ဖြတ်၍ မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်ဟူ၍ စတင်ဖြစ်ပေါ်သည့် လွန်ခဲ့သော နှစ်ပေါင်း ၄၅ သန်းခန့်ကတည်းကပင် ယင်းသည် မြန်မာနိုင်ငံ စည်ပင်ဖွံ့ဖြိုးမှုနှင့် အထူးဆက်စပ်နေသော မြစ်ကြီး ဖြစ်လေသည်။  

ဧရာဝတီဟူသော အမည်သည် ဟိန္ဒီစကား ဣရာဝတီမှ လာ၍ "ဆင်မြစ်" ဟု အဓိပ္ပါယ်ရသည်ဟု အချို့က ယူဆကြသည်။ သို့ရာတွင် သံသကရိုက်စကား ပရမဏီ (ဧရာဝတီ) မှ ဆင်းသက်လာသော အမည်ဖြစ်သည်ဟူသော အယူအဆက ပိုမိုနီးစပ်သည်ဟု ဆိုကြသည်။ အဓိပ္ပါယ်မှာ "အားသစ်ဖြည့်သူ" သို့မဟုတ် "မြစ်" ဟု ဖြစ်သည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်နယ်ရှိ မြစ်ငါးစင်းအဝင်အပါ ရာဗီ (ရာဝီ) မြစ်၏ ရှေးအခေါ်သည်လည်း ဧရာဝတီပင် ဖြစ်သည်။  

ဧရာဝတီမြစ်သည် အရှေ့တောင်အာရှဒေသရှိ အခြားမြစ်ကြီးများနှင့်မတူဘဲ တမူထူးခြားသည်မှာ မြန်မာနိုင်ငံထဲ၌ပင် မြစ်ဖျားခံ၍ မြန်မာနိုင်ငံကိုသာ ဖြတ်စီးကာ မြန်မာ့ပင်လယ်ကမ်းခြေမှပင် ပင်လယ်ထဲသို့ စီးဝင်ခဲ့သော မြန်မာမြစ်စစ်စစ် ဖြစ်ခြင်းပင် ဖြစ်သည်။ ရှေးအခါက ဧရာဝတီ ...

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၅၊ စာမျက်နှာ ၃၆။

မှတ်ရန်များ

ဟိုအရင်ကတည်းက ဧရာဝတီလို့သာရေးပါတယ်။

အင်္ဂလိပ်စာ မြန်မာပြည်ကိုရောက်လာကတည်းက Irrawaddy လို့ ရေးတယ်။

ကိုလိုနီခေတ် ဗြိတိသျှတို့ မြန်မာနိုင်ငံသို့ ရောက်ရှိလာသောအခါ မြန်မာတို့ ခေါ်ဆိုသည့် "ဧရာဝတီ" ဟူသော အသံထွက်ကို အခြေခံ၍ အသံဖလှယ်ကာ "Irrawaddy" ဟု ကမ္ဘာသိ စာလုံးပေါင်း သတ်မှတ်ခဲ့ကြသည်။

အခုတခါ Ayeyarwady တဲ့။ အသံထွက်အနီးစပ်ဆုံးက အေးယာဝဒီ။

မြန်မာပြည်မှာ အင်္ဂလိပ်စာအရည်အသွေးနဲ့ မြန်မာစာအဆင့်အတန်းကျလာနေတယ်။

အမည်၊ ဝေါဟာရ၊ စာလုံးပေါင်း၊ သတ်ပုံဆိုတာ ဘာသာစာ၊ စကားတိုင်းမှာ ရှိပြီးသားတန်ဖိုးကို ထိန်းသိမ်းကြရတယ်။ ပိုကောင်းအေင် ခေတ်မီအောင် ပြုပြင်ရတယ်။

ပြုပြင်နည်းမတတ်တော့ ပိုပျက်တယ်။

အခုတော့ စကားလုံးတွေကို နိုင်ငံရေးလုပ်ရာကနေ စာ၊ စကား၊ အသံထွက်၊ သဒ္ဒါနဲ့ ဘာသာပြန်တွေပါ ပျက်စီးလာနေပြီ။

မဟုတ်တာကို အဟုတ်မှတ်ယူနေသူကလည်း များများလာနေသည်။

ဧရာဝတီမြစ်ကြီးရဲ့ အနာဂတ်ကလည်း မသေချာတော့ပါ။

မြန်မာစာရဲ့ အနာဂတ်ကတော့ ပိုပြီးပျက်စီးလာမှာ သေချာတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ