မှား + မမှန် + လွဲ = လူကြိုက်များ
ဆရာမဆိုသူရေးတာ အလွဲအမှားတွေသာ ဖြစ်နေကြောင်း တွေ့ရှိရ၏။
ဆရာမအလုပ်လုပ်နေသူထဲမှာ ဆရာမ လုပ်နိုင်လောက်အောင် စာမတတ်သူတွေလည်း တွေ့လာရ၏။
မြန်မာစာဆရာဟု စာမျက်နှာတွေဖွင့်ပြီး တင်နေတာတိုင်းကတော့ သတ်ပုံ အကုန်မှန်တာမဟုတ်။
ဘုရားပုံ၊ တရားအဆုံးအမတွေ တင်နေကြသူတိုင်းကိုလည်း ဘုရားအဆုံးအမ၊ တရားအဆုံးအမ တည်ကြသူတွေဟု ပြောမရ။
စာကြိုက်သူ၊ ကဗျာအရူးအမူးချစ်သူ၊ မြန်မာစာကို ရှူးရှဲအဆင့်မြတ်နိုးသူဆိုတိုင်း စာလုံးပေါင်းမှန်သူဆိုလို့ ၅-၁၀% ထက်မပို။
ဖေ့စ်ဘွတ်မှာ အပြာရောင်အလံတော်ကြီးပါတိုင်း အလံတော်မပါသူတွေထက် အဆင့်မြင့်သည်ဟု မည်သို့ပြောနိုင်ပါသနည်း။
ကျွန်တော်သည်
ဆေးပညာစာ၊ နိုင်ငံရေးစာ၊ မြန်မာစာတွေ ရေးနေသော်လည်း မည်သည့်ဘာစာရပ်မှ ပါရဂူဘွဲ့ရခြင်း မရှိ။
လူကြိုက်များနည်း သိသော်လည်း များအောင်မလုပ်။ ဘလော့သည့်အလုပ်ကို တွင်တွင်လုပ်၏။
ဆရာမဆိုသူရေးတဲ့ သတ်ပုံအမှားစာ ပါတဲ့ပုံကို မသုံးတော့ပါ။ အမှားရေးလို့ ရှက်တတ်ရင် ရှက်သွားစေနိုင်သည်။
Why People Become Blind Followers?
တစ် ဘုန်းတော်ဘွဲ့ ပြောဟောနေတဲ့ ဆရာဆိုသူတွေရဲ့ပုံကိုလည်း တယောက်ပြီးတယောက်က တင်နေကြသည်။ တပည့်တပန်း ပရိသတ်ကလည်းများသည်။
ရှက်တတ်ကြမည် မထင်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment