Skip to main content

မီးအိမ်တလုံး ရှိတယ်

မေးခွန်းတခု = မောင်ချောနွယ် ရဲ့ ရင်ဘက်ခြင်း ဂျက်ပင်ထိုးရအောင်ကဘယ်ကဗျာထဲ ပါတာလဲ

မသိလို့ မေးကြည့်ပါတယ်။

Gemini

"ရင်ဘက်ချင်း ဂျက်ပင်ထိုးရအောင်" ဆိုတဲ့ ကဗျာစာသားဟာ ကဗျာဆရာ မောင်ချောနွယ်ရဲ့ "မီးအိမ်တလုံးနဲ့ တောလား" ဆိုတဲ့ ကဗျာထဲက ဖြစ်ပါတယ်။

"... တစ္ဆေတွေ လိပ်ပြာခွာသွားတဲ့အထိ

မင်းနဲ့ငါ ရယ်မောကြရအောင်၊

လာ... သူငယ်ချင်း

ရင်ဘက်ချင်း ဂျက်ပင်ထိုးရအောင်၊

ငါ့ဆီမှာ

မီးအိမ်တလုံး ရှိတယ်..."

(မှတ်ချက်။ ။ ခေတ်ပြိုင်ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ မူရင်းလက်ရာတွေမှာ သတ်ပုံသတ်ညွှန်းကို ခေတ်ပြောင်းပေါ်လစီအတိုင်း မဟုတ်ဘဲ ၎င်းရဲ့ကိုယ်ပိုင်ဟန်၊ ခေတ်ဟောင်းအရေးအသားအတိုင်း "ရင်ဘက်" (ရင်ဘတ်)၊ "တလုံး" (တစ်လုံး) စသဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့တာကို တွေ့နိုင်ပါတယ်)။

ကျွန်တော် မြို့သာမှာ တိုက်နယ်ဆရာဝန် တာဝန်ကျစဉ်က မျက်မမြင် ဦးထွန်းသိန်း ရှိတယ်။

အဲဒီ ခေတ်က မဆလ။ အစစအရာရာ ရှားတယ်။ ဆေးနဲ့ ဆေးပစ္စည်း ရှားတယ်။ ဓါတ်ဆီ ရေနံဆီလည်း ရှားတယ်။ လျှပ်စစ်မီးကလည်းမရှိတော့ ရအောင်ရှာပြီး ရေနဆီမီးခွက်၊ ဓါတ်မီးနဲ့ မီးပုံး သုံးကြရတယ်။

ညအချိန် ဟိုအိမ်ဒီအိမ်ကကူးရင် လက်ထဲမှာ ရေနံဆီမီးပုံးလေးတွေဆွဲသွားရတယ်။ တချို့ကတော့ လက်နှိပ်ဓါတ်မီး။

ဦးထွန်းသိန်းကလည်း ညအခါ အိမ်လည်သွားရင် ရေနံဆီမီးပုံနဲ့။

"ဦးထွန်းသိန်း ခင်ဗျားက မျက်စီလည်းမမြင်ဘဲ ဘာလို့ ရေနံဆီမီးပုံးဆွဲသွားရတာလဲ"

"အေး ငါကတော့ ရွာထဲကလမ်းတွေအကုန် သွားတတ်တယ်။ မျက်စိမြင်တဲ့သူတွေက ငါ့ကို ဝင်တိုက်မိမှာစိုးလို့ကွ"

ပုံလိုက်ရှာတာ လိုချင်တာမတွေ့ပါ။ ရေနံဆီမီးပုံးဆိုတာ ငန်ပြာရည် ၂ ပိဿာခွဲဝင်ပုံးဟောင်းကို မျက်နှာတဖက်မှာ အပေါက်ဖေါက်ပြီး ရေနံဆီမီးခွက်ထည့်ထားရတာ။ ပုံးအထက်မှာ သွပ်နန်းကြီုးနဲ့ ကိုင်စရာပါတယ်။ မှိုင်းတွေကလည်း မည်းလို့။

ညအချိန်မှာ အရေးပေါ်လူနာကို အောက်လင်းဓါတ်မီးနဲ့ ခွဲစိတ်ကုသပေးခဲ့ရပါတယ်။  အောက်လင်းဓါတ်မီးတလုံး ၂၀၀ ကျပ်။

ကျွန်တော့်လူနာတွေ နေကောင်းကြပါစေ။

အခုခေတ်မှာ မျက်စိရှိလျက် မမြင်သူတွေက များတယ်။

ဖေ့စ်ဘွတ်မှာ ခဏခဏဝင်တိုက်ကြတယ်။

"ပညာမျက်စိ မြင်မရှိ၍"

"မှိုင်းတွေကလည်း မည်းလို့"

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ