မသိလို့ မေးကြည့်ပါတယ်။
Gemini
"ရင်ဘက်ချင်း ဂျက်ပင်ထိုးရအောင်" ဆိုတဲ့ ကဗျာစာသားဟာ ကဗျာဆရာ မောင်ချောနွယ်ရဲ့ "မီးအိမ်တလုံးနဲ့ တောလား" ဆိုတဲ့ ကဗျာထဲက ဖြစ်ပါတယ်။
"... တစ္ဆေတွေ လိပ်ပြာခွာသွားတဲ့အထိ
မင်းနဲ့ငါ ရယ်မောကြရအောင်၊
လာ... သူငယ်ချင်း
ရင်ဘက်ချင်း ဂျက်ပင်ထိုးရအောင်၊
ငါ့ဆီမှာ
မီးအိမ်တလုံး ရှိတယ်..."
(မှတ်ချက်။ ။ ခေတ်ပြိုင်ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ မူရင်းလက်ရာတွေမှာ သတ်ပုံသတ်ညွှန်းကို ခေတ်ပြောင်းပေါ်လစီအတိုင်း မဟုတ်ဘဲ ၎င်းရဲ့ကိုယ်ပိုင်ဟန်၊ ခေတ်ဟောင်းအရေးအသားအတိုင်း "ရင်ဘက်" (ရင်ဘတ်)၊ "တလုံး" (တစ်လုံး) စသဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့တာကို တွေ့နိုင်ပါတယ်)။
ကျွန်တော် မြို့သာမှာ တိုက်နယ်ဆရာဝန် တာဝန်ကျစဉ်က မျက်မမြင် ဦးထွန်းသိန်း ရှိတယ်။
အဲဒီ ခေတ်က မဆလ။ အစစအရာရာ ရှားတယ်။ ဆေးနဲ့ ဆေးပစ္စည်း ရှားတယ်။ ဓါတ်ဆီ ရေနံဆီလည်း ရှားတယ်။ လျှပ်စစ်မီးကလည်းမရှိတော့ ရအောင်ရှာပြီး ရေနဆီမီးခွက်၊ ဓါတ်မီးနဲ့ မီးပုံး သုံးကြရတယ်။
ညအချိန် ဟိုအိမ်ဒီအိမ်ကကူးရင် လက်ထဲမှာ ရေနံဆီမီးပုံးလေးတွေဆွဲသွားရတယ်။ တချို့ကတော့ လက်နှိပ်ဓါတ်မီး။
ဦးထွန်းသိန်းကလည်း ညအခါ အိမ်လည်သွားရင် ရေနံဆီမီးပုံနဲ့။
"ဦးထွန်းသိန်း ခင်ဗျားက မျက်စီလည်းမမြင်ဘဲ ဘာလို့ ရေနံဆီမီးပုံးဆွဲသွားရတာလဲ"
"အေး ငါကတော့ ရွာထဲကလမ်းတွေအကုန် သွားတတ်တယ်။ မျက်စိမြင်တဲ့သူတွေက ငါ့ကို ဝင်တိုက်မိမှာစိုးလို့ကွ"
ပုံလိုက်ရှာတာ လိုချင်တာမတွေ့ပါ။ ရေနံဆီမီးပုံးဆိုတာ ငန်ပြာရည် ၂ ပိဿာခွဲဝင်ပုံးဟောင်းကို မျက်နှာတဖက်မှာ အပေါက်ဖေါက်ပြီး ရေနံဆီမီးခွက်ထည့်ထားရတာ။ ပုံးအထက်မှာ သွပ်နန်းကြီုးနဲ့ ကိုင်စရာပါတယ်။ မှိုင်းတွေကလည်း မည်းလို့။
ညအချိန်မှာ အရေးပေါ်လူနာကို အောက်လင်းဓါတ်မီးနဲ့ ခွဲစိတ်ကုသပေးခဲ့ရပါတယ်။ အောက်လင်းဓါတ်မီးတလုံး ၂၀၀ ကျပ်။
ကျွန်တော့်လူနာတွေ နေကောင်းကြပါစေ။
အခုခေတ်မှာ မျက်စိရှိလျက် မမြင်သူတွေက များတယ်။
ဖေ့စ်ဘွတ်မှာ ခဏခဏဝင်တိုက်ကြတယ်။
"ပညာမျက်စိ မြင်မရှိ၍"
"မှိုင်းတွေကလည်း မည်းလို့"
ဒေါက်တာတင့်ဆွေ

Comments
Post a Comment