Skip to main content

တွင် နဲ့ မှာ

 


(ဟထိုး ပျောက်​အောင်လုပ်​နေကြသူများအတွက်)

စကားပြောဝါကျမှာဆိုရင် တွင် နဲ့ မှာ ဘယ်လိုသုံးရမလဲ ဆရာ

ပြန်စာ

တွင်

- ကြာပွင့်တွင်ပါသော အက္ခရာရှစ်ပါ။

- ဂျပန်ပြည်သည် တရုပ်ပြည်တွင် ဝင်ရောက်စွက်ဖက် တွင်ကျယ်နေခြင်းမှာ

- ညညကို တွင်တွင်ရေးရသည့်အတွက်

- တရားသာ တွင်အောင်ဟောပါ။

- ပြောစမှတ်ပြုအပ်သော စကား၏လောက၌ တွင်ကျယ်၍နေသောကြောင့်

ဖယောင်ပုံကို တွင်ဖြင့် ပွတ်ထိုး အချောကိုင်ပြီးနောက်

- လူတွင် ငါးသာအမြတ်အထွတ်

- လူတွင်ကျယ်မလုပ်ပါနှင့်

- သည်ထုံးအတိုင်းလည်း တွင် ရှိပါသည်။

- အလုပ်အကိုင်များမှာ တစုံတရာပြောစရာမရှိ တွင်ကျယ်လျက်ရှိသောကြောင့်

- အုပ်သွေးများကို ဓားငယ်နှင့်ထိုးလုတ် တွင်နှင့်စုတ်သကဲ့သို့

- ဤကျမ်းစာလျှင် ငါးထောင်ရည်ညွှန်း၊ တည်စိမ့်ထွန်းသည်၊ မောကွန်းတွင်လိမ့်မည်။

မှာ

- ကျွန်မမှာမိန်းမသား

- ကြိုင်ရှားသီတာ ရွေခပ်ရာမှာ၊ ရုပဝါထူးထွေ၊ ရွှေရွှေပုထိုး၊ ပြိုးပြိုးပြောင်ပြောင်

- ဂျပန်မှာ အလုပ်လုပ်ချင်တဲ့ မြန်မာလူမျိုးတွေအတွက်စာပါး၍ လူကိုမှာသည်

- ညနေ ငါးနာရီထိုးသည့်တိုင် စကားဝိုင်းမှာ မပြတ်သောကြောင့်

- နန်းကျောင်းအရှင်ဘူရား မှာတော်မူသည်။

- နေရာတိုင်းမှာ

- ပျို့မှာတမ်း

- ပြောမှာသာ ပြောစမ်းပါ

- ဘယ်တော့ လာမှာလဲ

- မင့်မှာ ပိုက်ဆံကျန်သေးလား

- မှာတော်ပုံ

- ရန်ကုန်မှာ မိုးရွာလား

- ရပ်ကွက်အချို့မှာ

- ရှိနေမှာပါ

- လက်ဆောင်ကိုခံ၍သူ့မှာလည်းမကူ၊ တို့မှာလည်းမကူ။ ကုလား၊ ဒု။ ၅၅။ 

- လမ်းမှာမျက်နှာချင်းဆိုင်

- လောက်မှာ သည်ကဲ့သို့သောသူများ ရှိပေသေးသည်။

- သွားအုန်းမှာလား

- သူ့ကိုဟူသောအနက်ထက် သူ့ထံမှာဟူသော အနက်ကို ထင်ရှားစေသည်။

- သူ့မှာ စာအုပ်တအုပ်ရှိသည်။

- သူဘယ်မှာလဲကွယ်

- အပြားပြားနှင့် မှာပါးမှာထူ မဟူရပဲ

- အမြင့်ဆုံးမှာ ထားချင်တယ်

- အမှာစာရထားပြီ

- အမေမှာတဲ့ ဆန်တခွဲ သုံးစိတ်နဲ့မလဲ

မှာ¹ – ကြိ / မှာ / ၁။ တစုံတဦးအား မိမိအတွက် နောင်အခါသို့မဟုတ် အခြားတပါးအရပ်၌ ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်လိုက်သည်။ တစုံတဦးအား ရောက်လာရန် သို့မဟုတ် တစုံတရာပေးပို့လိုက်ရန် စေဇော်အကြောင်းကြားသည်။ “စားပါရ်၍ လူကိုမှာသည်။” ထပ်။ ဂ၃။ “ခေါက်ဆွဲများမှာ၍ စားကြပြီးသော်။” ရူ။ ၉၊ ၉၇။ ၂။ နောင်လူတို့ သတိပြုလိုက်နာဖွယ်ရာ ညွှန်ပြထားခဲ့သည်။ “နန်းကျောင်းအရှင်ဘုရား မှာတော်မူသည်။” ဝေ။ ပ။ ၂၇။

မှာ² – ဝိ / မှာ / ၁။ နေရာပြဝိဘတ်။ တည်နေရာ သို့မဟုတ် တည်ရာဝတ္ထု၊ လက်ခံပိုင်ဆိုင်ရာပုဂ္ဂိုလ် စသည်ကို ဆက်စပ်ညွှန်ပြသော စကားလုံး။ “လောကမှာ သည်ကဲ့သို့သောသူများရှိပေသေးသည်။” ဥတ္တမ။ ၂၂။ “သူ့မှာ စာအုပ်တအုပ်ရှိသည်။” (ကတ္တားမပါပဲလည်း သုံးလေ့ရှိသည်။) “လုင်ကန်တောင်းရေး၊ မှာပြေးမှာဝန်း၊ မှာသွန်းဟန်ပြု။” သံ* ၁၆ဂ။ “အပြားပြားနှင့်၊ မှာပါးမှာထူ၊ မဟူရပဲ။” ဘုံ* ဂ၉။ ၂။ ကတ္တားဝိဘတ်။ တစုံတခုသော အပြုအမူ၊ အဖြစ်အပျက်၊ ကြိယာတမျိုးမျိုးနှင့် တစပ်တည်း ပြုမူဖြစ်ပျက်သော သဘောကို ဆက်စပ်ဖော်ပြသော စကားလုံး။ “ကြိုင်ရှားသီတာ၊ ရွှေခပ်ရာမှာ၊ ရုပ်ဝါထူးထွေ၊ ရွှေရွှေပုဆိုး၊ ပြီးပြီးပြောင်ပြောင်။” သူဇာ* ၁၉၁။ “ညနေ ငါးနာရီထိုးသည့်တိုင် စကားဝိုင်းမှာ မပြတ်သေးသဖြင့်” ရူ။ ဂ၊ ၉၅။ ၁၁၉။ ၃။ ကံဝိဘတ်။ တိုက်ရိုက်ကံသဘောထက် တဆင့်ခံကံသဘောကို ထင်ရှားစေသော ကံဝိဘတ်။ “လက်ဆောင်ကိုခံ၍ သူ့မှာလည်းမကူ၊ တို့မှာလည်းမကူ။” ကုလား၊ ဒု။ ၅၅။ (သူ့ကိုဟူသော အနက်ထက် သူ့ထံမှာဟူသော အနက်ကို ထင်ရှားစေသည်။)

မှာ³ – စည်း / မှာ / ၁။ အနာဂတ်ညွှန်းပစ္စည်း။ အနာဂတ်ကာလညွှန်း “မည်” နှင့် အပြုခံ ကံညွှန်း “ကို” တို့ကို တချက်တည်းနှင့်အပြီး ပေါင်းစပ်ရာ၌သုံးသော စကားလုံး။ “ပြောမှာသာ ပြောစမ်းပါ။” (ပြောမည့်ဟာကိုသာ ပြောစမ်းပါ ဟု၍ ဆိုလိုလျက်၊ မည်+ဟာ မှ မဟာ၊ မှာ၊ ဟူ၍ ပြောင်းလဲလာသည်။) ၂။ အနာဂတ်ညွှန်းပစ္စည်း။ အနာဂတ်ညွှန်း “မည်” အစား၊ ကြိယာနောက်တွင် ဆက်၍သုံးသော စကားလုံး။ “ဘယ်တော့ လာမှာလဲ။” “သွားအုန်းမှာလား။”

မှာထား – ကြိ / မှာထား / ၁။ တစုံတဦးအား တစုံတရာပြုမူဆောင်ရွက်ရန်၊ စာ၊ နှုတ်၊ လူကြုံ စသည် တနည်းနည်းဖြင့် ကြိုတင်ပြောကြားသိစေသည်။ ၂။ ကိုယ်တိုင်ရောက်လာရန်၊ တစုံတရာကို ပို့ဆောင်ရန်၊ တစုံတဦးကို စေလွှတ်ရန် စသည်အတွက် အကြောင်းကြားသည်။ ၃။ နောင်လူတို့ သတိပြုလိုက်နာဖွယ်ရာ ညွှန်ပြထားခဲ့သည်။

မှာ ကို မာ လို့ရေးသူတွေ၏ဖုန်းကီးဘုတ်မှာ ဟထိုးပါသဖြင့် အညံ့စားသာဖြစ်၏။ ဖုန်းသာမက မြန်မာစာလည်းညံ့ကြကုန်၏။

မှ နှင့် မှာ https://burmese-spelling.blogspot.com/2023/08/blog-post_169.html 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ